သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

The Masters ဂေါက်သီးရိုက်ပြိုင်ပွဲ Tiger Woods ချန်ပီယံပြန်ဖြစ်


The Masters ဂေါက်သီးရိုက်ပြိုင်ပွဲ Tiger Woods ချန်ပီယံ
The Masters ဂေါက်သီးရိုက်ပြိုင်ပွဲ Tiger Woods ချန်ပီယံ

အမေရိကန်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ The Masters ဂေါက်သီးပြိုင်ပွဲမှာတော့ အမေရိကန်က နာမည်ကြီး Tiger Woods က အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။ Georgia ပြည်နယ် Augusta မှာ ကျင်းပတဲ့ ၂၀၁၉ မာစတာ ဂေါက်သီးပြိုင်ပွဲကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ကနေ တနင်္ဂနွေနေ့ အထိကစားခဲ့ကြပြီး Tiger Woods က သတ်မှတ်ရိုက်ချက်ထက် ၁၃ ချက် လျှော့ရိုက်ပြီး ဒုတိယနေရာက Dustin Johnson, Brooks Koepka နဲ့ Xander Schauffele တို့ထက် ၁ ချက်အသာနဲ့ ဗိုလ်စွဲသွားခဲ့တာဖြစ်ပါတယ်။ ဒါဟာ Tiger Woods အတွက်တော့ The Masters ချန်ပီယံဆုကို ၅ ကြိမ် မြောက် ဆွတ်ခူးသွားခဲ့တာဖြစ်ပြီး ၊ သူ့ရဲ့ ၁၅ ခု မြောက် မေဂျာချန်ပီယံဆုဖလားဖြစ်ပါတယ်။

သူနောက်ဆုံးအကြိမ် မေဂျာဆုဖလားရခဲ့တာ ၂၀၀၈ ခုနှစ်က ဖြစ်ပြီး အခုဒီပြိုင်ပွဲကို အနိုင်ရလိုက်တဲ့အတွက် Tiger Woods ဟာ မေဂျာဆုဖလားတွေ နဲ့ ၁၁ နှစ် ကြာ လွဲနေတာကို အဆုံးသတ်နိုင်လိုက်ပါတယ်။ Tiger Woods ဟာ အမေရိကန်က Jack Nicklaus နောက်ပိုင်း မာစတာပြိုင်ပွဲကို အနိုင်ရသူတွေထဲမှာ အသက်အကြီးဆုံးဖြစ်ပါတယ်။ Jack Nicklaus ကလည်း Tiger Woods အနိုင်ရသွားတဲ့အတွက် သူ့အနေနဲ့ ဝမ်းမြောက် ဂုဏ်ယူတယ်လို့ တွစ်တာကနေ ပြောကြားလိုက်ပြီး၊ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း ဂုဏ်ယူတယ်လို့ တွစ်တာမှာ ရေးထားပါတယ်။

Tiger Woods ဟာ ၂၀၀၈ ခုနှစ်ကစတင်ပြီ ဒဏ်ရာ ပြဿနာတွေကြောင့် ခွဲစိတ်မှုတွေ အကြိမ်ကြိမ်လုပ်ခဲ့ရသလို၊ လူမှုရေးပြဿနာတွေကြောင့်လည်း သူရဲ့ ဇနီး နဲ့ ကွာရှင်းပြတ်စဲခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းကစပြီး Tiger Woods ဟာ ဆုဖလားတွေ လွှဲချော်နေခဲ့ပြီး၊ အခုမှ ပြန်ပြီး မေဂျာဆုဖလားကို ပြန်ရတာဖြစ်ပါတယ်။

XS
SM
MD
LG