သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ႔အခြင္႔အေရးေအျခအေန ဆိုးရြားမႈ Tom Andrews တင္ျပခ်က္


ျမန္မာႏိုင္ငံဆုိင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrew

[ Zawgyi ]

ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီး အေျပာနဲ႔ မရေတာ့ပဲ လက္ေတြ႔ အေရးယူဖို႔ အျမန္လိုေနၿပီိလို႔၊ ျမန္မာ့ လူအခြင့္အေရးဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္က ေတာင္းဆိုလိုက္ ပါတယ္။ ဒီ ကုလအထူးကိုယ္စားလွယ္ Tom Andrew က ျမန္မာျပည္မွာ လူေတြေသဆံုးရတာလည္း မ်ားျပား လာေနတဲ႔အတြက္၊ အခ်ိန္ဆဲြေနလို႔ မရေတာ့ဘဲ ျပင္းျပင္းထန္ထန္ အေရးယူဖို႔ လိုေနၿပီလို႔၊ ကုလ လူ႔အခြင့္အေရးေကာင္စီရဲ့ ၄၈ ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝးမွာ ဗုဒၶဟူးေန႔က ေထာက္ျပခဲ့တာပါ။ ဒါ့အျပင္ ကေလးငယ္ေတြေရာ၊ မဆိုင္တဲ့ မိသားစုဝင္ေတြပါ ဓားစာခံ ပိုျဖစ္လာရၿပီး၊ က်န္းမာေရးဝန္ထမ္း ေတြကိုလည္း ပစ္မွတ္ထားကာ၊ လူသားထုေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈ Crime Against Humanity အဆင့္ထိ ေရာက္ေနၿပီလို႔လည္း၊ Mr. Andrew ေဆြးေႏြးတင္ျပခဲ့တာကို ကိုဝင္းမင္းက ေျပာျပထားပါတယ္။

ဆြစ္ဇာလန္ႏိုင္ငံ ဂ်နီဗာၿမဳိ႕မွာ က်င္းပတဲ့ ျမန္မာ့ လူ႔အခြင့္အေရးဆိုင္ရာ အျပန္အလွန္ ေဆြးေႏြးပဲြမွာ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Andrew အန္ဒရူးက အခုလို ေတာင္းဆိုလိုက္ပါတယ္။

" ကုလ လူအခြင့္အေရးေကာင္စီအေနနဲ႔ တကယ့္ကိုအေရးပါတဲ့ က႑ကေန လုပ္ေပးဖို႔ရွိပါတယ္။ အေရးယူ ေဆာင္ရြက္ဖို႔ စဦးေဆာင္ဖို႔ပါ။ ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္ေသာ စံုစမ္းစစ္ေဆးမူယႏၱယား (IIMM) ကို ထူေထာင္ ေပးလိုက္သလိုေပါ့ေနာ္၊ အခုက အဲ့ဒိထက္ ပိုလိုေနပါၿပီ။ ျမန္မာျပည္သူေတြအေနနဲ႔ ႏိုင္ငံတကာကေန အားေကာင္းၿပီး ပစ္မွတ္ထား ပူးေပါင္းညိႈႏိႈင္းေဆာင္ရြက္တဲ့ အေရးယူမူမ်ိဳး လိုေနပါၿပီ။ ဒုဥကၠဌႀကီးခင္ဗ်ာ၊ မၾကာေသးခင္က ျမန္မာကိစၥ လံုၿခံဳေရးေကာင္စီရဲ့ Arria Formula ေဆြးေႏြးပြဲမွာ အျမဲတမ္း လံုၿခံဳေရးေကာင္စီ အဖြဲ႔ဝင္တစ္ဦး ေျပာခဲ့တာကို ကိုးကား အဆံုးသပ္ခ်င္ပါတယ္၊ ဒါက .. အားလံုး ဘာကိုေစာင့္ေနၾကတာလဲ၊ အခ်ိန္ယူေလ လူေတြ ပိုေသရပဲေလတဲ့။ "

ဒါ့အျပင္ လက္ရွိ ကုလသမဂၢဖက္က ေဝဖန္ေျပာဆိုတာေလာက္နဲ႔ အလုပ္မျဖစ္ေတာ့ပဲ ဘယ္လို အေသးစိတ္ အေရးယူသင့္ပုံကိုလည္း မစၥတာ အန္ဒရူးက -

" ဒုဥကၠဌႀကီးခင္ဗ်ာ၊ ေျပာင္းလဲဖို႔ မျဖစ္မေန လိုအပ္ေနပါၿပီ။ ထိေရာက္ဖို႔အတြက္ ျမန္မာႏိုင္ငံဆိုင္ရာ ဒဏ္ခတ္ အေရးယူမူကို အားလံုး aထာက္ခံဖို႔အတြက္၊ ညိႈႏႈိင္းၿပီး ေရွရွည္ခံ ျပင္းထန္မဲ့ ပစ္မွတ္ထား စီးပြားပိတ္ဆို႔မႈမ်ဳိးနဲ႔၊ ၿပီးျပည့္စံုတဲ့ လက္နက္နဲ႔ နည္းပညာ ပိတ္ဆို႔မူေတြ လုပ္ဖို႔လိုပါတယ္။ ဒီအတြက္ အခ်ိန္ေစာင့္လို႔မရေတာ့ပါဘူး။"

အခုလို အေရးယူဖို႔ အေရးႀကီးလာပုံကိုလည္း မစၥတာ အန္ဒရူးက အခ်က္အလက္နဲ႔ ေထာက္ျပပါတယ္။

" ၿပီးခဲ့တဲ့အပတ္ထဲ ကၽြန္ေတာ္ အစီရင္ခံ ၿပီးကတည္းကဆိုရင္၊ ျမန္မာ ပဋိပကၡႀကီးက ပိုေတာင္ဆိုးလာတယ္လို႔ ဆိုရမွာပါ။ လူေပါင္းမ်ားစြာကို ညႇဥ္းပန္းႏွိပ္စက္မူေတြ ဆက္လုပ္ေနပါတယ္။ လက္နက္ကိုင္ ပဋိပကၡေတြ ျမင့္တက္လာၿပီး လူေတြ ပိုေသေၾကလာရပါၿပီ။ ရလဒ္ကေတာ့ ရက္ရက္စက္စက္ျဖစ္ကုန္တာပါ။ ေဖေဖာ္ဝါရီ ၁ ရက္ အာဏာသိမ္းၿပီး ကတည္းကဆိုရင္၊ စစ္အုပ္စုရဲ့ သတ္ျဖတ္မူေပါင္း ၁၁၀၀ ေက်ာ္၊ မတရား ထိန္းသိမ္းမႈေပါင္း ၈၀၀၀ ေက်ာ္၊ ေရႊ.ေျပာင္း ဒုကၡေရာက္သူေပါင္း ၂၃၀,၀၀၀ ေက်ာ္လာၿပီး၊ စုစုေပါင္း ျပည္တြင္းဒုကၡသည္ ၅ သိန္းအထက္ ေက်ာ္လာေနပါၿပီ။ "

ဒါ့အျပင္ ကေလးငယ္ေတြပါ ထိခုိက္လာရတဲ့အေပၚလည္း မစၥတာ အန္ဒရူးက အေလးအနက္ ရွင္းျပပါတယ္။

" ကေလးေတြကိုလည္း မေရွာင္ပါဘူး။ ဇူလိုင္လအထိဆိုရင္ စစ္အုပ္စုအေနနဲ႔ ၁၄ လ သားကေန ၁၇ ႏွစ္သားအထိ ကေလးေပါင္း အနည္းဆံုး ၇၅ ဦးကို သတ္ျဖတ္ခဲ့ပါတယ္။ ဒီကေလးေတြက စစ္အုပ္စုရဲ့ ကားေတြနဲ႔ တိုက္သတ္တာ ခံခဲ့ရတယ္၊ စစ္သားေတြရဲ့ ပစ္သတ္တာ ခံခဲ့ရတယ္။ စစ္အုပ္စုရဲ့ လက္နက္ႀကီးေတြ ထိၿပီး ေသခဲ့ရတယ္။ ကၽြန္ေတာ္တို႔ကိုယ္တိုင္ ကေလးေတြ ညႈဥ္းပန္းႏွိပ္စက္တာကုိ ၾကည့္ခဲ့ရတယ္၊ ကေလး ၂ ေယာက္ကို အစာအငတ္ထားၿပီး ေျခသလံုးေတြေပၚ သံပိုက္လံုးေတြနဲ႔ ျပင္းျပင္းထန္ထန္ လိွမ့္တာပါ ပါတယ္ေလ။ "


အခု ေနာက္ပိုင္းမွာလည္း မဆိုင္သူေတြကိုပါ ေရာႀကိတ္တာ ပိုလုပ္လာတာကိုလည္း မစၥတာ အန္ဒရူးက -

"ေနာက္တစ္ခုက စစ္အုပ္စုအေနနဲ႔ အစုလိုက္ သိမ္းက်ဳံး အပစ္ေပးတာမ်ိဳးကို ပိုျပင္းျပင္းထန္ထန္ သံုးလာပါတယ္။ ဥပမာ ဖမ္းမိန္႔ ထုတ္ထားသူေတြကို စစ္တပ္နဲ႔ရဲက ဖမ္းဖို႔ ရွာမေတြ႔တဲ့အခါ၊ မိသားစုဝင္ေတြကို ဓါးစာခံအျဖစ္ ဖမ္းထားတာမ်ိဳးေတြ လုပ္လာပါတယ္။ လိုက္ဖမ္းတဲ့သူေတြ လြတ္ေျမာက္သြားတဲ့အခါမွာ မိသားစုဝင္ေပါင္း အနည္းဆံုး ၁၁၇ ဦးကို စစ္ေကာင္စီတပ္ေတြက မတရား ထိန္းသိမ္းထားတဲ့ အစီရင္ခံစာေတြ ရထားၿပီးပါၿပီ။ ဒီဖမ္းခံရသူေတြထဲမွာ ကေလးငယ္ေတြေတာင္ ပါေနပါတယ္၊ လ ၂၀ သားအထိ ငယ္တဲ့သူေတြ ပါေနတာပါ။"

ဒါ့အျပင္ က်န္းမာေရးလုပ္သားေတြနဲ႔ က်န္းမာေရး စနစ္ပါ အဖိႏွိပ္ ခံလုိက္ရပုံကို မစၥတာ အန္ဒရူးက မီးေမာင္း ထိုးျပခဲ့ပါတယ္။

" စစ္အာဏာသိမ္း ဆန္႔က်င္လူပ္ရွားမူ (CDM) ကို ဆရာဝန္မ်ားစြာက ဦးေဆာင္မႈေပးခဲ့တာကို လက္တံု႔ျပန္တဲ့အေနနဲ႔၊ စစ္အုပ္စုက က်န္းမာေရးလုပ္သားေတြကို မတရားဖမ္းတာ၊ ညႈင္းပန္းႏွိပ္စက္တာနဲ႔ သတ္ျဖတ္တာေတြအထိပါ လုပ္ေဆာင္ခဲ့ပါတယ္။ ကၽြန္ေတာ္ကိုယ္တိုင္ လုနာေတြနဲ႔ အလုပ္မ်ားေနတဲ့ ဆရာဝန္ေတြနဲ႔ သူတို႔အားလပ္ခ်ိန္မွာ ၾကားျဖတ္ ေျပာခဲ့တာမွာ၊ စစ္တပ္အေနနဲ႔ အခမဲ့နဲ႔ ယာယီေဆးခန္းေတြကိုပါ ဖ်က္ဆီးခဲ့တာ ၾကားခဲ့ရပါတယ္။ ေဆးပစၥည္းကရိယာေတြကို ဖ်က္ဆီးပစ္တာေတြ၊ သိမ္းသြားတာေတြ၊ လုပ္ေဖာ္ကိုင္ဖက္ ေဆးဝန္ထမ္းေတြကို ဆဲဆို၊ ရိုက္ႏွက္ မတရား ဖမ္းသြားတာေတြရွိခဲ့ၿပီး၊ ႀသဂုတ္ ၂၅ ရက္အထိဆိုရင္ ဒီအမူေပါင္း ၂၆၀ အထိ ရွိေနပါၿပီ။ က်န္းမာေရးလုပ္သား ၆၀၀ ကို ဖမ္းဝရမ္းထုတ္ထားၿပီး သူတို႔လည္း ပုန္းေအာင္းေနၾကပါတယ္။ "

ဒီေနရာမွာ ကုိဗစ္ကာလ ျဖစ္တာမို႔ ျမန္မာ့က်န္းမာေရးအပါအဝင္ ဒီျပႆနာက ေဒသတြင္းနဲ႔ ႏိုင္ငံတကာကိုပါ ရိုက္ခတ္လာႏိုင္တယ္လို႔ ေထာက္ျပၿပီး အခုလို သုံးသပ္ျပခဲ့ပါတယ္။

" အားလံုးၿခဳံၾကည့္လိုက္ရင္ေတာ့ စစ္အုပ္စုအေနနဲ႔ ျမန္မာျပည္သူေတြကို စနစ္တက်နဲ႔ က်ယ္က်ယ္ျပန္႔ျပန္႔ တိုက္ခိုက္ဖို႔ သူ႔တပ္ေတြကို ညႊန္ၾကားခဲ့ပါတယ္။ ဒါေၾကာင့္မို႔ စစ္အုပ္စုအေနနဲ႔ Crime Against Humanity လို႔ေခၚတဲ့ လူသားထုအေပၚ ရာဇဝတ္မႈႀကီးကို က်ဳးလြန္တယ္လို႔ ေျပာစရာ ျဖစ္လာေနပါတယ္။ IIMM ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္ေသာ စံုစမ္းစစ္ေဆးမႈ ယႏၱယားအဖြဲ႔ကလည္း ဒါကိုပဲ ရည္ညႊန္းထားပါတယ္။ "

တကယ္ေတာ့ ကုလသမဂၢအေနနဲ႔ ျမန္မာ့အေရး လက္ေတြ႔လုပ္ေဆာင္မႈေတြ အားနည္းတယ္လို႔ အမ်ားက ေျပာျပလာခ်ိန္မွာ ျမန္မာဆုိင္ရာ ကုလလူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ အေနနဲ႔ အခုလို ျပင္းျပင္းထန္ထန္ ေျပာလာတာလို႔ သုံးသပ္မႈေတြလည္း ထြက္ေပၚေနပါတယ္ခင္ဗ်ား။

====================================

တိုက္႐ိုက္ လင့္ခ္



[ Unicode ]

မြန်မာ့အခွင့်အရေးအေခြအနေ ဆိုးရွားမှု Tom Andrews တင်ပြချက်

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အပြောနဲ့ မရတော့ပဲ လက်တွေ့ အရေးယူဖို့ အမြန်လိုနေပြီလို့၊ မြန်မာ့ လူအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တောင်းဆိုလိုက်ပါတယ်။ ဒီကုလအထူးကိုယ်စားလှယ် Tom Andrew က မြန်မာပြည်မှာ လူတွေသေဆုံးရတာလည်း များပြား လာနေတဲ့အတွက်၊ အချိန်ဆွဲနေလို့ မရတော့ဘဲ ပြင်းပြင်းထန်ထန် အရေးယူဖို့ လိုနေပြီလို့၊ ကုလ လူ့အခွင့်အရေးကောင်စီရဲ့ ၄၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ဗုဒ္ဓဟူးနေ့က ထောက်ပြခဲ့တာပါ။ ဒါ့အပြင် ကလေးငယ်တွေရော၊ မဆိုင်တဲ့ မိသားစုဝင်တွေပါ ဓားစာခံ ပိုဖြစ်လာရပြီး၊ ကျန်းမာရေးဝန်ထမ်း တွေကိုလည်း ပစ်မှတ်ထားကာ၊ လူသားထုပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု Crime Against Humanity အဆင့်ထိ ရောက်နေပြီလို့လည်း၊ Mr. Andrew ဆွေးနွေးတင်ပြခဲ့တာကို ကိုဝင်းမင်းက ပြောပြထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အပြန်အလှန် ဆွေးနွေးပွဲမှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Andrew အန်ဒရူးက အခုလို တောင်းဆိုလိုက်ပါတယ်။

" ကုလ လူအခွင့်အရေးကောင်စီအနေနဲ့ တကယ့်ကိုအရေးပါတဲ့ ကဏ္ဍကနေ လုပ်ပေးဖို့ရှိပါတယ်။ အရေးယူ ဆောင်ရွက်ဖို့ စဦးဆောင်ဖို့ပါ။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမူယန္တယား (IIMM) ကို ထူထောင် ပေးလိုက်သလိုပေါ့နော်၊ အခုက အဲ့ဒိထက် ပိုလိုနေပါပြီ။ မြန်မာပြည်သူတွေအနေနဲ့ နိုင်ငံတကာကနေ အားကောင်းပြီး ပစ်မှတ်ထား ပူးပေါင်းညှိုနှိုင်းဆောင်ရွက်တဲ့ အရေးယူမူမျိုး လိုနေပါပြီ။ ဒုဥက္ကဌကြီးခင်ဗျာ၊ မကြာသေးခင်က မြန်မာကိစ္စ လုံခြုံရေးကောင်စီရဲ့ Arria Formula ဆွေးနွေးပွဲမှာ အမြဲတမ်း လုံခြုံရေးကောင်စီ အဖွဲ့ဝင်တစ်ဦး ပြောခဲ့တာကို ကိုးကား အဆုံးသပ်ချင်ပါတယ်၊ ဒါက .. အားလုံး ဘာကိုစောင့်နေကြတာလဲ၊ အချိန်ယူလေ လူတွေ ပိုသေရပဲလေတဲ့။ "

ဒါ့အပြင် လက်ရှိ ကုလသမဂ္ဂဖက်က ဝေဖန်ပြောဆိုတာလောက်နဲ့ အလုပ်မဖြစ်တော့ပဲ ဘယ်လို အသေးစိတ် အရေးယူသင့်ပုံကိုလည်း မစ္စတာ အန်ဒရူးက -

" ဒုဥက္ကဌကြီးခင်ဗျာ၊ ပြောင်းလဲဖို့ မဖြစ်မနေ လိုအပ်နေပါပြီ။ ထိရောက်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ ဒဏ်ခတ် အရေးယူမူကို အားလုံး aထာက်ခံဖို့အတွက်၊ ညှိုနှိုင်းပြီး ရှေရှည်ခံ ပြင်းထန်မဲ့ ပစ်မှတ်ထား စီးပွားပိတ်ဆို့မှုမျိုးနဲ့၊ ပြီးပြည့်စုံတဲ့ လက်နက်နဲ့ နည်းပညာ ပိတ်ဆို့မူတွေ လုပ်ဖို့လိုပါတယ်။ ဒီအတွက် အချိန်စောင့်လို့မရတော့ပါဘူး။"

အခုလို အရေးယူဖို့ အရေးကြီးလာပုံကိုလည်း မစ္စတာ အန်ဒရူးက အချက်အလက်နဲ့ ထောက်ပြပါတယ်။

" ပြီးခဲ့တဲ့အပတ်ထဲ ကျွန်တော် အစီရင်ခံ ပြီးကတည်းကဆိုရင်၊ မြန်မာ ပဋိပက္ခကြီးက ပိုတောင်ဆိုးလာတယ်လို့ ဆိုရမှာပါ။ လူပေါင်းများစွာကို ညှဉ်းပန်းနှိပ်စက်မူတွေ ဆက်လုပ်နေပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ မြင့်တက်လာပြီး လူတွေ ပိုသေကြေလာရပါပြီ။ ရလဒ်ကတော့ ရက်ရက်စက်စက်ဖြစ်ကုန်တာပါ။ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီး ကတည်းကဆိုရင်၊ စစ်အုပ်စုရဲ့ သတ်ဖြတ်မူပေါင်း ၁၁၀၀ ကျော်၊ မတရား ထိန်းသိမ်းမှုပေါင်း ၈၀၀၀ ကျော်၊ ရွှေ.ပြောင်း ဒုက္ခရောက်သူပေါင်း ၂၃၀,၀၀၀ ကျော်လာပြီး၊ စုစုပေါင်း ပြည်တွင်းဒုက္ခသည် ၅ သိန်းအထက် ကျော်လာနေပါပြီ။ "

ဒါ့အပြင် ကလေးငယ်တွေပါ ထိခိုက်လာရတဲ့အပေါ်လည်း မစ္စတာ အန်ဒရူးက အလေးအနက် ရှင်းပြပါတယ်။

" ကလေးတွေကိုလည်း မရှောင်ပါဘူး။ ဇူလိုင်လအထိဆိုရင် စစ်အုပ်စုအနေနဲ့ ၁၄ လ သားကနေ ၁၇ နှစ်သားအထိ ကလေးပေါင်း အနည်းဆုံး ၇၅ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။ ဒီကလေးတွေက စစ်အုပ်စုရဲ့ ကားတွေနဲ့ တိုက်သတ်တာ ခံခဲ့ရတယ်၊ စစ်သားတွေရဲ့ ပစ်သတ်တာ ခံခဲ့ရတယ်။ စစ်အုပ်စုရဲ့ လက်နက်ကြီးတွေ ထိပြီး သေခဲ့ရတယ်။ ကျွန်တော်တို့ကိုယ်တိုင် ကလေးတွေ ညှုဉ်းပန်းနှိပ်စက်တာကို ကြည့်ခဲ့ရတယ်၊ ကလေး ၂ ယောက်ကို အစာအငတ်ထားပြီး ခြေသလုံးတွေပေါ် သံပိုက်လုံးတွေနဲ့ ပြင်းပြင်းထန်ထန် လှိမ့်တာပါ ပါတယ်လေ။ "

အခု နောက်ပိုင်းမှာလည်း မဆိုင်သူတွေကိုပါ ရောကြိတ်တာ ပိုလုပ်လာတာကိုလည်း မစ္စတာ အန်ဒရူးက -

"နောက်တစ်ခုက စစ်အုပ်စုအနေနဲ့ အစုလိုက် သိမ်းကျုံး အပစ်ပေးတာမျိုးကို ပိုပြင်းပြင်းထန်ထန် သုံးလာပါတယ်။ ဥပမာ ဖမ်းမိန့် ထုတ်ထားသူတွေကို စစ်တပ်နဲ့ရဲက ဖမ်းဖို့ ရှာမတွေ့တဲ့အခါ၊ မိသားစုဝင်တွေကို ဓါးစာခံအဖြစ် ဖမ်းထားတာမျိုးတွေ လုပ်လာပါတယ်။ လိုက်ဖမ်းတဲ့သူတွေ လွတ်မြောက်သွားတဲ့အခါမှာ မိသားစုဝင်ပေါင်း အနည်းဆုံး ၁၁၇ ဦးကို စစ်ကောင်စီတပ်တွေက မတရား ထိန်းသိမ်းထားတဲ့ အစီရင်ခံစာတွေ ရထားပြီးပါပြီ။ ဒီဖမ်းခံရသူတွေထဲမှာ ကလေးငယ်တွေတောင် ပါနေပါတယ်၊ လ ၂၀ သားအထိ ငယ်တဲ့သူတွေ ပါနေတာပါ။"

ဒါ့အပြင် ကျန်းမာရေးလုပ်သားတွေနဲ့ ကျန်းမာရေး စနစ်ပါ အဖိနှိပ် ခံလိုက်ရပုံကို မစ္စတာ အန်ဒရူးက မီးမောင်း ထိုးပြခဲ့ပါတယ်။

" စစ်အာဏာသိမ်း ဆန့်ကျင်လူပ်ရှားမူ (CDM) ကို ဆရာဝန်များစွာက ဦးဆောင်မှုပေးခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့၊ စစ်အုပ်စုက ကျန်းမာရေးလုပ်သားတွေကို မတရားဖမ်းတာ၊ ညှုင်းပန်းနှိပ်စက်တာနဲ့ သတ်ဖြတ်တာတွေအထိပါ လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင် လုနာတွေနဲ့ အလုပ်များနေတဲ့ ဆရာဝန်တွေနဲ့ သူတို့အားလပ်ချိန်မှာ ကြားဖြတ် ပြောခဲ့တာမှာ၊ စစ်တပ်အနေနဲ့ အခမဲ့နဲ့ ယာယီဆေးခန်းတွေကိုပါ ဖျက်ဆီးခဲ့တာ ကြားခဲ့ရပါတယ်။ ဆေးပစ္စည်းကရိယာတွေကို ဖျက်ဆီးပစ်တာတွေ၊ သိမ်းသွားတာတွေ၊ လုပ်ဖော်ကိုင်ဖက် ဆေးဝန်ထမ်းတွေကို ဆဲဆို၊ ရိုက်နှက် မတရား ဖမ်းသွားတာတွေရှိခဲ့ပြီး၊ သြဂုတ် ၂၅ ရက်အထိဆိုရင် ဒီအမူပေါင်း ၂၆၀ အထိ ရှိနေပါပြီ။ ကျန်းမာရေးလုပ်သား ၆၀၀ ကို ဖမ်းဝရမ်းထုတ်ထားပြီး သူတို့လည်း ပုန်းအောင်းနေကြပါတယ်။ "

ဒီနေရာမှာ ကိုဗစ်ကာလ ဖြစ်တာမို့ မြန်မာ့ကျန်းမာရေးအပါအဝင် ဒီပြဿနာက ဒေသတွင်းနဲ့ နိုင်ငံတကာကိုပါ ရိုက်ခတ်လာနိုင်တယ်လို့ ထောက်ပြပြီး အခုလို သုံးသပ်ပြခဲ့ပါတယ်။

" အားလုံးခြုံကြည့်လိုက်ရင်တော့ စစ်အုပ်စုအနေနဲ့ မြန်မာပြည်သူတွေကို စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ဖို့ သူ့တပ်တွေကို ညွှန်ကြားခဲ့ပါတယ်။ ဒါကြောင့်မို့ စစ်အုပ်စုအနေနဲ့ Crime Against Humanity လို့ခေါ်တဲ့ လူသားထုအပေါ် ရာဇဝတ်မှုကြီးကို ကျုးလွန်တယ်လို့ ပြောစရာ ဖြစ်လာနေပါတယ်။ IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တယားအဖွဲ့ကလည်း ဒါကိုပဲ ရည်ညွှန်းထားပါတယ်။ "

တကယ်တော့ ကုလသမဂ္ဂအနေနဲ့ မြန်မာ့အရေး လက်တွေ့လုပ်ဆောင်မှုတွေ အားနည်းတယ်လို့ အများက ပြောပြလာချိန်မှာ မြန်မာဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် အနေနဲ့ အခုလို ပြင်းပြင်းထန်ထန် ပြောလာတာလို့ သုံးသပ်မှုတွေလည်း ထွက်ပေါ်နေပါတယ်ခင်ဗျား။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG