သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တြန္ဂါႏိုင္ငံ ေရေအာက္မီးေတာင္ ေပါက္ကဲြမႈေၾကာင့္ ပစိဖိတ္ေဒသမွာ ဆူနာမီသတိေပး


တြန္ဂါ ေရေအာက္မီးေတာင္ ေပါက္ကြဲေနတဲ့ျမင္ကြင္း။ (ဇန္နဝါရီ ၁၅၊ ၂၀၂၂)

(Zawgyi / Unicode)

ပစိဖိတ္သမုဒၵရာ ေတာင္ပိုင္း ကၽြန္းႏုိင္ငံငယ္ေလး တြန္ဂါကမ္းလြန္မွာ စေနေန႔က ေရေအာက္မီးေတာင္ ေပါက္ကြဲမႈေၾကာင့္ ဂ်ပန္ႏိုင္ငံက ဆူနာမီ သတိေပးခ်က္ေတြနဲ႔ အတူ ေဘးလြတ္ရာေရွာင္တိမ္းဖို႔ အမိန္႔ေတြ ထုတ္ျပန္ခဲ့ရပါတယ္။ ပစိဖိတ္ေတာင္ပိုင္းက ကၽြန္းငယ္ အမ်ားအျပားမွာလည္း ႀကီးမားတဲ့ လႈိင္းလံုးႀကီးေတြ ဖံုးလႊမ္းခဲ့ၿပီး ကမ္း႐ိုးတန္းက အိမ္ေတြ ပ်က္စီးခဲ့ရတာကို လူမႈမီဒီယာေတြမွာ ေဖာ္ျပေနၾကပါတယ္။

ဂ်ပန္မိုးေလဝသဌာနက တနဂၤေႏြေန႔ အေစာပိုင္းမွာ ဆူနာမီ သတိေပးခ်က္ေတြနဲ႔အတူ ေတာင္ပိုင္းက Amami ကၽြန္းေတြမွာဆို လႈိင္းလံုးႀကီးေတြက အျမင့္ ၁၀ ေပေလာက္အထိ ရွိလာႏိုင္တယ္လို႔ သတိေပးထားပါတယ္။ ေဒသခံေတြအေနနဲ႔ ဆူနာမီ သတိေပးခ်က္ေတြ မ႐ုပ္သိမ္းခင္မွာ ပင္လယ္နားမသြားၾကဖို႔လည္း ဂ်ပန္မိုးေလဝသဌာနက တိုက္တြန္းပါတယ္။ ဒီသတိေပးခ်က္ကို ဂ်ပန္က ေနရာအမ်ားအျပားအတြက္ ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

ငလ်င္ေၾကာင့္ ေပၚေပါက္လာတဲ့ ဆူနာမီ ေရလႈိင္းႀကီးေတြရဲ႕ အေနအထားနဲ႔ ပင္လယ္ေရျမင့္တက္မႈ အေျခေနဟာ တြက္ဆမရသလို အခု ေရလႈိင္းေတြဟာလည္း ဆူနာမီဟုတ္မဟုတ္ မသိရေသးေၾကာင္း သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ဆူနာမီ ေရလႈိင္းႀကီးေတြကို တြန္ဂါရဲ႕ ၿမိဳ႕ေတာ္နဲ႔ American Samoa ရဲ႕ ၿမိဳ႕ေတာ္ေတြမွာ ေတြ႔ရွိရေၾကာင္း အေမရိကန္အေျခစိုက္ ဆူနာမီ ေစာင့္ၾကည့္တိုင္းတာေရးစခန္းက ေျပာပါတယ္။ ဒီ ဆူနာမီ ေရလႈိင္းေတြဟာ ေရေအာက္မီးေတာင္ Hunga Tonga-Hunga ေပါက္ကြဲမႈေနာက္မွာ ေပၚလာတာလို႔ ေျပာပါတယ္။

မီးေတာင္ဟာ Nuku'alofa ေျမာက္ဘက္ မိုင္ ၄၀ ေလာက္အကြာမွာ ရွိၿပီး ၄ ေပအျမင့္ရွိတဲ့ ဆူနာမီ ေရလႈိင္းေတြကို ျဖစ္ေပၚေစတယ္လို႔ ၾသစေၾတးလ် မိုးေလဝသဌာနက ေျပာပါတယ္။ ဒါ့အျပင္ သူတို႔ဟာ ဒီအေျခအေနကို ဆက္လက္ ေစာင့္ၾကည့္ေနေၾကာင္းနဲ႔ အခုခ်ိန္အထိေတာ့ ၾသစေၾတးလ် ကုန္းပိုင္းနဲ႔ ကၽြန္းေတြအတြက္ သတိေပးခ်က္ ထုတ္ျပန္စရာ မလိုဘူးလို႔လည္း ေျပာပါတယ္။ နယူးဇီလန္ကလည္း ႏိုင္ငံေျမာက္ပိုင္းနဲ႔ အေနာက္ပိုင္းကမ္း႐ိုးတန္းေတြအတြက္ ဆူနာမီ ေရလႈိင္းအႏၲရာယ္ကို သတိျပဳဖို႔ တိုက္တြန္းခဲ့ပါတယ္။

ဆူနာမီ ေရလႈိင္းႀကီးေတြေၾကာင့္ ထိခိုက္ေသဆုံးမႈ ရွိမရွိဆိုတာေတာ့ မသိရေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

-----------------

(Unicode)

တွန်ဂါနိုင်ငံ ရေအောက်မီးတောင် ပေါက်ကွဲမှုကြောင့် ပစိဖိတ်ဒေသမှာ ဆူနာမီသတိပေး

ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်း ကျွန်းနိုင်ငံငယ်လေး တွန်ဂါကမ်းလွန်မှာ စနေနေ့က ရေအောက်မီးတောင် ပေါက်ကွဲမှုကြောင့် ဂျပန်နိုင်ငံက ဆူနာမီ သတိပေးချက်တွေနဲ့ အတူ ဘေးလွတ်ရာရှောင်တိမ်းဖို့ အမိန့်တွေ ထုတ်ပြန်ခဲ့ရပါတယ်။ ပစိဖိတ်တောင်ပိုင်းက ကျွန်းငယ် အများအပြားမှာလည်း ကြီးမားတဲ့ လှိုင်းလုံးကြီးတွေ ဖုံးလွှမ်းခဲ့ပြီး ကမ်းရိုးတန်းက အိမ်တွေ ပျက်စီးခဲ့ရတာကို လူမှုမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

ဂျပန်မိုးလေဝသဌာနက တနင်္ဂနွေနေ့ အစောပိုင်းမှာ ဆူနာမီ သတိပေးချက်တွေနဲ့အတူ တောင်ပိုင်းက Amami ကျွန်းတွေမှာဆို လှိုင်းလုံးကြီးတွေက အမြင့် ၁၀ ပေလောက်အထိ ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။ ဒေသခံတွေအနေနဲ့ ဆူနာမီ သတိပေးချက်တွေ မရုပ်သိမ်းခင်မှာ ပင်လယ်နားမသွားကြဖို့လည်း ဂျပန်မိုးလေဝသဌာနက တိုက်တွန်းပါတယ်။ ဒီသတိပေးချက်ကို ဂျပန်က နေရာအများအပြားအတွက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ငလျင်ကြောင့် ပေါ်ပေါက်လာတဲ့ ဆူနာမီ ရေလှိုင်းကြီးတွေရဲ့ အနေအထားနဲ့ ပင်လယ်ရေမြင့်တက်မှု အခြေနေဟာ တွက်ဆမရသလို အခု ရေလှိုင်းတွေဟာလည်း ဆူနာမီဟုတ်မဟုတ် မသိရသေးကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဆူနာမီ ရေလှိုင်းကြီးတွေကို တွန်ဂါရဲ့ မြို့တော်နဲ့ American Samoa ရဲ့ မြို့တော်တွေမှာ တွေ့ရှိရကြောင်း အမေရိကန်အခြေစိုက် ဆူနာမီ စောင့်ကြည့်တိုင်းတာရေးစခန်းက ပြောပါတယ်။ ဒီ ဆူနာမီ ရေလှိုင်းတွေဟာ ရေအောက်မီးတောင် Hunga Tonga-Hunga ပေါက်ကွဲမှုနောက်မှာ ပေါ်လာတာလို့ ပြောပါတယ်။

မီးတောင်ဟာ Nuku'alofa မြောက်ဘက် မိုင် ၄၀ လောက်အကွာမှာ ရှိပြီး ၄ ပေအမြင့်ရှိတဲ့ ဆူနာမီ ရေလှိုင်းတွေကို ဖြစ်ပေါ်စေတယ်လို့ သြစတြေးလျ မိုးလေဝသဌာနက ပြောပါတယ်။ ဒါ့အပြင် သူတို့ဟာ ဒီအခြေအနေကို ဆက်လက် စောင့်ကြည့်နေကြောင်းနဲ့ အခုချိန်အထိတော့ သြစတြေးလျ ကုန်းပိုင်းနဲ့ ကျွန်းတွေအတွက် သတိပေးချက် ထုတ်ပြန်စရာ မလိုဘူးလို့လည်း ပြောပါတယ်။ နယူးဇီလန်ကလည်း နိုင်ငံမြောက်ပိုင်းနဲ့ အနောက်ပိုင်းကမ်းရိုးတန်းတွေအတွက် ဆူနာမီ ရေလှိုင်းအန္တရာယ်ကို သတိပြုဖို့ တိုက်တွန်းခဲ့ပါတယ်။

ဆူနာမီ ရေလှိုင်းကြီးတွေကြောင့် ထိခိုက်သေဆုံးမှု ရှိမရှိဆိုတာတော့ မသိရသေးပါဘူး။

XS
SM
MD
LG