သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ႔အေရး ႏိုင္ငံတကာေဆာင္ရြက္ခ်က္ လမ္းေၾကာင္းေျပာင္းဖို႔ လိုအပ္ (Tom Andrews)


ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရးအထူးကိုယ္စားလွယ္ Tom Andrews

[ Zawgyi ]

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း အေျခအေနေတြဟာ ပိုဆိုးလာေနၿပီး လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ၊ ထိခိုက္ေသေၾကမႈေတြကို ဟန္႔တားဖို႔ ႏိုင္ငံတကာ အသိုင္းအ၀န္းက ပ်က္ကြက္ေနေၾကာင္း ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္က ေျပာလိုက္ပါတယ္။

“ျမန္မာႏိုင္ငံမွာ အဖက္ဖက္က ယိုယြင္းက်ဆင္းလာတဲ့ အေျခအေနကို ဟန္႔တားဖို႔ ႏိုင္ငံတကာ အသိုင္းအ၀န္းရဲ႕ လက္ရွိ ႀကိဳးပမ္းမႈေတြဟာ လက္ေတြ႕ အလုပ္မျဖစ္တာ ေသခ်ာပါတယ္။ ဒါေၾကာင့္လည္း လမ္းေၾကာင္းေျပာင္း ႀကိဳးပမ္းဖို႔ လိုေနပါၿပီ။” လို႔ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrews က ဗုဒၶဟူးေန႔ လူ႔အခြင့္အေရး ေကာင္စီမွာ အစီရင္ခံတင္ျပရာမွာ ေျပာဆိုလိုက္တာပါ။

အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံမွာ လုံျခံဳေရးတပ္ဖဲြ႕ေတြ လက္ခ်က္နဲ႔ လူေပါင္း ၁,၁၀၀ ေက်ာ္ ေသဆုံးၿပီး၊ အသက္ ၁၄ လအရြယ္ကေန ၁၇ ႏွစ္ အရြယ္အထိ ငယ္ရြယ္သူေတြ ပါ၀င္ေၾကာင္းလည္း ေျပာပါတယ္။ ဥပေဒမဲ့ ဖမ္းဆီးထားသူ ၈,၀၀၀ ေက်ာ္နဲ႔ ေနရပ္စြန္႔ခြာရသူ အရပ္သား ၂၃၀,၀၀၀ ေက်ာ္ ရွိခဲ့တာေၾကာင့္ အခုဆိုရင္ ျမန္မာႏိုင္ငံမွာ ျပည္တြင္းဒုကၡသည္ သန္း၀က္ေက်ာ္အထိ ရွိေနၿပီလို႔လည္း ဆိုပါတယ္။

အာဏာပိုင္ေတြ ဖမ္းဆီးဖို႔ ႀကိဳးပမ္းသူေတြကို မမိတာေၾကာင့္ တျခားမိသားစု၀င္ေတြကို ဖမ္းဆီးတာေတြ ရွိေနၿပီး အသက္ ၂၀ အရြယ္အထိ ငယ္ရြယ္သူေတြ အပါအ၀င္ ၁၇၇ ေယာက္ထက္မနည္းကို ဖမ္းဆီးထားတယ္လို႔လည္း ေျပာပါတယ္။ ႏိုင္ငံေရး၊ လူ႔အခြင့္အေရးနဲ႔ စာနာမႈဆိုင္ရာ အက်ပ္အတည္းေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ျမန္မာျပည္သူေတြအတြက္ ႏိုင္ငံတကာ အသိုင္းအ၀န္းရဲ႕ ခိုင္မာၿပီး စုစည္းညီၫြတ္တဲ့ ေဆာင္ရြက္မႈေတြဟာ အခုအခ်ိန္မွာ အေရးတႀကီး လိုအပ္ေနေၾကာင္းလည္း လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္က ေျပာဆိုခဲ့ပါတယ္။

[ Unicode ]

မြန်မာ့အရေး နိုင်ငံတကာဆောင်ရွက်ချက် လမ်းကြောင်းပြောင်းဖို့ လိုအပ် (Tom Andrews)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေတွေဟာ ပိုဆိုးလာနေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ထိခိုက်သေကြေမှုတွေကို ဟန့်တားဖို့ နိုင်ငံတကာ အသိုင်းအဝန်းက ပျက်ကွက်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ အဖက်ဖက်က ယိုယွင်းကျဆင်းလာတဲ့ အခြေအနေကို ဟန့်တားဖို့ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ လက်ရှိ ကြိုးပမ်းမှုတွေဟာ လက်တွေ့ အလုပ်မဖြစ်တာ သေချာပါတယ်။ ဒါကြောင့်လည်း လမ်းကြောင်းပြောင်း ကြိုးပမ်းဖို့ လိုနေပါပြီ။” လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ဗုဒ္ဓဟူးနေ့ လူ့အခွင့်အရေး ကောင်စီမှာ အစီရင်ခံတင်ပြရာမှာ ပြောဆိုလိုက်တာပါ။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ လူပေါင်း ၁,၁၀၀ ကျော် သေဆုံးပြီး၊ အသက် ၁၄ လအရွယ်ကနေ ၁၇ နှစ် အရွယ်အထိ ငယ်ရွယ်သူတွေ ပါဝင်ကြောင်းလည်း ပြောပါတယ်။ ဥပဒေမဲ့ ဖမ်းဆီးထားသူ ၈,၀၀၀ ကျော်နဲ့ နေရပ်စွန့်ခွာရသူ အရပ်သား ၂၃၀,၀၀၀ ကျော် ရှိခဲ့တာကြောင့် အခုဆိုရင် မြန်မာနိုင်ငံမှာ ပြည်တွင်းဒုက္ခသည် သန်းဝက်ကျော်အထိ ရှိနေပြီလို့လည်း ဆိုပါတယ်။

အာဏာပိုင်တွေ ဖမ်းဆီးဖို့ ကြိုးပမ်းသူတွေကို မမိတာကြောင့် တခြားမိသားစုဝင်တွေကို ဖမ်းဆီးတာတွေ ရှိနေပြီး အသက် ၂၀ အရွယ်အထိ ငယ်ရွယ်သူတွေ အပါအဝင် ၁၇၇ ယောက်ထက်မနည်းကို ဖမ်းဆီးထားတယ်လို့လည်း ပြောပါတယ်။ နိုင်ငံရေး၊ လူ့အခွင့်အရေးနဲ့ စာနာမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် နိုင်ငံတကာ အသိုင်းအဝန်းရဲ့ ခိုင်မာပြီး စုစည်းညီညွတ်တဲ့ ဆောင်ရွက်မှုတွေဟာ အခုအချိန်မှာ အရေးတကြီး လိုအပ်နေကြောင်းလည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG