သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဝေးရောက် တိဘက်တွေရဲ့ မဲပေးပွဲ


နိုင်ငံပြည်ပရောက် တိဘက်လူမျိုးတွေ မဲပေးနေစဉ်
နိုင်ငံပြည်ပရောက် တိဘက်လူမျိုးတွေ မဲပေးနေစဉ်

တရုတ်အစိုးရ အုပ်ချုပ်မှုအောက်က တိဘက်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ကြိုးပမ်း လှုပ်ရှားမှုကို ဦးဆောင်မှုပေးမယ့် နိုင်ငံရေးခေါင်းဆောင်ကို ရွေးချယ်ဖို့ အိန္ဒိယနဲ့ တခြားနိုင်ငံတွေမှာ ရောက်နေကြတဲ့ ထောင်ပေါင်းများစွာသော တိဘက်လူမျိုးတွေ တနင်္ဂနွေနေ့က မဲပေးခဲ့ကြပါတယ်။

တိဘက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားက တရုတ်အစိုးရက အသိအမှတ်မပြုတဲ့ နိုင်ငံရေးအာဏာကို ၂၀၁၁ ခုနှစ်မှာ လွဲပြောင်းပေးလိုက်ပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲ ကျင်းပခြင်း ဖြစ်သလို ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ ကျန်းမာရေးအခြေအနေအပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်နေတဲ့အချိန်မှာ ကျင်းပတာလည်း ဖြစ်ပါတယ်။

ကမ္ဘာတဝှမ်း မဲပေးခွင့်ရှိသူ တိဘက်လူမျိုး ၉ သောင်းလောက်ရှိပေမယ့် အများစုက အဝေးရောက် တိဘက်အစိုးရ ရုံးစိုက်ရာ အိန္ဒိယနိုင်ငံ မြောက်ပိုင်း Dharamsala မြို့ကို အာရုံစိုက်နေကြပါတယ်။ ဝန်ကြီးချုပ် ရာထူးအတွက် အဓိကယှဉ်ပြိုင်နေကြတဲ့ ပုဂ္ဂိုလ် ၂ ဦးဖြစ်တဲ့ လက်ရှိဝန်ကြီးချုပ် Lobsang Sangay နဲ့ Penpa Tsering တို့ ၂ ဦးကို မဲပေးဖို့အတွက် သင်္ကန်းဝတ်ထားကြတဲ့ ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေ အပါအဝင် မဲပေးကြမယ့် တိဘက်လူမျိုးတွေဟာ သာယာလှပတဲ့ Himalaya ပြည်နယ်အတွင်းက Dharamsala မြို့မှာရှိတဲ့ မဲရုံတွေ အပြင်မှာ တန်းစီ စောင့်ဆိုင်းနေခဲ့ကြပါတယ်။

ကိုယ်စားလှယ်လောင်း ၂ ဦးစလုံးက ဘုန်းတော်ကြီး ဒလိုင်းလားမား ကျင့်သုံးသွားတဲ့ အလယ်အလတ် လမ်းစဉ် ဖြစ်တဲ့ တိဘက်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် တရုတ်အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးရေး လမ်းစဉ်ကို ကျင့်သုံးသွားမယ်လို့ ပြောထားပါတယ်။

XS
SM
MD
LG