သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TikTok ကို ဖိအားပေးမယ့် ဥပဒေကြမ်း ကန်အထက်လွှတ်တော် အတည်ပြု


Tik Tok သုံးစွဲမှုနဲ့ပတ်သတ်တဲ့ ဆန္ဒထုတ်ဖော်မှုတခု (မတ် ၁၂၊ ၂၀၂၄)
Tik Tok သုံးစွဲမှုနဲ့ပတ်သတ်တဲ့ ဆန္ဒထုတ်ဖော်မှုတခု (မတ် ၁၂၊ ၂၀၂၄)

လူကြိုက်များတဲ့ ဆိုရှယ်မီဒီယာအက်ပ်တခုဖြစ်တဲ့ TikTok ကို မိခင်ကုမ္ပဏီဖြစ်တဲ့ တရုတ်ပိုင် ByteDance ကနေ ၉ လအတွင်း ခွဲထွက်ရင်ထွက် ဒါမှမဟုတ် အမေရိကန်ဈေးကွက်မှာ တားမြစ်မယ့် ဥပဒေကို အမေရိကန် အထက်လွှတ်တော်က အင်္ဂါနေ့နှောင်းပိုင်းမှာ မဲခွဲအတည်ပြုလိုက်ပါတယ်။

လူငယ်တွေကြားထဲမှာ ရေပန်းစားတဲ့ TikTok ဟာ အသုံးပြုတွေကတဆင့် စုံစမ်းထောက်လှမ်းမှုနဲ့ အချက်အလက်စုဆောင်းမှုတွေကို လုပ်နေတယ်လို့ အမေရိကန်ဘက်က စိုးရိမ်မှုတွေကြောင့် အမေရိကန် အောက်လွှတ်တော်က စနေနေ့က အတည်ပြုခဲ့ပြီး၊ အခုနောက်ထပ် အထက်လွှတ်တော်က အတည်ပြုခဲ့ပြီးနောက် ဥပဒေအဖြစ် အတည်ပြုနိုင်ဖို့ သမ္မတ Joe Biden က လက်မှတ်ရေးထိုးရမှာပါ။

TikTok ကုမ္ပဏီဘက်ကတော့ အမေရိကန်ဘက်က အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို တရုတ်အစိုးရထံ ဖြန့်ဝေသွားမှာ မဟုတ်ဘူးလို့ ပြောထားသလို၊ ဒီလို ပိတ်ပင်ဖို့ လုပ်တာဟာ အမေရိကန်နိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကိုချိုးဖောက်တာပဲလို့လည်း တုံ့ပြန်ထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုမ္ပဏီက ချက်ချင်းမှတ်ချက်မပေးခဲ့ပေမဲ့ သီတင်းပတ်ကုန်တွင်းမှာတော့ ကုမ္ပဏီဘက်က တရားရုံးမှာ ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG