သံုးရလြယ္ကူေစသည့္ Link မ်ား

ဂ်ပန္ႏိုင္ငံသား Toru Kubota ကိုေထာင္ ၇ ႏွစ္ခ်


မွတ္တမ္း႐ုပ္ရွင္ ႐ိုက္ကူးသူ ဂ်ပန္ႏိုင္ငံသား Toru Kubota (Photo: Toru Kubota's Facebook )

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ ေထာင္ဒဏ္ ၇ ႏွစ္ ျပစ္ဒဏ္ခ်မွတ္ခံလိုက္ရတဲ့ ဂ်ပန္ႏိုင္ငံသား မွတ္တမ္းတင္႐ုပ္ရွင္ ႐ိုက္ကူးသူ Toru Kubota ကို အျမန္ဆုံး ျပန္လႊတ္ေပးဖို႔ ဂ်ပန္ အစိုးရက ေတာင္းဆိုလိုက္ပါတယ္။

“Mr. Kubota ကို အျမန္ဆုံး ျပန္လည္လႊတ္ေပးဖို႔ ျမန္မာအာဏာပိုင္ေတြကို ဂ်ပန္ အစိုးရက ဆက္လက္တိုက္တြန္း ေတာင္းဆိုသြားပါ႕မယ္။ ဂ်ပန္ႏိုင္ငံသားေတြကို အကာအကြယ္ေပးေရးဖို႔တာဝန္ရွိတဲ့အတိုင္း၊ သံ႐ုံးေကာင္စစ္ဝင္နဲ႔ ေတြ႔ဆုံႏိုင္တာမ်ဳိး က်ေနာ္တို႔ဘက္ကစီစဥ္ထားသလို သူ႔မိသားစုနဲ႔ဆက္သြယ္တာမ်ဳိးေတြ ပ့ံပိုးေပးေနပါတယ္။ လိုအပ္တဲ့ပ့ံပိုးမႈေတြကို က်ေနာ့္ဘက္က အတတ္ႏိုင္ဆုံး ဆက္ေပးသြားမွာပါ” လို႔ ဂ်ပန္အစိုးရဝန္ႀကီးအဖြဲ႔၊ ဒုတိယအတြင္းဝန္ခ်ဳပ္ Yoshihiko Isozaki က ဒီေန႔ တိုက်ိဳသတင္းစာရွင္းလင္းပြဲမွာ ေျပာသြားတာျဖစ္ပါတယ္။

Toru Kubota ရဲ႕ က်န္းမာေရးအေျခအေန ေကာင္းမြန္ေၾကာင္းနဲ႔ ေအာက္တိုဘာလ ၅ ရက္ေန႔က သူ႔ေရွ႕ေနနဲ႔ ေတြ႕ခြင့္ရခဲ့တဲ့အေၾကာင္း ဒုတိယအတြင္းဝန္ခ်ဳပ္ Yoshihiko Isozaki က ေျပာပါတယ္။ က်န္းမာေရး ထူးထူးျခားျခား စိုးရိမ္စရာမရွိဘူးလို႔လည္း သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

Toru Kubota အေပၚ စြဲဆိုထားတဲ့ တပ္မေတာ္ၿပိဳကြဲ အၾကည္ညိဳပ်က္ေအာင္ လႈံ႕ေဆာ္ လုပ္ေဆာင္မႈ ပုဒ္မ ၅၀၅-က၊ အီလက္ထေရာနစ္ ဆက္သြယ္ေရး ပုဒ္မ ၃၃ (က) တို႔နဲ႔ တေပါင္းတည္းေထာင္ဒဏ္ ၇ ႏွစ္ ဗုဒၶဟူးေန႔က ျပစ္ဒဏ္ခ်ခ့ဲတာျဖစ္ပါတယ္။ ဗီဇာ စည္းကမ္းေဖာက္ဖ်က္မႈနဲ႔ လဝကဥပေဒ ၁၃ (၁) အတြက္ကိုေတာ့ ဆက္လက္စစ္ေဆးဆဲျဖစ္ပါတယ္။ ဒီအမႈေတြကို စတင္စစ္ေဆးတဲ့ ၾသဂုတ္လတုန္းကေတာ့ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံအမတ္ႀကီးနဲ႕ Toru Kubota တို႔ တယ္လီဖုံးဆက္စကားေျပာ ခြင့္ရခဲ့ပါတယ္။ လူခ်င္းေတြ႕ဆုံခြင့္ ဂ်ပန္သံ႐ုံးက ေတာင္းခံတာေတာ့ ကိုဗစ္ကပ္ ေရာဂါကာကြယ္ေရး စည္းမ်ဥ္းနဲ႔ တျခားအေၾကာင္းေတြေၾကာင့္ ေတ႔ြခြင့္မျပဳႏိုင္ဘူးလို႔ ျငင္းဆိုထားေၾကာင္း ဂ်ပန္သံအရာရွိေတြဘက္က ေျပာပါတယ္။

Toru Kubota ဟာ ျမန္မာႏိုင္ငံမွာ ဆႏၵျပပြဲကို သတင္းယူရင္း ဇူလိုင္လ ၃၀ ရက္ေန႔က ဖမ္းဆီးခံခဲ့ရတာပါ။ စစ္ေကာင္စီဘက္ကေတာ့ Toru Kubota ဟာ သတင္းယူဖို႔အတြက္ ဆႏၵျပပြဲမွာပါဝင္သူေတြနဲ႔ ဆက္သြယ္ခ်ိန္းဆိုခဲ့ေၾကာင္း ဝန္ခံခဲ့တယ္ လို႔ ဆိုခဲ့ပါတယ္။ ၂၀၂၁ ခုႏွစ္က စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးခံရတဲ့ ဒုတိယေျမာက္ ဂ်ပန္ႏိုင္ငံသားျဖစ္ပါတယ္။ စစ္အာဏာသိမ္းၿပီးခ်ိန္ဖမ္းဆီးခံရတဲ့ ဂ်ပန္သတင္းေထာက္ Yuki Kitazumi ကိုေတာ့ လပိုင္းအၾကာမွာ စစ္ေကာင္စီက ျပည္ႏွင္ဒဏ္ေပးလိုက္ပါတယ္။

ဂ်ပန္ႏိုင္ငံသား Toru Kubota ကိုေထာင္ ၇ ႏွစ္ခ်.mp3
please wait

No media source currently available

0:00 0:01:41 0:00
တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ဂျပန်နိုင်ငံသား Toru Kubota ကိုထောင် ၇ နှစ်ချ


မြန်မာနိုင်ငံမှာ ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးသူ Toru Kubota ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဂျပန် အစိုးရက တောင်းဆိုလိုက်ပါတယ်။

“Mr. Kubota ကို အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေကို ဂျပန် အစိုးရက ဆက်လက်တိုက်တွန်း တောင်းဆိုသွားပါ့မယ်။ ဂျပန်နိုင်ငံသားတွေကို အကာအကွယ်ပေးရေးဖို့တာဝန်ရှိတဲ့အတိုင်း၊ သံရုံးကောင်စစ်ဝင်နဲ့ တွေ့ဆုံနိုင်တာမျိုး ကျနော်တို့ဘက်ကစီစဉ်ထားသလို သူ့မိသားစုနဲ့ဆက်သွယ်တာမျိုးတွေ ပံ့ပိုးပေးနေပါတယ်။ လိုအပ်တဲ့ပံ့ပိုးမှုတွေကို ကျနော့်ဘက်က အတတ်နိုင်ဆုံး ဆက်ပေးသွားမှာပါ” လို့ ဂျပန်အစိုးရဝန်ကြီးအဖွဲ့၊ ဒုတိယအတွင်းဝန်ချုပ် Yoshihiko Isozaki က ဒီနေ့ တိုကျိုသတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာဖြစ်ပါတယ်။

Toru Kubota ရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်းနဲ့ အောက်တိုဘာလ ၅ ရက်နေ့က သူ့ရှေ့နေနဲ့ တွေ့ခွင့်ရခဲ့တဲ့အကြောင်း ဒုတိယအတွင်းဝန်ချုပ် Yoshihiko Isozaki က ပြောပါတယ်။ ကျန်းမာရေး ထူးထူးခြားခြား စိုးရိမ်စရာမရှိဘူးလို့လည်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Toru Kubota အပေါ် စွဲဆိုထားတဲ့ တပ်မတော်ပြိုကွဲ အကြည်ညိုပျက်အောင် လှုံ့ဆော် လုပ်ဆောင်မှု ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေး ပုဒ်မ ၃၃ (က) တို့နဲ့ တပေါင်းတည်းထောင်ဒဏ် ၇ နှစ် ဗုဒ္ဓဟူးနေ့က ပြစ်ဒဏ်ချခဲ့တာဖြစ်ပါတယ်။ ဗီဇာ စည်းကမ်းဖောက်ဖျက်မှုနဲ့ လဝကဥပဒေ ၁၃ (၁) အတွက်ကိုတော့ ဆက်လက်စစ်ဆေးဆဲဖြစ်ပါတယ်။ ဒီအမှုတွေကို စတင်စစ်ဆေးတဲ့ သြဂုတ်လတုန်းကတော့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနဲ့ Toru Kubota တို့ တယ်လီဖုံးဆက်စကားပြော ခွင့်ရခဲ့ပါတယ်။ လူချင်းတွေ့ဆုံခွင့် ဂျပန်သံရုံးက တောင်းခံတာတော့ ကိုဗစ်ကပ် ရောဂါကာကွယ်ရေး စည်းမျဉ်းနဲ့ တခြားအကြောင်းတွေကြောင့် တေ့ွခွင့်မပြုနိုင်ဘူးလို့ ငြင်းဆိုထားကြောင်း ဂျပန်သံအရာရှိတွေဘက်က ပြောပါတယ်။

Toru Kubota ဟာ မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲကို သတင်းယူရင်း ဇူလိုင်လ ၃၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာပါ။ စစ်ကောင်စီဘက်ကတော့ Toru Kubota ဟာ သတင်းယူဖို့အတွက် ဆန္ဒပြပွဲမှာပါဝင်သူတွေနဲ့ ဆက်သွယ်ချိန်းဆိုခဲ့ကြောင်း ဝန်ခံခဲ့တယ် လို့ ဆိုခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရတဲ့ ဒုတိယမြောက် ဂျပန်နိုင်ငံသားဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးချိန်ဖမ်းဆီးခံရတဲ့ ဂျပန်သတင်းထောက် Yuki Kitazumi ကိုတော့ လပိုင်းအကြာမှာ စစ်ကောင်စီက ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။

XS
SM
MD
LG