သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အဆိုတော် Tina Turner ကွယ်လွန်


Tina Turner ဝမ်းနည်းကြောင်း အခမ်းအနားမြင်ကွင်း
Tina Turner ဝမ်းနည်းကြောင်း အခမ်းအနားမြင်ကွင်း

Switzerland နိုင်ငံ Küsnacht မြို့ကနေအိမ်မှာ ဗုဒ္ဓဟူးနေတုန်းက အသက် ၈၃ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ အမေရိကန်အဆိုတော် Tina Turner အတွက် ကမ္ဘာအရပ်ရပ်က သူ့ရဲ့ပရိတ်သတ်တွေ အောက်မေ့ ဂုဏ်ပြုနေကြပါတယ်။ Rock’n’Roll’ ဂီတဘုရင်မလို့ တင်စားပြောလောက်အောင် ကျော်ကြားခဲ့သူ Tina Turner ဟာ မျိုးဆက်တခုမှာ တဦးသာပေါ်တဲ့အရည်အချင်းရှိသူဖြစ်ပြီး အမေရိကန်ဂီတလောကကို ထာဝရပြောင်းလဲအောင်လုပ်ခဲ့သူဖြစ်တယ်လို့ အမေရိကန်သမ္မတ Joe Biden က သူ့ရဲ့ Twitter ပေါ်မှာ ရေးသား ဂုဏ်ပြုခဲ့ပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုခံခဲ့ရတာအပါအဝင် ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ကျော်ဖြတ်ပြီး နှစ်ပေါင်းများစွာအထိ အောင်မြင် ကျော်ကြားတဲ့ အဆိုဘဝရောက်အောင် သူကိုယ်တိုင် ကြိုးစားခဲ့တဲ့ သူ့ရဲ့ စိတ်ဓါတ်ဟာလည်း အတုယူစရာကောင်းလောက်အောင် ခိုင်မာတယ်လို့ သမ္မတက ချီးကျူးခဲ့ပါတယ်။ သမ္မတဟောင်း Obama၊ အထင်ကရ ရုပ်သံထုတ်လုပ်သူ Oprah Winfrey တို့သာမက Mariah Carey၊ Beyoncé၊ Elton John၊ Mick Jagger စတဲ့ ဂီတအကျော်အမော်တွေကလည်း Tina Turner ကွယ်လွန်သွားတာဟာ အင်မတန်မှ ဂီတအရည်အချင်းရှိသူတယောက်ကို ဆုံးရှုံးလိုက်ရတယ်လို့ ပြောပြီး လူမှုကွန်ရက်ပေါ်မှာ ဝမ်းနည်းကြောင်း ရေးသားခဲ့ကြပါတယ်။

FILE PHOTO: Tina Turner performs during her world tour 87 at the summer open air concert in Hamburg
FILE PHOTO: Tina Turner performs during her world tour 87 at the summer open air concert in Hamburg

Tennessee ပြည်နယ်မှာ ၁၉၃၉ မွေးဖွားခဲ့သူ Tina Turner ဟာ အစပိုင်းက သူ့ရဲ့ခင်ပွန်းဟောင်း Ike Turner အတူတွဲပြီး ၁၉၅၀ နှစ်ကုန်ပိုင်းမှာ ဂီတလောကထဲကို ဝင်ရောက်ခဲ့တာပါ။ အိမ်တွင်းအကြမ်းဖက် အနိုင်ကျင့်တဲ့ ခင်ပွန်းကို စွန့်ခွာခဲ့ပြီးနောက် ၁၉၈၀ ပြည့်နှစ်ပိုင်းမှာ Tina Turner ဆိုပြီး တကိုယ်တော် သီချင်း စတင်သီဆိုခဲ့ရာက ကမ္ဘာကျော် အဆိုတော်အထိဖြစ်လာခဲ့တာပါ။ What's Love Got to Do With It ၊ The Best ၊ James Bond ရုပ်ရှင် ဇတ်ဝင်သီချင်း Golden Eye အပါအဝင် လူသိများတဲ့ သီချင်းပေါင်းများစွာ သီဆိုခဲ့သူ Tina Turner ဟာ ဂီတလောကရဲ့ အထက်ကရ ဂရမ်မီဆုပေါင်း ၁၂ ခု ရရှိခဲ့ပါတယ်။

အမေရိကန်အဆိုတော် Tina Turner ကွယ်လွန်
please wait

No media source currently available

0:00 0:01:29 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG