သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲနိုင်ရင် အစိုးရကို ဒေါ်စု ဦးဆောင်မည်

Myanmar Elections
1/13 Myanmar Elections
နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် ရန်ကုန် နေအိမ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲ။
Myanmar Elections
2/13 Myanmar Elections
နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် ရန်ကုန် နေအိမ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲ။
Aung San Suu Kyi
3/13 Aung San Suu Kyi
နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် ရန်ကုန် နေအိမ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲ။
Myanmar Elections
4/13 Myanmar Elections
နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် ရန်ကုန် နေအိမ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲ။
Myanmar Elections
5/13 Myanmar Elections
နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် ရန်ကုန် နေအိမ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲ။
Myanmar Elections
6/13 Myanmar Elections
နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် ရန်ကုန် နေအိမ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲ။
Myanmar Elections
7/13 Myanmar Elections
နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် ရန်ကုန် နေအိမ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲ။
Myanmar Elections
8/13 Myanmar Elections
နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် ရန်ကုန် နေအိမ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲ။
Myanmar Elections
9/13 Myanmar Elections
နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် ရန်ကုန် နေအိမ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲ။
Un puissant tremblement de terre a secoué la frontière Iran-Irak dimanche dernier, tuant plus d'une centaine de personnes et en blessant 800 dans la seule région montagneuse de l'Iran, ont déclaré les médias d'Etat, le 13 novembre 2017.
10/13 Un puissant tremblement de terre a secoué la frontière Iran-Irak dimanche dernier, tuant plus d'une centaine de personnes et en blessant 800 dans la seule région montagneuse de l'Iran, ont déclaré les médias d'Etat, le 13 novembre 2017.
နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် ရန်ကုန် နေအိမ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲ။
Myanmar's opposition leader Aung San Suu Kyi addresses the media at a press conference at her home in Yangon, Myanmar, Thursday, Nov. 5, 2015. Photo by Sithu
11/13 Myanmar's opposition leader Aung San Suu Kyi addresses the media at a press conference at her home in Yangon, Myanmar, Thursday, Nov. 5, 2015. Photo by Sithu
နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် ရန်ကုန် နေအိမ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲ။
Myanmar's opposition leader Aung San Suu Kyi addresses the media at a press conference at her home in Yangon, Myanmar, Thursday, Nov. 5, 2015. Photo by Sithu
12/13 Myanmar's opposition leader Aung San Suu Kyi addresses the media at a press conference at her home in Yangon, Myanmar, Thursday, Nov. 5, 2015. Photo by Sithu
နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် ရန်ကုန် နေအိမ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲ။
Myanmar's opposition leader Aung San Suu Kyi addresses the media at a press conference at her home in Yangon, Myanmar, Thursday, Nov. 5, 2015. Photo by Thar Nyunt Oo.
13/13 Myanmar's opposition leader Aung San Suu Kyi addresses the media at a press conference at her home in Yangon, Myanmar, Thursday, Nov. 5, 2015. Photo by Thar Nyunt Oo.
နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် ရန်ကုန် နေအိမ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲ။
Previous slide
Next slide

NLD အစိုးရဖွဲ့နိုင်ရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရအဖွဲ့ကို ဦးဆောင် ကြီးကြပ် သွားမှာဖြစ်သလို၊ ရွေးကောက်ပွဲမှာ ၁၀၀ ရာခိုင်နှုန်းနိုင်ခဲ့ ရင်တောင် ပြိုင်ဖက်တွေကို လုံး၀ အနိုင်ယူတာမျိုးမဟုတ်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး အစိုးရဖြစ်စေရမယ်လို့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြော လိုက်ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် အခြေအနေတွေ ပြဿနာရပ်တွေ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ကိုင်တွယ်ဖြေရှင်းမှု အားနည်းနေတယ် လို့ိလည်း ဝေဖန်ခဲ့ပါတယ်။ ဒီကနေ့ သူရဲ့ ရန်ကုန် နေအိမ်မှာ ပြုလုပ် တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲကို ကိုယ်တိုင် သတင်းသွားရောက်ယူခဲ့တဲ့ ကိုသားညွန့်ဦးက အသေးစိတ် ပြောပြပါလိမ့်မယ်။

အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ရွေးကောက်ပွဲ မတိုင်ခင်ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ရွေးကောက်ပွဲ မတိုင်ခင် အကြို အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်ချက်တွေကို သူတို့ အဓိကထားပြီးပြောပါတယ်။ အဲဒီမှာ ဆိုလို့ရှိရင် ရွေးကောက်ပွဲ ကော်မရှင်ကနေ ဒီကြိုတင်မဲဆန္ဒပေးမှုတွေမှာ တချို့ပြဿနာတွေနဲ့ကြုံနေရလို့ မဖြေရှင်းတဲ့ ကိစ္စတွေ၊ ဒါ့အပြင် NLD ပါတီ ကနေပြီးတော့ ရွေးကောက်ပွဲကော်မရှင်ကို တိုင်တန်းထားတဲ့ကိစ္စတွေ နဲ့ပတ်သက်ပြီးတော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဘာမှ တုန့်ပြန်ဆောင်ရွက်ပေး တာမျိုးမရှိတာ ဒီအခြေအနေပေါ်မှာ သူက ထောက်ပြပြောဆိုသွားပါတယ်။

“ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ တရပ်ဖြစ်စေဖို့ ဆောင်ရွက်မှု အားနည်းချက် အပေါ်မှာ အလွန် စိုးရိမ်မကင်းဖြစ်ရပါတယ်။ အချို့နိုင်ငံရေးပါတီတွေနဲ့ တသီးပုဂ္ဂလတွေ ဘက်ကလည်း ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုတွေအပေါ် ကျမတို့အနေနဲ့ အကြိမ်ကြိမ် တိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကော်မရှင်ဘက်က အရေးယူကိုင်တွယ်မှု အနည်းအကျဉ်းပဲ ရှိခဲ့ပါတယ်။”

သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်တွင်းခရီးစဉ် လှည့်လည်မှုနဲ့ ပါတီစည်းရုံးရေး လုပ်ဆောင်မှု ရှုပ်ထွေးနေတဲ့ အခြေအနေအပေါ်မှာတည်း NLD ဖက်က ကော်မရှင်ကို တိုင်ကြားမှု ရှိခဲ့တယ်လို့ သိရပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ မဲပေးဖို့ ရွှေ့ပြောင်းမြန်မာလူမျိုး လုပ်သားတွေ မြန်မာနိုင်ငံထဲ ပြန်လာကြရာမှာ နယ်စပ်ဂိတ်တွေမှာ အနှောက်အယှက်ပေးခံရမှု အခြေအနေတွေ ရှိတယ်ဆိုတဲ့အပေါ်မှာလည်း စိုးရိမ်မကင်းကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲ စည်းရုံးရေးနဲ့ပတ်သက်လို့ အချို့နေရာတွေမှာ ကန့်သတ်ခံရမှုတွေ၊ ခြိမ်းခြောက်ခံရမှုတွေ ရှိခဲ့ပေမဲ့ သူတို့အနေနဲ့ မဲဆွယ်စည်းရုံးမှုတွေကို မရပ်တန့်စေပဲ ဆက်လက် လုပ်ဆောင်နိုင်ခဲ့တယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ပါတယ်။

“ကိုကိုးကျွန်းကိစ္စ ဆိုရင် ဒါမဖြစ်သင့်တဲ့ကိစ္စပါ။ ကျမတို့ရဲ့ ကိုယ်စားလှယ်လောင်းတွေဟာ ၂ ပတ်ပဲ၊ မဲဆွယ်ပိုင်ခွင့်ကို ရခဲ့ပါတယ်။ အဲဒီတော့ တခြား တပ်မြေတွေထဲမှာ ဝင်ပြီးတော့ မဲဆွယ်ပိုင်ခွင့်မရှိပါဘူး။ မဲပေးတဲ့အခါ ဆိုရင်တော့ လေ့လာသူတွေ ဝင်ခွင့်ပေးမယ် လို့တော့ပြောပါတယ်။ ဒါကတော့ ရွေးကောက်ပွဲနေ့မှာမှ စောင့်ကြည့်ရမှာပါ။”

အခုလာမယ့် ရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ နိုင်ငံရေး အခြေအနေတွေနဲ့ မတူညီဘူး ဆိုတာကို ပြောခဲ့သလို၊ ရွေးကောက်ပွဲကို ကြီးကြပ်မယ့်ကော်မရှင်အတွက် အဓိက အရေးကြီးတာကတော့ ရွေးကောက်ပွဲ မသမာမှုတွေကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာဟာ စောင့်ကြည့်ရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲ အတွင်း မေးခွန်းအများစုကတော့ NLD က အစိုးရဖွဲ့နိုင်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည် ဘယ်လို ဦးဆောင်မလဲ ဆိုတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ သူ့အနေနဲ့ သမ္မတမလုပ်နိုင်ပေမယ့် NLD အစိုးရအဖွဲ့ကို ကြီးကြပ်သွားမယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က အခိုင်အမာဖြေဆိုပါတယ်။

NLD နိုင်ရင် သမ္မတ ဘယ်သူဖြစ်မလဲဆိုတဲ့ မေးခွန်းကို မဖြေပေမယ့်လို့၊ NLD က တင်မယ့် သမ္မတဟာ NLD ရဲ့မူဝါဒတွေကို လိုက်နာဆောင်ရွက်မှာဖြစ်ပြီး သူ့အနေနဲ့ အဲဒီအစိုးရအဖွဲ့ကို ကြီးကြပ်သွားမယ်လို့ ပြောပါတယ်။ ဒါပေမယ့်လို့လည်း NLD အစိုးရဲဖွဲ့နိုင်ရင်လည်း အနည်းစုကို အနိုင်ယူတာမျိုး မဖြစ်စေရဘူးလို့ အာမခံ ပြောခဲ့ပါတယ်။

“ NLD အနေနဲ့ အပြတ်အသတ် အနိုင်ရမယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်း အနိုင်ရတယ် ဆိုရင်တောင်မှ ဒါမျိုး အစဉ်အလာကောင်းတရပ် ထူထောင်မယ့် အမျိုးသားရင်ကြားစေ့ရေး အစိုးရတရပ် ဖွဲ့သွားပါမယ်။ လုံးဝအနိုင်ပိုင်း သိမ်းယူမယ် ဆိုတဲ့ အခြေအနေမျိုးမဖြစ်စေရပါဘူး။”

ရွေးကောက်ပွဲမှာ NLD အနေနဲ့ ပြိုင်ဖက် အာဏာရ ကြံ့ခိုင်ရေးပါတီနဲ့အဓိက ပြိုင်ဆိုင်တာမျိုးဖြစ်ပြီး၊ တိုင်းရင်းသားပါတီတွေကို ပြိုင်ဆိုင်မှု မလုပ်ပါဘူး လို့ ပြောပါတယ်။ ဒါပေမယ့်လည်း ကြံခိုင်ရေးပါတီယှဉ်ပြိုင်တဲ့နေရာတိုင်းမှာ ဝင်ပြိုင်တာမို့လို့ သူတို့အနေနဲ့ တိုင်းရင်းသားနေရာအားလုံးမှာ ဝင်ပြိုင်ရတဲ့ သဘောမျိုး ပြောပါတယ်။

အပြောင်းအလဲဆိုတဲ့ စကားနဲ့ပတ်သက်လို့တော့ လက်ရှိ အပြောင်းအလဲမှာ အပေါ်ယံ သဘောမျိုးပဲ တွေ့ရပြီး၊ လူထုအများစုက ဆင်းရဲမြဲ ဆင်းရဲနေတာမို့ စစ်မှန်တဲ့ အပြောင်းအလဲ လိုအပ်နေသေးတယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတကာ အထူးသဖြင့် အနောက်နိုင်ငံတွေဖက်က မြန်မာနိုင်ငံရဲ့ အပြောင်းအလဲအပေါ်မှာ အကောင်းမြင်လွန်းနေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

ဒီနေ့လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာတော့ ပြည်တွင်းပြည်ပ နိုင်ငံတကာ သတင်းထောက် ၅၀၀ ဝန်းကျင်လောက်တက်ရောက်ခဲ့ပြီး၊ သတင်းထောက်တွေရဲ့ မေးခွန်းအကြောင်းအရာ အတော်များများ ကိုလည်း ဖြေကြားသွားခဲ့ပါတယ်။

This item is part of
XS
SM
MD
LG