==== Unicode ====
ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာအစီအစဉ်မှာ အစ္စရေးနိုင်ငံမှာ လူတွေ သောင်းနဲ့ချီ ပါဝင်တဲ့ အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေ သီတင်းပတ်တွေနဲ့ချီ ဖြစ်နေပါတယ်။ ဟောင်ကောင်မှာတော့ ကျား-မ လိင်သတ်မှတ်ချက်ကို မှတ်ပုံတင်ထဲ ဖော်ပြတဲ့အခါ ကိုယ်ပြောင်းလဲ ခံယူသတ်မှတ်ယူထားတဲ့အတိုင်း ဖော်ပြခွင့်ရသွားပါပြီ။ စစ်ဖြစ်နေတဲ့ ယူကရိန်းမှာ မိုင်းအန္တရာယ်က ဘယ်လောက်အထိ ဆိုးလာပါလဲ။ ဒီလို တပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး သတင်းတချို့ကို အေပီနဲ့ ရိုက်တာ သတင်းတွေကို ကိုးကားပြီး ဦးတင်မောင်သန်းက စုစည်းတင်ပြထားပါတယ်။