သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နီေပါ - တ႐ုတ္ ဆက္စပ္မယ့္ ဟိမ၀ႏၱာစႀကၤ ံ ရထားလမ္း ျပႆနာ


တရုတ္သမၼတ ရွီက်င္းပင္ နီေပါႏုိ္င္ငံကို ေအာက္တိုဘာလ ၁၂ ရက္က သြားေရာက္ခဲ့တဲ့ ႏွစ္ရက္ၾကာ ခ်စ္ၾကည္ေရးခရီးစဥ္ အတြင္း တရုတ္ႏုိ္င္ငံ အကူအညီနဲ႔ ဟိမ၀ႏၱာေတာင္တန္းကို ျဖတ္ေက်ာ္ ေဖာက္လုပ္မယ့္ ရထားလမ္း တည္ေဆာက္ေရး သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးႏုိ္င္ခဲ့ တာေၾကာင့္ ေဒသအတြင္း တရုတ္ႏုိင္ငံရဲ႕ ၾသဇာ လႊမ္းမိုးမႈ ပိုၾကီးမားလာမွာျဖစ္ပါတယ္။ နီေပါျပည္သူေတြအၾကား ဒီ သေဘာတူညီခ်က္ အေပၚ သေဘာထား ကြဲျပားေနတဲ့ နည္းတူ အိႏိၵယႏို္င္ငံကလည္း သူ႔ အိမ္နီးခ်င္းႏို္င္ငံ အေပၚ တရုတ္တို႔ ၾသဇာ လႊမ္မိုးမႈ ျမင့္တက္လာမွာကို စိုးရိမ္ေနပါတယ္။ VOA သတင္းေထာက္ Anjana Pasricha နယူးေဒလီကေန သတင္း ေပးပို႔ထားတာကို ကိုရဲမင္းထြန္း ေျပာျပ ေပးပါမယ္။

ဟိမ၀ႏၱာေတာင္တန္းကို ျဖတ္ေက်ာ္ျပီး နီေပါႏုိင္ငံအတြင္းထိ ရထားလမ္း ေဖာက္လုပ္မယ့္ တရုတ္ႏုိင္ငံရဲ႕ စီမံကိန္းဟာ ေတာင္အာရွေဒသထဲ တရုတ္တို႔ အတြင္းက်က် ၀င္ေရာက္ႏုိင္ဖုိ႔ ဖန္တီးေပးမွာ ျဖစ္သလို အိႏိၵယ နယ္စပ္အနား မဟာဗ်ဴဟာအရ တရုတ္ၾသဇာ လႊမ္းမိုးႏုိင္မႈလည္း ျမင့္မားလာေစမွာပါ။ ဒီလုိ ရည္မွန္းခ်က္ ၾကီးမားတဲ့ စီမံကိန္းဟာ အမ်ားက အနီးကပ္ ေစာင့္ၾကည့္ခံရမယ့္ စီမံကိန္းတစ္ခု ျဖစ္ပါတယ္။

တရုတ္ႏုိင္ငံရဲ႕ ရပ္၀န္းတစ္ခု လမ္းတစ္ခု ခါးပတ္လမ္း စီမံကိန္းေအာက္ ေဆာက္လုပ္မယ့္ဒီ ရထားလမ္းေဖာက္လုပ္မႈကို အိႏိၵယတို႔ စိုးရိမ္တဲ့ နည္းတူ နီေပါျပည္သူေတြ အၾကားလည္း သေဘာထား ကြဲျပားေနၾကပါတယ္။ ဒီ စီမံကိန္းေၾကာင့္ အာရွအင္အားၾကီး ႏွစ္ႏုိင္ငံအၾကား ရွိတဲ့ နီေပါႏုိင္ငံငယ္ေလးအတြက္ ဖြံ႕ျဖိဳးတိုးတက္ေရးကိုပဲ ျဖစ္ေပၚေစမလား၊ အေၾကြးႏြံ ထဲ နစ္သြားေစမလားဆိုတဲ့ အျမင္ေတြ ကြဲျပားေနတာပါ။
အခ်က္ ၂၀ ပါ၀င္တဲ့ သေဘာတူညီခ်က္ထဲ ဟိမ၀ႏၱာေကာရီဒါ လမ္းေၾကာင္းဟာ အေရးအၾကီးဆုံးပါ။ အဲဒီ နယ္စပ္ျဖတ္ေက်ာ္ ရထားလမ္း ဟာ တိဘက္ကေန ခတၱမႏၵဴ၊ အဲဒီကမွ အိႏိၵယနယ္စပ္က လုမၺနီအထိ ရွည္လ်ားမွာ ျဖစ္ပါတယ္။ ခတၱမႏၵဴ Tribhuvan တကၠသိုလ္က Mrigendra Karki က ဒါဟာ အၾကီးအက်ယ္ ေျပာင္းလဲမႈတစ္ခုလို႔ ျမင္ပါတယ္။

“ သမိုင္းထဲ စြဲလာတဲ့ စံ paradigm ေျပာင္းလဲသြားျပီ။ မေန႔က အထိေတာ့ ကၽြန္ေတာ္တို႔က ေတာင္ဘက္ပိုင္းကိုပဲ ဂရုထားျပီး ၾကည့္တာေလ။ အခု ရွီက်င္းပင္ လည္းလာေရာ ေျမာက္ပိုင္းတံခါးၾကီးလည္း ပြင့္သြားေရာေပါ့။ ”
ကုန္းတြင္းပိတ္ နီေပါႏုိင္ငံဟာ ကုန္သြယ္ေရးနဲ႔ ကူးလူးသြာလာေရး လမ္းေၾကာင္းေတြ အတြက္ ေတာင္ဘက္က အိႏိၵယႏုိင္ငံကိုပဲ အားကိုးလာခဲ့ ရတာပါ။ ႏွစ္ႏုိ္င္ငံ ဆက္ဆံေရး ေျပာင္းလဲေကာင္းမြန္လာတဲ့ အေျခအေနထဲ ရင္ႏွီးျမွဳပ္ႏွံမႈ အတြက္ တရုတ္ဘက္ကို ပိုျပီး ယိမ္းလာခဲ့ရပါတယ္။ တရုတ္တို႔ ကလည္း နီေပါတို႔ ေရြးႏုိင္မယ့္ တစ္ျခား လမ္းေတြ ေဖာက္ေပးျပီး အိႏိၵယအေပၚ မွီခိုေနရမႈကို ေလွ်ာ့ခ်ေပးဖို ကတိေတြလည္း ေပးလာ ေနပါတယ္။ တရုတ္သမၼတ ရီွက နီေပါဟာ အိမ္နီးခ်င္းေကာင္းလို႔လည္း ဆိုပါတယ္။

“ နီေပါႏုိင္ငံဟာ တရုတ္ႏုိ္င္ငံရဲ႕ အိမ္နီးခ်င္းေကာင္း ႏုိ္င္ငံျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ ဟိမ၀ႏၱာကို ျဖတ္ေက်ာ္မယ့္ လမ္းေၾကာင္းကြန္ရက္ေတြ တည္ေထာင္ျပီး နီေပါႏုိင္ငံကို ကုန္းတြင္းပိတ္ႏုိ္င္ငံ (landlocked) အျဖစ္ကေန ကုန္းခ်င္းခ်ိတ္ (land-linked) ႏုိင္ငံ တစ္ခုအျဖစ္ ေျပာင္းလဲျပီး နီေပါတို႔ရဲ႕ ေမ်ွာ္လင့္ခ်က္အိပ္မက္ကို လက္ေတြ႔ အေကာင္အထည္ ေဖာ္ေပးပါမယ္။”

အရင္ နီေပါ အစိုးရ အစဥ္အဆက္ ကေတာ့ တရုတ္တို႔ရဲ႕ ကမ္းလွမ္းခ်က္ကို သတိထား တုန္႔ျပန္ခဲ့ေပမဲ့ လက္ရွိ အာဏာရ နီေပါကြန္ျမဴနစ္ပါတီ အစိုးရကေတာ့ ခါးပတ္လမ္း စီမံကိန္းထဲ စိတ္ေရာကိုယ္ပါ ပါ၀င္ေနခ်င္ေနပါတယ္။ နီေပါ ၀န္ၾကီးခ်ဳပ္ KP Sharma Oli ရဲ႕ ေရြးေကာက္ပြဲအၾကိဳ ကတိေပးခ်က္ေတြထဲ တရုတ္တို႔နဲ႔ စီးပြားေရးလုပ္ငန္း ခ်ဲ႕ထြင္လုပ္ဖို႔ အခ်က္လည္း ပါ၀င္ခဲ့ပါတယ္။ အရင္အစိုးရက ရပ္ဆိုင္းထားခဲ့တဲ့ တရုတ္ တို႔ တည္ေဆာက္ခဲ့တဲ့ အေမရိကန္ ေဒၚလာ ၂ ဒသမ ၅ ဘီလီယံ တန္ဖိုးရွိတဲ့ လွ်ပ္စစ္စြမ္းအား စီမံကိန္းတစ္ခုကိုလည္း ျပန္လည္ အသက္သြင္းေပးခဲ့ ေသးပါတယ္။

ရထားလမ္းကိစၥ ကေတာ့ နီေပါမွာ အထူး လူေျပာမ်ားတဲ့ ကိစၥတစ္ခုျဖစ္လာပါတယ္။ ၂၀၁၅ ခုႏွစ္အတြင္း အိႏိၵယက နီေပါရဲ႕ အဓိက ကုန္သြယ္ေရး လမ္းေၾကာင္း ၅ လၾကာ ပိတ္ပင္ခဲ့လို႔ နီေပါတို႔ ကုန္ပစၥည္းျပတ္လပ္လို႔ ဒုကၡေရာက္ခဲ့ရတာေၾကာင့္ ရထားလမ္းဟာ အိႏိၵယ အေပၚ မွီခိုေနရမႈကို ေလွ်ာ့ခ်ႏုိ္င္တဲ့ ကိစၥလို႔ ျမင္ၾကပါတယ္။

သာမန္ျပည္သူ အမ်ားက လမ္းေၾကာင္းေတြ ခ်ိတ္ဆက္တဲ့ကိစၥကို အေကာင္းျမင္ေနစဥ္မွာပဲ ေလ့လာသုံးသပ္သူ Mrigendra Karki ကေတာ့ ဒီေလာက္ ေၾကးၾကီးတဲ့ စီမံကိန္းေတြကို နီေပါတို႔ တတ္ႏုိ္င္ပါ့မလားဆိုျပီး သံသယ ရွိေနပါတယ္။

“ တရုတ္တို႔က ကၽြန္ေတာ္တို႔ကို အတိုးနည္းေခ်းေငြေတြ ေပးမွာပါ။ ဒါေပမဲ့ နီေပါက စီးပြားေရးအရ သိပ္ ခၽြတ္ျခဳံက်ေနတဲ့ႏုိင္ငံျဖစ္လို႔ ဒီ ေခ်းေငြ ေတြကို ျပန္ဆပ္ႏိုင္ မဆပ္ႏုိင္က ေမးခြန္းထုတ္စရာပါ။ ဒီကိစၥအတြက္ နီေပါက ႏုိင္ငံေရးပါတီေတြ၊ လူမႈအသိုက္အ၀ိုင္းေတြနဲ႔ လူ႕အဖြဲ႕အစည္း ေတြ အၾကား သေဘာထား ကြဲေနၾကပါတယ္။”

ခါးပတ္လမ္း စီမံကိန္းဟာ ကိုလိုနီ အသြင္ ပုံသ႑ာန္သာ ျဖစ္တယ္လို႔ ေျပာထားတဲ့ အိႏိၵယႏုိ္င္ငံအတြက္ကေတာ့ နီေပါႏုိင္ငံထဲ တရုတ္တို႔ ထိုးေဖာက္ ၀င္ေရာက္ႏုိင္တာဟာ တစ္ခ်ိန္က ေနာက္ေဖးျခံလို႔ ေျပာေနတဲ့ နီေပါကို သူတို႔ ဆုံရွဳံးရမယ့္ သေဘာ ျဖစ္ေနပါတယ္။ နယူးေဒလီက သုေတသီ Manoj Joshi က အခုလို ေျပာပါတယ္။
“ နီေပါအေပၚ အသားစီးရထားခဲ့တဲ့အခ်က္ကို ေထာက္ျပီး ေျပာရရင္ တရုတ္တို႔ အခုလို ၾသဇာသက္ေရာက္လာတာဟာ ကၽြန္ေတာ္တို႔အတြက္ ထိခိုက္ပါတယ္။ တရုတ္တို႔က ပါကစၥတန္နဲ႔ နီေပါလိုႏုိင္ငံေတြမွာ ပိုက္ဆံေတြ အမ်ားၾကီး သုံးေနတယ္ဆိုရင္ ဒါဟာစီးပြားေရးေၾကာင့္ မဟုတ္ဘဲ မဟာဗ်ဴဟာေရးဆိုင္ရာ လုပ္ေဆာင္ခ်က္ပဲဆိုတာ ေသခ်ာပါတယ္။”

အိႏိၵယတို႔ကလည္း ဘီဟာျပည္နယ္ကေန ခတၱမႏၵဴ ထိ ရထားလမ္း ေဖာက္မယ္လို႔ ေျပာထားေပမဲ့ စီမံကိန္းေတြ သိပ္ ေႏွးေကြးလြန္း တယ္လို႔ ေ၀ဖန္ခံေနရပါတယ္။ ကေန႔အထိေတာ့ နီေပါႏုိင္ငံထဲ အရင္က အိႏိၵယက ေဆာက္လုပ္ထားတဲ့ ၃၅ ကီလိုမီတာသာ ရွည္တဲ့ရထားလမ္း တစ္စင္းသာ ရွိတာေၾကာင့္ အေျခခံ အေဆာက္အအုံ ဖြံ႔႔႔ျဖိဳးေရး အေရးတၾကီး လိုအပ္ေနတဲ့ နီေပါလို႔ ႏုိ္င္ငံငယ္ေလးအတြက္ တရုတ္တို႔က ေပးအပ္လာတဲ့ အခြင့္အေရးဟာ ျငင္းပယ္ဖို႔ ခက္ေၾကာင္းပါ။
(Unicode)

နီပေါ - တရုတ် ဆက်စပ်မယ့် ဟိမဝန္တာစြင်္က ံ ရထားလမ်း ပြဿနာ


အောက်တိုဘာလ ၁၂ ရက်က တရုတ်သမ္မတ ရှီဂျင်ပင်း နီပေါနိုင်ငံကို သွားရောက်ခဲ့တဲ့ နှစ်ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အတွင်း တရုတ်နိုင်ငံ အကူအညီနဲ့ ဟိမဝန္တာတောင်တန်းကို ဖြတ်ကျော် ဖောက်လုပ်မယ့် ရထားလမ်း တည်ဆောက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တာကြောင့် ဒေသအတွင်း တရုတ်နိုင်ငံရဲ့ သြဇာ လွှမ်းမိုးမှု ပိုကြီးမားလာမှာဖြစ်ပါတယ်။ နီပေါပြည်သူတွေအကြား ဒီ သဘောတူညီချက်ကိုအပေါ် သဘောထား ကွဲပြားနေတဲ့နည်းတူ အိန္ဒိယနိုင်ငံကလည်း သူ့ အိမ်နီးချင်းနိုင်ငံအပေါ် တရုတ်တို့ သြဇာ လွှမ်မိုးမှု မြင့်တက်လာမှာကို စိုးရိမ်နေပါတယ်။ VOA သတင်းထောက် Anjana Pasricha နယူးဒေလီကနေ သတင်း ပေးပို့ထားတာကို ကိုရဲမင်းထွန်း ပြောပြ ပေးပါမယ်။

ဟိမဝန္တာတောင်တန်းကို ဖြတ်ကျော်ပြီး နီပေါနိုင်ငံအတွင်းထိ ရထားလမ်း ဖောက်လုပ်မယ့် တရုတ်နိုင်ငံရဲ့ စီမံကိန်းဟာ တောင်အာရှဒေသထဲ တရုတ်တို့ အတွင်းကျကျ ဝင်ရောက်နိုင်ဖို့ ဖန်တီးပေးမှာ ဖြစ်သလို အိန္ဒိယ နယ်စပ်အနား မဟာဗျူဟာအရ တရုတ်သြဇာလွှမ်းမိုးနိုင်မှုလည်း မြင့်မားလာစေမှာပါ။ ဒီလို ရည်မှန်းချက် ကြီးမားတဲ့ စီမံကိန်းဟာ အများက အနီးကပ် စောင့်ကြည့်ခံရမယ့် စီမံကိန်းတစ်ခု ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ရပ်ဝန်းတစ်ခု လမ်းတစ်ခု ခါးပတ်လမ်း စီမံကိန်းအောက် ဆောက်လုပ်မယ့်ဒီ ရထားလမ်းဖောက်လုပ်မှုကို အိန္ဒိယတို့ စိုးရိမ်တဲ့ နည်းတူ နီပေါပြည်သူတွေအကြားလည်း သဘောထား ကွဲပြားနေကြပါတယ်။ ဒီ စီမံကိန်းကြောင့် အာရှအင်အားကြီး နှစ်နိုင်ငံအကြား ရှိတဲ့ နီပေါနိုင်ငံငယ်လေးအတွက် ဖွံ့ဖြိုးတိုးတက်ရေးကိုပဲ ဖြစ်ပေါ်စေမလား၊ အကြွေးနွံ ထဲ နစ်သွားစေမလားဆိုတဲ့ အမြင်တွေ ကွဲပြားနေတာပါ။
အချက် ၂၀ ပါဝင်တဲ့ သဘောတူညီချက်ထဲ ဟိမဝန္တာကောရီဒါလမ်းကြောင်းဟာ အရေးအကြီးဆုံးပါ။ အဲဒီ နယ်စပ်ဖြတ်ကျော် ရထားလမ်း ဟာ တိဘက်ကနေ ခတ္တမန္ဒူ၊ အဲဒီကမှ အိန္ဒိယနယ်စပ်က လုမ္ဖနီအထိ ရှည်လျားမှာ ဖြစ်ပါတယ်။ ခတ္တမန္ဒူ Tribhuvan တက္ကသိုလ်က Mrigendra Karki က ဒါဟာ အကြီးအကျယ် ပြောင်းလဲမှုတစ်ခုလို့ မြင်ပါတယ်။

“ သမိုင်းထဲ စွဲလာတဲ့ စံ paradigm ပြောင်းလဲသွားပြီ။ မနေ့က အထိတော့ ကျွန်တော်တို့က တောင်ဘက်ပိုင်းကိုပဲ ဂရုထားပြီး ကြည့်တာလေ။ အခု ရှီဂျီပင်းလည်းလာရော မြောက်ပိုင်းတံခါးကြီးလည်း ပွင့်သွားရောပေါ့။ ”
ကုန်းတွင်းပိတ် နီပေါနိုင်ငံဟာ ကုန်သွယ်ရေးနဲ့ ကူးလူးသွာလာရေးလမ်းကြောင်းတွေအတွက် တောင်ဘက်က အိန္ဒိယနိုင်ငံကိုပဲ အားကိုးလာခဲ့ ရတာပါ။ နှစ်နိုင်ငံ ဆက်ဆံရေး ပြောင်းလဲကောင်းမွန်လာတဲ့အခြေအနေထဲ ရင်နှီးမြှုပ်နှံမှုအတွက် တရုတ်ဘက်ကို ပိုပြီး ယိမ်းလာခဲ့ရပါတယ်။ တရုတ်တို့ ကလည်း နီပေါတို့ ရွေးနိုင်မယ့် တစ်ခြား လမ်းတွေ ဖောက်ပေးပြီး အိန္ဒိယအပေါ် မှီခိုနေရမှုကို လျှော့ချပေးဖို ကတိတွေလည်း ပေးလာ နေပါတယ်။ တရုတ်သမ္မတ ရှီက နီပေါဟာ အိမ်နီးချင်းကောင်းလို့လည်း ဆိုပါတယ်။

“ နီပေါနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ အိမ်နီးချင်းကောင်း နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့ ဟိမဝန္တာကို ဖြတ်ကျော်မယ့် လမ်းကြောင်းကွန်ရက်တွေ တည်ထောင်ပြီး နီပေါနိုင်ငံကို ကုန်းတွင်းပိတ်နိုင်ငံ (landlocked) အဖြစ်ကနေ ကုန်းချင်းချိတ် (land-linked) နိုင်ငံ တစ်ခုအဖြစ် ပြောင်းလဲပြီး နီပေါတို့ရဲ့ မျှော်လင့်ချက်အိပ်မက်ကို လက်တွေ့ အကောင်အထည် ဖော်ပေးပါမယ်။”

အရင် နီပေါ အစိုးရ အစဉ်အဆက်ကတော့ တရုတ်တို့ရဲ့ ကမ်းလှမ်းချက်ကို သတိထား တုန့်ပြန်ခဲ့ပေမဲ့ လက်ရှိ အာဏာရ နီပေါကွန်မြူနစ်ပါတီ အစိုးရကတော့ ခါးပတ်လမ်း စီမံကိန်းထဲ စိတ်ရောကိုယ်ပါ ပါဝင်နေချင်နေပါတယ်။ နီပေါ ဝန်ကြီးချုပ် KP Sharma Oli ရဲ့ ရွေးကောက်ပွဲအကြို ကတိပေးချက်တွေထဲ တရုတ်တို့နဲ့ စီးပွားရေးလုပ်ငန်း ချဲ့ထွင်လုပ်ဖို့ အချက်လည်း ပါဝင်ခဲ့ပါတယ်။ အရင်အစိုးရက ရပ်ဆိုင်းထားခဲ့တဲ့ တရုတ် တို့ တည်ဆောက်ခဲ့တဲ့အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိတဲ့ လျှပ်စစ်စွမ်းအားစီမံကိန်းတစ်ခုကိုလည်း ပြန်လည် အသက်သွင်းပေးခဲ့ သေးပါတယ်။

ရထားလမ်းကိစ္စကတော့ နီပေါမှာ အထူး လူပြောများတဲ့ ကိစ္စတစ်ခုဖြစ်လာပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း အိန္ဒိယက နီပေါရဲ့ အဓိက ကုန်သွယ်ရေး လမ်းကြောင်း ၅ လကြာ ပိတ်ပင်ခဲ့လို့ နီပေါတို့ ကုန်ပစ္စည်းပြတ်လပ်လို့ ဒုက္ခရောက်ခဲ့ရတာကြောင့် ရထားလမ်းဟာ အိန္ဒိယ အပေါ် မှီခိုနေရမှုကို လျှော့ချနိုင်တဲ့ ကိစ္စလို့ မြင်ကြပါတယ်။

သာမန်ပြည်သူအများက လမ်းကြောင်းတွေ ချိတ်ဆက်တဲ့ကိစ္စကို အကောင်းမြင်နေစဉ်မှာပဲ လေ့လာသုံးသပ်သူ Mrigendra Karki ကတော့ ဒီလောက် ကြေးကြီးတဲ့ စီမံကိန်းတွေကို နီပေါတို့ တတ်နိုင်ပါ့မလားဆိုပြီး သံသယ ရှိနေပါတယ်။

“ တရုတ်တို့က ကျွန်တော်တို့ကို အတိုးနည်းချေးငွေတွေ ပေးမှာပါ။ ဒါပေမဲ့ နီပေါက စီးပွားရေးအရ သိပ် ချွတ်ခြုံကျနေတဲ့နိုင်ငံဖြစ်လို့ ဒီ ချေးငွေ တွေကို ပြန်ဆပ်နိုင် မဆပ်နိုင်က မေးခွန်းထုတ်စရာပါ။ ဒီကိစ္စအတွက် နီပေါက နိုင်ငံရေးပါတီတွေ၊ လူမှုအသိုက်အဝိုင်းတွေနဲ့ လူ့အဖွဲ့အစည်း တွေ အကြား သဘောထား ကွဲနေကြပါတယ်။”

ခါးပတ်လမ်း စီမံကိန်းဟာ ကိုလိုနီ အသွင် ပုံသဏ္ဍာန်သာ ဖြစ်တယ်လို့ ပြောထားတဲ့ အိန္ဒိယနိုင်ငံအတွက်ကတော့ နီပေါနိုင်ငံထဲ တရုတ်တို့ ထိုးဖောက် ဝင်ရောက်နိုင်တာဟာ တစ်ချိန်က နောက်ဖေးခြံလို့ ပြောနေတဲ့ နီပေါကို သူတို့ ဆုံရှုံးရမယ့် သဘော ဖြစ်နေပါတယ်။ နယူးဒေလီက သုတေသီ Manoj Joshi က အခုလို ပြောပါတယ်။
“ နီပေါအပေါ် အသားစီးရထားခဲ့တဲ့အချက်ကို ထောက်ပြီး ပြောရရင် တရုတ်တို့ အခုလို သြဇာသက်ရောက်လာတာဟာ ကျွန်တော်တို့အတွက် ထိခိုက်ပါတယ်။ တရုတ်တို့က ပါကစ္စတန်နဲ့ နီပေါလိုနိုင်ငံတွေမှာ ပိုက်ဆံတွေ အများကြီး သုံးနေတယ်ဆိုရင် ဒါဟာစီးပွားရေးကြောင့် မဟုတ်ဘဲ မဟာဗျူဟာရေးဆိုင်ရာ လုပ်ဆောင်ချက်ပဲဆိုတာ သေချာပါတယ်။”

အိန္ဒိယတို့ကလည်း ဘီဟာပြည်နယ်ကနေ ခတ္တမန္တု ထိ ရထားလမ်း ဖောက်မယ်လို့ ပြောထားပေမဲ့ စီမံကိန်းတွေ သိပ် နှေးကွေးလွန်း တယ်လို့ ဝေဖန်ခံနေရပါတယ်။ ကနေ့အထိတော့ နီပေါနိုင်ငံထဲ အရင်က အိန္ဒိယက ဆောက်လုပ်ထားတဲ့ ၃၅ ကီလိုမီတာသာ ရှည်တဲ့ရထားလမ်း တစ်စင်းသာ ရှိတာကြောင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး အရေးတကြီး လိုအပ်နေတဲ့ နီပေါလို့ နိုင်ငံငယ်လေးအတွက် တရုတ်တို့က ပေးအပ်လာတဲ့ အခွင့်အရေးဟာ ငြင်းပယ်ဖို့ ခက်ကြောင်းပါ။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG