[[Zawgyi/Unicode]]
ရန္ကုန္သီလဝါအထူးစီးပြားေရးဇံုမွာရွိတဲ့ Toyota ကားစက္ရံုမွာ ကားတပ္ဆင္တဲ့လုပ္ငန္းေတြ ျပန္လည္ စတင္ေနပါတယ္။ ကိုဗစ္ကပ္ေရာဂါနဲ႔ အာဏာသိမ္းမႈေၾကာင့္ ၁၉ လေက်ာ္ၾကာ ရပ္ဆိုင္းထားရတဲ့ ကားစက္ရံုသစ္မွာ ကားေတြကို စတင္တပ္ဆင္ေနၿပီလို႔ Toyota ကုမၸဏီက သတင္းထုတ္ျပန္ပါတယ္။
စက္တင္ဘာလက ျမန္မာႏိုင္ငံကိုတင္ပို႔ထားတဲ့ ကားအစိတ္အပိုင္းေတြနဲ႔ (Hilux) ဟိုင္းလက္စ္ကား တေန႔ကို ၁ စီး ဒါမွမဟုတ္ ၂ စီး တပ္ဆင္ေနတယ္လို႔ ကားကုမၸဏီက ေျပာပါတယ္။
ျမန္မာႏိုင္ငံအတြင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြၾကာင့္ ရင္းႏွီးျမွဳပ္ႏွံမႈေတြ ႐ုပ္သိမ္းဖို႔ ႏိုင္ငံတကာက ဖိအားေပးေနခ်ိန္မွာပဲ Toyota ကုမၸဏီကေတာ့ အခုလို ျပန္စလုပ္လိုက္တာပါ။ ျမန္မာႏိုင္ငံအတြင္း စက္မႈလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ေရး မူလရည္႐ြယ္ခ်က္နဲ႔အညီ လုပ္ကိုင္တာျဖစ္ၿပီး ဝန္ထမ္းေတြနဲ႔ မိသားစုေတြရဲ႕လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးဖို႔ ျဖစ္တယ္လို႔လည္း Toyota ကုမၸဏီက ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
အခုလို ျပန္စႏိုင္ဖို႔ ဒီႏွစ္ ၾသဂုတ္လထဲက ကုမၸဏီမွတ္ပံုတင္ေရး Toyota ကုမၸဏီက စလုပ္ခဲ့ၿပီး အခုေတာ့ မေန႔ အဂၤါကစၿပီး ကားအမွာေတြ လက္ခံေနၿပီလို႔လည္း Nikkei Asia သတင္းမွာ ေဖာ္ျပထားပါတယ္။ အရင္မူလ အစီအစဥ္အရေတာ့ အေမရိကန္ေဒၚလာ ၅၂.၆ သန္း ရင္းႏွီးျမွဳပ္ႏွံၿပီး တႏွစ္ကို ျမန္မာႏိုင္ငံထဲကေန Hilux အမ်ိဳးအစား Pickup ကား အစင္းေရ ၂,၅၀၀ ထုတ္ဖို႔ ၂၀၁၉ ခုႏွစ္ ေမလတုန္းက Toyota ကုမၸဏီက ေၾကညာထားပါတယ္။
ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း Kiren ဘီယာလုပ္ငန္း၊ ENEOS သဘာဝဓါတ္ေငြ႔ လုပ္ငန္းအပါအဝင္ ဂ်ပန္စီးပြားေရးလုပ္ငန္းတခ်ဳိ႕ ျမန္မာႏိုင္ငံထဲက လုပ္ငန္းေတြ ရပ္ဆိုင္း႐ုပ္သိမ္းခဲ့ၾကပါတယ္။
===========
[[Unicode]]
Toyota ကားစက်ရုံလုပ်ငန်းတွေ စတင်လည်ပတ်
ရန်ကုန်သီလဝါအထူးစီးပွားရေးဇုံမှာရှိတဲ့ Toyota ကားစက်ရုံမှာ ကားတပ်ဆင်တဲ့လုပ်ငန်းတွေ ပြန်လည် စတင်နေပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းမှုကြောင့် ၁၉ လကျော်ကြာ ရပ်ဆိုင်းထားရတဲ့ ကားစက်ရုံသစ်မှာ ကားတွေကို စတင်တပ်ဆင်နေပြီလို့ Toyota ကုမ္ပဏီက သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာလက မြန်မာနိုင်ငံကိုတင်ပို့ထားတဲ့ ကားအစိတ်အပိုင်းတွေနဲ့ (Hilux) ဟိုင်းလက်စ်ကား တနေ့ကို ၁ စီး ဒါမှမဟုတ် ၂ စီး တပ်ဆင်နေတယ်လို့ ကားကုမ္ပဏီက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြာင့် ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းဖို့ နိုင်ငံတကာက ဖိအားပေးနေချိန်မှာပဲ Toyota ကုမ္ပဏီကတော့ အခုလို ပြန်စလုပ်လိုက်တာပါ။ မြန်မာနိုင်ငံအတွင်း စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး မူလရည်ရွယ်ချက်နဲ့အညီ လုပ်ကိုင်တာဖြစ်ပြီး ဝန်ထမ်းတွေနဲ့ မိသားစုတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ဖြစ်တယ်လို့လည်း Toyota ကုမ္ပဏီက ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အခုလို ပြန်စနိုင်ဖို့ ဒီနှစ် သြဂုတ်လထဲက ကုမ္ပဏီမှတ်ပုံတင်ရေး Toyota ကုမ္ပဏီက စလုပ်ခဲ့ပြီး အခုတော့ မနေ့ အင်္ဂါကစပြီး ကားအမှာတွေ လက်ခံနေပြီလို့လည်း Nikkei Asia သတင်းမှာ ဖော်ပြထားပါတယ်။ အရင်မူလ အစီအစဉ်အရတော့ အမေရိကန်ဒေါ်လာ ၅၂.၆ သန်း ရင်းနှီးမြှုပ်နှံပြီး တနှစ်ကို မြန်မာနိုင်ငံထဲကနေ Hilux အမျိုးအစား Pickup ကား အစင်းရေ ၂,၅၀၀ ထုတ်ဖို့ ၂၀၁၉ ခုနှစ် မေလတုန်းက Toyota ကုမ္ပဏီက ကြေညာထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း Kiren ဘီယာလုပ်ငန်း၊ ENEOS သဘာဝဓါတ်ငွေ့ လုပ်ငန်းအပါအဝင် ဂျပန်စီးပွားရေးလုပ်ငန်းတချို့ မြန်မာနိုင်ငံထဲက လုပ်ငန်းတွေ ရပ်ဆိုင်းရုပ်သိမ်းခဲ့ကြပါတယ်။