သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖမ္းခံထားရတဲ့ မွတ္တမ္း႐ုပ္ရွင္႐ိုက္ကူးသူ ျပန္လႊတ္ေပးဖို႔ ဂ်ပန္အစိုးရ ေတာင္းဆို


ျမန္မာႏိုင္ငံမွာ တနဂၤေႏြေန႔က စစ္အစိုးရကို ဆန္႔က်င္ဆႏၵျပသူေတြကို မွတ္တမ္း႐ုပ္ရွင္သြားေရာက္႐ိုက္ကူးရင္း ဖမ္းဆီးခံရသူ ဂ်ပန္သတင္းေထာက္ Toru Kubota ကိုျပန္လႊတ္ေပးဖို႔ တိုက်ဳိသံ႐ံုးေရွ႕မွာ ဆႏၵျပေနသူမ်ား (ဇူလိုင္ ၃၁၊ ၂၀၂၂)


[[Zawgyi/Unicode]]

တနဂၤေႏြေန႔က ျမန္မာႏိုင္ငံမွာ ဆႏၵျပပြဲကိုသတင္းယူရင္းဖမ္ဆီးခံရတဲ့ ဂ်ပန္ႏိုင္ငံသား မွတ္တမ္း႐ုပ္ရွင္႐ိုက္ကူးသူ Toru Kubota ျပန္လႊတ္ေပးဖို႔အတြက္ ဂ်ပန္အစိုးရက ျမန္မာေကာင္စီကို ေတာင္းဆိုလိုက္ပါတယ္။

ဂ်ပန္ႏိုင္ငံသားကို ျပန္လႊတ္ေပးဖို႔ ျမန္မာအာဏာပိုင္ေတြကို ဂ်ပန္သံ႐ုံးက ေမတၱာရပ္ခံထားပါတယ္။ သူ အေစာဆုံးလြတ္ေျမာက္ဖို႔အတြက္ သတင္းအခ်က္ေတြ စုေဆာင္းၿပီး ေတာင္းဆိုသြားမွာပါလို႔ ဂ်ပန္အစိုးရဝန္ႀကီးအဖြဲ႔ ဒုတိယအတြင္းဝန္ Seiji Kihara က ေျပာဆိုသြားတာပါ။

ဂ်ဳလိုင္လ ၃၀ ရက္ေန႔က ဆႏၵျပပြဲကို မွတ္တမ္းတင္ဗြီဒီယို႐ိုက္ရင္း ဂ်ပန္ႏိုင္ငံသားတေယာက္ ဖမ္းဆီးခံခဲ့ရတယ္ဆိုတာကို ဂ်ပန္သံ႐ုံးက အတည္ျပဳတဲ့အေၾကာင္း Seiji Kihara က ေျပာဆိုေပမယ့္ နာမည္ကိုေတာ့ ဒီေန႔ သတင္းစာရွင္းလင္းပြဲမွာ ထုတ္ေဖၚေျပာဆိုျခင္း မရွိပါဘူး။

ဂ်ပန္ႏိုင္ငံ တိုက်ဳိၿမိဳ႕၊ ဂ်ပန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနအျပင္မွာေတာ့ အသက္ ၂၆ ႏွစ္အ႐ြယ္ Toru Kubota ျပန္လည္လြတ္ေျမာက္ေရးအတြက္ မေန႔က ဆႏၵျပ ေတာင္းဆိုပြဲေတြ က်င္းပခဲ့ၾကပါတယ္။ ဖမ္းဆီးခံရတဲ့ Toru Kubota ဟာ စစ္တပ္အာဏာသိမ္းၿပီေနာက္ပိုင္း ဒုတိယေျမာက္ ဖမ္းဆီးခံရတဲ့ ဂ်ပန္ႏိုင္ငံသားျဖစ္ပါတယ္။ ဖမ္းဆီးတာနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က တရားဝင္ ထုတ္ေဖၚေျပာဆိုတာမရွိေသးပါဘူး။

ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလအတြင္းကလည္း ျမန္မာႏိုင္ငံအတြင္းက ဆႏၵျပပြဲေတြကို သတင္းယူခဲ့တဲ့ ဂ်ပန္သတင္းေထာက္ Yuki Kitazumi ကို ျမန္မာစစ္ေကာင္စီက ဖမ္းဆီးခဲ့ၿပီး ၄ လအၾကာ ေမလမွာ ျပန္လႊတ္ေပးခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ၂၀၀၇ ခုႏွစ္ကေတာ့ ေရႊဝါေရာင္ သံဃာ့လႈပ္ရွားမႈေခၚ ဆႏၵျပပြဲအတြင္း သတင္းယူခဲ့တဲ့ ဂ်ပန္သတင္းေထာက္ Kenji Nagai ျမန္မာ လုံျခဳံေရးတပ္ဖြဲ႕ဝင္ေတြရဲ႕ လက္ခ်က္နဲ႔ ေသနတ္မွန္ ေသဆုံးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================


[[Unicode]]

ဖမ်းခံထားရတဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရ တောင်းဆို

တနင်္ဂနွေနေ့က မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲကိုသတင်းယူရင်းဖမ်ဆီးခံရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Toru Kubota ပြန်လွှတ်ပေးဖို့အတွက် ဂျပန်အစိုးရက မြန်မာကောင်စီကို တောင်းဆိုလိုက်ပါတယ်။

ဂျပန်နိုင်ငံသားကို ပြန်လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေကို ဂျပန်သံရုံးက မေတ္တာရပ်ခံထားပါတယ်။ သူ အစောဆုံးလွတ်မြောက်ဖို့အတွက် သတင်းအချက်တွေ စုဆောင်းပြီး တောင်းဆိုသွားမှာပါလို့ ဂျပန်အစိုးရဝန်ကြီးအဖွဲ့ ဒုတိယအတွင်းဝန် Seiji Kihara က ပြောဆိုသွားတာပါ။

ဂျုလိုင်လ ၃၀ ရက်နေ့က ဆန္ဒပြပွဲကို မှတ်တမ်းတင်ဗွီဒီယိုရိုက်ရင်း ဂျပန်နိုင်ငံသားတယောက် ဖမ်းဆီးခံခဲ့ရတယ်ဆိုတာကို ဂျပန်သံရုံးက အတည်ပြုတဲ့အကြောင်း Seiji Kihara က ပြောဆိုပေမယ့် နာမည်ကိုတော့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖေါ်ပြောဆိုခြင်း မရှိပါဘူး။

ဂျပန်နိုင်ငံ တိုကျိုမြို့၊ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနအပြင်မှာတော့ အသက် ၂၆ နှစ်အရွယ် Toru Kubota ပြန်လည်လွတ်မြောက်ရေးအတွက် မနေ့က ဆန္ဒပြ တောင်းဆိုပွဲတွေ ကျင်းပခဲ့ကြပါတယ်။ ဖမ်းဆီးခံရတဲ့ Toru Kubota ဟာ စစ်တပ်အာဏာသိမ်းပြီနောက်ပိုင်း ဒုတိယမြောက် ဖမ်းဆီးခံရတဲ့ ဂျပန်နိုင်ငံသားဖြစ်ပါတယ်။ ဖမ်းဆီးတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တရားဝင် ထုတ်ဖေါ်ပြောဆိုတာမရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလအတွင်းကလည်း မြန်မာနိုင်ငံအတွင်းက ဆန္ဒပြပွဲတွေကို သတင်းယူခဲ့တဲ့ ဂျပန်သတင်းထောက် Yuki Kitazumi ကို မြန်မာစစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၄ လအကြာ မေလမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ်ကတော့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုခေါ် ဆန္ဒပြပွဲအတွင်း သတင်းယူခဲ့တဲ့ ဂျပန်သတင်းထောက် Kenji Nagai မြန်မာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ သေနတ်မှန် သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG