သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အရပ်ဘက် လူမှုအဖွဲ့တွေနဲ့ တွေ့ဆုံ

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski မြန်မာအရပ်ဘက် လူမှုအဖွဲ့တွေနဲ့ တွေ့ဆုံ။ (Photo: US Embassy - Rangoon)
1/5 အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski မြန်မာအရပ်ဘက် လူမှုအဖွဲ့တွေနဲ့ တွေ့ဆုံ။ (Photo: US Embassy - Rangoon)
အသေးစိတ် ဖတ်ရှုရန် Show less
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski မြန်မာအရပ်ဘက် လူမှုအဖွဲ့တွေနဲ့ တွေ့ဆုံ။ (Photo: US Embassy - Rangoon)
2/5 အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski မြန်မာအရပ်ဘက် လူမှုအဖွဲ့တွေနဲ့ တွေ့ဆုံ။ (Photo: US Embassy - Rangoon)
အသေးစိတ် ဖတ်ရှုရန် Show less
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski မြစ်ကြီးနား IDP ဒုက္ခသည်စခန်းကို သွားရောက်စဉ်။ (Photo: US Embassy - Rangoon)
3/5 အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski မြစ်ကြီးနား IDP ဒုက္ခသည်စခန်းကို သွားရောက်စဉ်။ (Photo: US Embassy - Rangoon)
အသေးစိတ် ဖတ်ရှုရန် Show less
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski မြစ်ကြီးနား IDP ဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှု။ (Photo: US Embassy - Rangoon)
4/5 အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski မြစ်ကြီးနား IDP ဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှု။ (Photo: US Embassy - Rangoon)
အသေးစိတ် ဖတ်ရှုရန် Show less
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski မြစ်ကြီးနား IDP ဒုက္ခသည်စခန်းက ပြောကြားချက်တွေကို နားထောင်ခဲ့။ (Photo: US Embassy - Rangoon)
5/5 အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski မြစ်ကြီးနား IDP ဒုက္ခသည်စခန်းက ပြောကြားချက်တွေကို နားထောင်ခဲ့။ (Photo: US Embassy - Rangoon)
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲအတွက် မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဟာ မြန်မာအရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ရန်ကုန် အမေရိကန်သံရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဆိုပါအဖွဲ့တွေက လက်တွေ့ ရင်ဆိုင်နေရတဲ့ အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေကို တင်ပြခဲ့ကြပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski နဲ့ တွေ့ဆုံခွင့်ရကြတဲ့ အဖွဲ့ ၉ ဖွဲ့ထဲမှာ Triangle အမျိုးသမီးအဖွဲ့လည်း ပါဝင်ပြီး သူတို့အဖွဲ့အနေနဲ့ တင်ပြဆွေးနွေးဖြစ်တဲ့ အကြောင်းအရာကို အဖွဲ့ရဲ့အကြီးအကဲ ဒေါ်ခင်လေးက ဗွီအိုအေကို ပြောပြပါတယ်။

“ကျမတို့ အမျိုးသမီးတွေအတွက်ဆိုပြီးတော့ သီးသန့်ပြဌာန်းမယ့် ဒီဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ - ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူးလက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ နောက်ပြီးတော့ တလင်တမယားစနစ်၊ နောက် လူဦးရေထိန်းချုပ်ခြင်းဆိုင်ရာ ဥပဒေဆိုပြီးတော့ ဥပဒေကြမ်း ၄ ခုကို မကြာခင်က မကြာသေးခင်က အစိုးရက ပြဌာန်းလိုက်တာရှိတယ်လေ။ အဲ့ဒီဥပဒေကြမ်း ၄ ခုနဲ့ ပတ်သက်ပြီးတော့ ကျမတို့ရဲ့ အမြင်တွေကို ဆွေးနွေးတယ်။ အဲ့ဒီမှာ ကျမတို့ တခုသိလာရတာက အမေရိကန်အစိုးရအနေနဲ့လည်း ဒီဥပဒေကြမ်း ၄ ခုအပေါ်မှာ သူတို့ရဲ့အမြင်သဘောထားတွေကို ထုတ်ပြန်သွားဖို့ရှိတယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ အစိုးရတွေနဲ့ တွေ့ဆုံတဲ့အခါမှာ သူတို့ တိုက်ရိုက် ဆွေးနွေးပြီးတော့မှ ကျန်တဲ့ လူထုကို အသိပေးမယ်လို့လည်း ပြောပါတယ်။”

မစ္စတာ Malinowski နဲ့ အမေရိကန်သံရုံးမှာ ၂ နာရီကျော်ကြာ တွေ့ဆုံကြတဲ့အထဲမှာ Equality Myanmar အဖွဲ့လည်း ပါဝင်ပြီး အဲဒီအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ -

“အဲ့ဒါ ကျနော်တို့ရဲ့ခေါင်းစဉ်ကတော့ ဒီနိုင်ငံရေးအကျဉ်းသားနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလနဲ့ အကြောင်းအရာကို ဆွေးနွေးပါတယ်။ အဓိကဆွေးနွေးတာကတော့ နိုင်ငံရေးအကျဉ်းသား ကိစ္စကိုတော့ ဆွေးနွေးပါတယ်။ ကိုဘိုကြည်က အဓိကထားပြီး ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက်ရှိနေတယ်။ အခု အသစ်ရွေးချယ်ပြီးတော့ တင်မြှောက်လိုက်တဲ့ ဒီနိုင်ငံရေးအကျဉ်းသားဆိုင်ရာ ကော်မတီရဲ့အားနည်းချက်တွေ အထူးသဖြင့် ပါဝင်တဲ့နေရာမှာ ကျနော်တို့ လူထုအရပ်ဘက် အဖွဲ့အစည်းတွေ အားနည်းပြီးတော့ အစိုးရဘက်က များနေတာတွေ၊ နောက်တခုကတော့ အခုနောက်ပိုင်းမှာ အရင်ဥပဒေဟောင်းတွေရော၊ လက်ရှိ ဥပဒေအသစ်ကိုပါ အသုံးချပြီးတော့ ဆန္ဒပြတဲ့သူတွေအပေါ် ပိုပြီးတော့ ဖိနှိပ်မှုများလာနေတဲ့ကိစ္စကိုလည်း ကျနော် ပြောဖြစ်ပါတယ်။ ဥပဒေဟောင်းကတော့ အားလုံးသိတဲ့အတိုင်းပါပဲ အစိုးရကို အကြည်ညိုပျက်စေမှု ၅၀၅ (ခ) ကို တွင်တွင်ကျယ်ကျယ် သုံးလာတယ်။ ဥပဒေသစ်ထဲမှာဆိုရင် ပုဒ်မ ၁၈၊ ပြီးရင် ပုဒ်မ ၁၉ ဒါတွေကို ပိုပြီးတော့ သုံးလာတဲ့ကိစ္စကို ကျနော် အဓိကတင်ပြဖြစ်ပါတယ်။ နောက်ပိုင်းမှာ ပေါ်လာတဲ့ ဥပဒေတွေက တကယ်တမ်း ပြည်သူလူထုကို ကာကွယ်ပေးတာ မဟုတ်ဘဲနဲ့ ချုပ်နှောင်ဖို့ဖြစ်နေတဲ့ကိစ္စတွေ တင်ပြဖြစ်ပါတယ်ခင်ဗျ။”

မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုတွေ ဆောက်ရွက်နေတယ်ဆိုပေမဲ့ တချို့ကိစ္စတွေမှာ ရိုးသားမှုမရှိတာ တွေ့ရကြောင်း ဒေါ်ခင်လေးက ထောက်ပြပါတယ်။

“နောက်တခါ လက်ရှိ ကော်မတီတွေ၊ ကော်မရှင်တွေပေါ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ဖွဲ့တယ်။ နောက် အမှုမှန်ဖော်ထုတ်ရေး အဖွဲ့တွေ ဖွဲ့တယ်ဆိုတာသည်လည်း တကယ်တမ်း အမှုမှန် ဖော်ထုတ်ဖို့မဟုတ်ဘဲ၊ အဲ့ဒီကော်မရှင်တွေ၊ ကော်မတီတွေက ဘက်လိုက်ပြီးတော့ ဆောင်ရွက်ပြီးတော့ ဒီအမှုမှန်ကို ဖုံးကွယ်ဖို့ လုပ်နေတဲ့ဟာမျိုးတွေပေါ့နော်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ပဲဖြစ်ဖြစ် အရမ်းအားနည်းနေတယ်။ ကိုပါကြီးကိစ္စမှာဆိုရင်လည်း သူတို့ကနေ ဘာလုပ်ပါဆိုပြီး ရဲကို ပြန်လွှဲတယ်။ ရဲက နဂိုကတည်းကမှ အားနည်းပြီးသား ဖြစ်နေတယ်။ ဆိုတော့ မလုပ်နိုင်ဘူး။ နောက်တခါ လက်ပံတောင်းကိစ္စဆိုရင်လည်း ကော်မရှင်က လုပ်ထားတာသည် လုံး၀ အမှုမှန်ကို ဖုံးဖို့အတွက်၊ ဖော့ဖို့အတွက် လုပ်တဲ့ဟာမျိုးတွေ ဖြစ်နေတယ်ဆိုတဲ့ဟာမျိုးကိုလည်း ကျမတို့ကတော့ ထောက်ပြတယ်။”

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski နဲ့ အဖွဲ့ဟာ မနက်ဖြန်၊ သန်ဘက်ခါနေ့တွေမှာ အစိုးရတာဝန်ရှိသူတွေနဲ့ လူ့အခွင့်အရေးကိစ္စတွေကို ဆွေးနွေးသွားကြမယ်လို့ သိရပါတယ်။

XS
SM
MD
LG