[[Zawgyi/Unicode]]
အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအဖြဲ႔ အာဆီယံအေနနဲ႔ ျမန္မာစစ္တပ္အေပၚ ဖိအား တိုးႁမွင့္ မေပးႏိုင္ဘူးဆိုရင္ ေနာက္ထပ္ လူ႔အသက္ေတြ ဆံုး႐ံႈးရၿပီး အတိဒုကၡေတြ ပိုၿပီး ခံစားၾကရလိမ့္မယ္လို႔ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္ Tom Andrews က ဒီကေန႔ သတိေပး ေျပာဆိုလိုက္ပါတယ္။
“အခ်ိန္ေတြ ပိုယူၿပီး ထိေရာက္တဲ့ ေဆာင္ရြက္ခ်က္ ဘာမွမလုပ္ႏိုင္ဘူးဆိုရင္ လူေတြ ပိုၿပီး ေသေၾကၾကရပါလိမ့္မယ္။ လူေတြ ပိုၿပီး ဒုကၡေရာက္ၾကပါလိမ့္မယ္။ ျမန္မာျပည္သူေတြ အတြက္ ဒီအတိုင္းပဲ ေနာက္ထပ္ တႏွစ္ ဆက္သြားဖို႔ မျဖစ္ႏိုင္ပါဘူး။” - လို႔ မေလးရွားႏိုင္ငံကို ေရာက္ေနတဲ့ ကုလသမဂၢ အထူးကိုယ္စားလွယ္ Tom Andrews ေျပာသြားတာပါ။
ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္မႈေတြ ရပ္ၿပီး အျပဳသေဘာေဆာင္ ေတြ႕ဆံု ေဆြးေႏြးမႈေတြ ျဖစ္လာေရး ဘံုသေဘာတူညီခ်က္ ၅ ရပ္ အာဆီယံ အဖြဲ႔၀င္ႏိုင္ငံေတြၾကား ခ်မွတ္ထားေပမယ့္ ဒါကို လက္ေတြ႕ အေကာင္အထည္ မေဖာ္ႏိုင္ရင္ အလကားပဲလို႔လည္း အထူးကိုယ္စားလွယ္ Andrews က ေျပာပါတယ္။ ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီး မေလးရွား ႏိုင္ငံျခားေရး၀န္ႀကီးကေတာ့ လက္ေတြ႕က်က် အေကာင္အထည္ေဖာ္လိုေတာ ေတြ႕ရၿပီး သူ႔ရဲ႕ အၾကံျပဳခ်က္ေတြကို တျခား အာဆီယံေခါင္းေတြက လက္ခံ ေဆာင္ရြက္မယ္ဆိုရင္ တိုးတက္မႈေတြ ရလာႏိုင္တယ္လို႔လည္း မစၥတာ Andrews ကေျပာပါတယ္။
လက္ရွိမွာေတာ့ ျမန္မာ့အေရးနဲ႔ပတ္သက္လို႔ အာဆီယံရဲ႕ ႀကိဳးပမ္းအားထုတ္မႈေတြ ေရွ႕မတိုးႏိုင္ ျဖစ္ေနတာေၾကာင့္ ကုလသမဂၢ အထူး ကိုယ္စားလွယ္ အပါအ၀င္ လူ႔အခြင့္အေရးအဖြဲ႔ေတြက ေ၀ဖန္ေနၾကတာပါ။ ေရွ႕လထဲ ျမန္မာစစ္တပ္ က်င္းပဖို႔ စီစဥ္ေနတဲ့ ေရြးေကာက္ပြဲ နဲ႔ပတ္သက္လို႔လည္း အတိုက္အခံေတြကို အက်ဥ္းခ်ထားၿပီး က်င္းပမယ့္ ဒီေရြးေကာက္ပြဲဟာ ဘယ္လိုမွ လြတ္လပ္ၿပီး တရားမွ်တမႈ မရွိႏိုင္ဘူးလို႔ အထူးကိုယ္စားလွယ္ Tom Andrews က ေ၀ဖန္ေျပာဆိုသြားခဲ့ပါတယ္။
============
[[Unicode]]
အာဆီယံအနေနဲ့ စစ်ကောင်စီကို ဖိအားပေးဖို့ ကုလ လူ့အခွင့်အကိုယ်စားလှယ် တိုက်တွန်း
အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ အာဆီယံအနေနဲ့ မြန်မာစစ်တပ်အပေါ် ဖိအား တိုးမြှင့် မပေးနိုင်ဘူးဆိုရင် နောက်ထပ် လူ့အသက်တွေ ဆုံးရှုံးရပြီး အတိဒုက္ခတွေ ပိုပြီး ခံစားကြရလိမ့်မယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က ဒီကနေ့ သတိပေး ပြောဆိုလိုက်ပါတယ်။
“အချိန်တွေ ပိုယူပြီး ထိရောက်တဲ့ ဆောင်ရွက်ချက် ဘာမှမလုပ်နိုင်ဘူးဆိုရင် လူတွေ ပိုပြီး သေကြေကြရပါလိမ့်မယ်။ လူတွေ ပိုပြီး ဒုက္ခရောက်ကြပါလိမ့်မယ်။ မြန်မာပြည်သူတွေ အတွက် ဒီအတိုင်းပဲ နောက်ထပ် တနှစ် ဆက်သွားဖို့ မဖြစ်နိုင်ပါဘူး။” - လို့ မလေးရှားနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews ပြောသွားတာပါ။
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ရပ်ပြီး အပြုသဘောဆောင် တွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်လာရေး ဘုံသဘောတူညီချက် ၅ ရပ် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကြား ချမှတ်ထားပေမယ့် ဒါကို လက်တွေ့ အကောင်အထည် မဖော်နိုင်ရင် အလကားပဲလို့လည်း အထူးကိုယ်စားလှယ် Andrews က ပြောပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မလေးရှား နိုင်ငံခြားရေးဝန်ကြီးကတော့ လက်တွေ့ကျကျ အကောင်အထည်ဖော်လိုတော တွေ့ရပြီး သူ့ရဲ့ အကြံပြုချက်တွေကို တခြား အာဆီယံခေါင်းတွေက လက်ခံ ဆောင်ရွက်မယ်ဆိုရင် တိုးတက်မှုတွေ ရလာနိုင်တယ်လို့လည်း မစ္စတာ Andrews ကပြောပါတယ်။
လက်ရှိမှာတော့ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေ ရှေ့မတိုးနိုင် ဖြစ်နေတာကြောင့် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေကြတာပါ။ ရှေ့လထဲ မြန်မာစစ်တပ် ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲ နဲ့ပတ်သက်လို့လည်း အတိုက်အခံတွေကို အကျဉ်းချထားပြီး ကျင်းပမယ့် ဒီရွေးကောက်ပွဲဟာ ဘယ်လိုမှ လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ဘူးလို့ အထူးကိုယ်စားလှယ် Tom Andrews က ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။
============