သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုကျို မြို့တော်ဝန်အဖြစ် အမျိုးသမီးတဦး ပထမဆုံးအကြိမ် ရွေးကောက်ခံရ


 ပထမဆုံး အမျိုးသမီး အုပ်ချုပ်ရေးမှူး Yuriko Koike နှင့် သူမ၏ ထောက်ခံသူများနှင့်အတူ တွေ့ရစဉ် (ဇူလိုင်လ ၃၁ ရက်နေ့ ၂၀၁၆)
ပထမဆုံး အမျိုးသမီး အုပ်ချုပ်ရေးမှူး Yuriko Koike နှင့် သူမ၏ ထောက်ခံသူများနှင့်အတူ တွေ့ရစဉ် (ဇူလိုင်လ ၃၁ ရက်နေ့ ၂၀၁၆)

ဂျပန်နိုင်ငံ တိုကျို မြို့တော်အတွက် ပထမဆုံး အမျိုးသမီး အုပ်ချုပ်ရေးမှူးကို တိုကျိုမြို့ခံတွေ တနင်္ဂနွေနေ့မှာ ရွေးကောက်လိုက်ကြပြီ ဖြစ်ပါတယ်။ ငွေကြေး အရှုပ်တော်ပုံတွေကြောင့် အရင် တိုကျိုအုပ်ချုပ်ရေးမှူး ၂ ဦး ရာထူးက နုတ်ထွက်ခဲ့ရပြီးနောက်မှာတော့ သန့်ရှင်းတဲ့ နိုင်ငံရေး ခေတ်သစ်တခု ဖြစ်စေရပါမယ်လို့ ကတိပြုထားတဲ့ Yuriko Koike ကို အုပ်ချုပ်ရေးမှူး အဖြစ် တိုကျိုက မဲဆန္ဒရှင်တွေ ရွေးချယ်လိုက်ကြတာ ဖြစ်ပါတယ်။

အဲဒီအရှုပ်တော်ပုံတွေကြောင့် ၂၀၂၀ နွေရာသီ အိုလံပစ် အားကစားပွဲတော်တွေကို တိုကျိုမြို့တော်မှာ လက်ခံကျင်းပဖို့ ပြင်ဆင်မှုတွေမှာလည်း အတားအဆီးတွေ ဖြစ်စေခဲ့တာပါ။ တိုကျိုမြို့တော်မှာ နေထိုင်ကြသူ ပြည်သူတွေရဲ့ ဘဝတွေ ပိုပြီး တိုးတက်ကောင်းမွန်လာအောင် တွန်းတွန်းတိုက်တိုက် ဆောင်ရွက်သွားမယ်လို့ ရွေးကောက်ခံရတဲ့ Yuriko Koike က ပြောပါတယ်။

ပြိုင်ဘက် ကိုယ်စားလှယ်လောင်း ၂၁ ဦးထဲကနေ ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ Yuriko Koike ရွေးချယ်ခံရတာ ဖြစ်ပါတယ်။ အရင် တိုကျို အုပ်ချုပ်ရေးမှူး Yoichi Masuzoe ငွေကြေးအရှုပ်တော်ပုံကြောင့် ရာထူးက နုတ်ထွက်ခဲ့ရပြီးနောက်မှာ အခုလို ရွေးကောက်ပွဲ ကျင်းပတာ ဖြစ်ပါတယ်။ သူဟာဆိုရင် တိုကျိုအုပ်ချုပ်ရေးမှူး အဖြစ် ဒုတိယမြောက် ရာထူးက နုတ်ထွက်ရသူလည်း ဖြစ်ပါတယ်။

အခု ရွေးကောက်ခံရသူ Yuriko Koike အနေနဲ့ ပထမဆုံး လုပ်ဆောင်ရမယ့် တာဝန်တွေထဲမှာ တခုကတော့ ၂၀၂၀ ပြည့်နှစ် အိုလံပစ်ပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် တိုကျိုမြို့တော်ရဲ့ ကိုယ်စားလှယ်အနေနဲ့ ဘရာဇီးလ်နိုင်ငံ ရီယိုဒီ ဂျနေရိုး အိုလံပစ်ပွဲတော်ကို တက်ရောက်ဖို့ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG