သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အေမရိကန္မွာ လိင္အဂၤါေျပာင္းထားသူ ႏိုင္ငံကူး လက္မွတ္မွာ က်ား-မ အစား X ကို ေရြးခ်ယ္ခြင့္ျပဳ


Transgender


[[Zawgyi/Unicode]]

အေမရိကန္ျပည္ေထာင္စုမွာ လိင္အဂၤါေျပာင္းလဲထားသူေတြကို သူတို႔ရဲ႕ ႏိုင္ငံကူးလက္မွတ္မွာ က်ား ဒါမွမဟုတ္ မ အစား X သေကၤတကို ေရြးခ်ယ္ခြင့္ ခြင့္ျပဳလိုက္သလို လူမႈဖူလုံေရး မွတ္ပုံတင္ Social Security ကဒ္ေတြမွာ လည္း က်ား၊ မ ေရြးခ်ယ္ ထည့္သြင္းခြင့္ ခြင့္ျပဳေတာ့မွာျဖစ္ပါတယ္။

ဒီေန႔က်ေရာက္တဲ့ လိင္အဂၤါေျပာင္းလဲသူေတြကို အသိအမွတ္ျပဳတဲ့ အထိမ္းအမွတ္ေန႔မွာ သူတို႔ရဲ႕ရပိုင္ခြင့္ အခြင့္အေရးဟာ လူ႔အခြင့္အေရး ျဖစ္တယ္ဆိုတာကို အေမရိကန္ျပည္ေထာင္စုက အခိုင္အမာ ထပ္ေလာင္းေျပာဆိုလိုပါတယ္။ ကမာၻတဝွမ္းက လိင္အဂၤါေျပာင္းလဲထားသူေတြ၊ က်ားမ ႏွစ္မ်ဳိးစလုံးနဲ႔ အက်ဳံးမဝင္တဲ့သူ၊ သတ္မွတ္ ခ်က္အားလုံး လိုက္နာသူေတြရဲ႕ မဆုတ္မနစ္ႀကိဳးပမ္းမႈေၾကာင့္ရရွိလာတဲ့ ေအာင္ျမင္မႈ အထိမ္းအမွတ္ပါလို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Ned Price က မေန႔က သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားပါတယ္။

လိင္အဂၤါေျပာင္းလဲထားသူေတြကို ပစ္မွတ္ထား ႏွိမ္ခ်တဲ့ဥပေဒေတြ ျပည္နယ္တခ်ဳိ႕မွာ ျပဌာန္းထားခ်ိန္မွာပဲ ေဆးဘက္ဆိုင္ရာ မွတ္တမ္းမွတ္ရာ ျပစရာမလိုဘဲ X ဆိုတဲ့ သတ္မွတ္ခ်က္ကို ေရြးခ်ယ္ခြင့္ အေမရိကန္အစိုးရက ခြင့္ျပဳလိုက္ပါတယ္။ က်ား၊ မ အစား X ဆိုတဲ့ သတ္မွတ္ခ်က္နဲ႔ ပထမဆုံး ႏိုင္ငံကူးလက္မွတ္ကို အေမရိကန္ ျပည္ေထာင္စုမွာ လာမယ့္ ေအာက္တိုဘာလမွာ ထုတ္ေဝပါလိ္မ့္မယ္။

Social Security ကဒ္ေတြမွာလည္း က်ား၊ မ သတ္မွတ္ခ်က္ မပါေပမယ့္ ထည့္သြင္းခ်င္တယ္ဆိုရင္ လာမယ့္ ေဆာင္းဦးေပါက္ ရာသီကစၿပီး ေဆးမွတ္တမ္း ျပစရာမလိုဘဲ ေရြးခ်ယ္ ထည့္သြင္းခြင့္ေပးပါလိမ့္မယ္။

Oklahoma နဲ႔ Arizona ျပည္နယ္ေတြမွာ လိင္အဂၤါေျပာင္းလဲထားသူေတြကို ေက်ာင္းက မိန္းခေလးေတြရဲ႕ အားကစားပြဲေတြမွာ ပါဝင္ခြင့္မေပးဖို႔ ဥေပဒေတြ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးေတြ လက္မွတ္ထိုးၿပီး ေနာက္တရက္မွာပဲ လိင္အဂၤါေျပာင္းလဲသူေတြကို အသိအမွတ္ျပဳတဲ့ အထိမ္းအမွတ္ေန႔ ေၾကညာခ်က္ေတြ သမၼတဘိုင္ဒန္အစိုးရက ထုတ္ျပန္လိုက္တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

============
[[Unicode]]

အ‌မေရိကန်မှာ လိင်အင်္ဂါပြောင်းထားသူ နိုင်ငံကူးလက်မှတ်မှာ ကျား-မ အစား X ကို ရွေးချယ်ခွင့်ပြု

အ‌မေရိကန်ပြည်ထောင်စုမှာ လိင်အင်္ဂါပြောင်းလဲထားသူတွေကို သူတို့ရဲ့ နိုင်ငံကူးလက်မှတ်မှာ ကျား ဒါမှမဟုတ် မ အစား X သင်္ကေတကို ရွေးချယ်ခွင့် ခွင့်ပြုလိုက်သလို လူမှုဖူလုံရေး မှတ်ပုံတင် Social Security ကဒ်တွေမှာ လည်း ကျား၊ မ ရွေးချယ် ထည့်သွင်းခွင့် ခွင့်ပြုတော့မှာဖြစ်ပါတယ်။

ဒီနေ့ကျရောက်တဲ့ လိင်အင်္ဂါပြောင်းလဲသူတွေကို အသိအမှတ်ပြုတဲ့ အထိမ်းအမှတ်နေ့မှာ သူတို့ရဲ့ရပိုင်ခွင့် အခွင့်အရေးဟာ လူ့အခွင့်အရေး ဖြစ်တယ်ဆိုတာကို အမေရိကန်ပြည်ထောင်စုက အခိုင်အမာ ထပ်လောင်းပြောဆိုလိုပါတယ်။ ကမ္ဘာတဝှမ်းက လိင်အင်္ဂါပြောင်းလဲထားသူတွေ၊ ကျားမ နှစ်မျိုးစလုံးနဲ့ အကျုံးမဝင်တဲ့သူ၊ သတ်မှတ် ချက်အားလုံး လိုက်နာသူတွေရဲ့ မဆုတ်မနစ်ကြိုးပမ်းမှုကြောင့်ရရှိလာတဲ့ အောင်မြင်မှု အထိမ်းအမှတ်ပါလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ned Price က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

လိင်အင်္ဂါပြောင်းလဲထားသူတွေကို ပစ်မှတ်ထား နှိမ်ချတဲ့ဥပဒေတွေ ပြည်နယ်တချို့မှာ ပြဌာန်းထားချိန်မှာပဲ ဆေးဘက်ဆိုင်ရာ မှတ်တမ်းမှတ်ရာ ပြစရာမလိုဘဲ X ဆိုတဲ့ သတ်မှတ်ချက်ကို ရွေးချယ်ခွင့် အမေရိကန်အစိုးရက ခွင့်ပြုလိုက်ပါတယ်။ ကျား၊ မ အစား X ဆိုတဲ့ သတ်မှတ်ချက်နဲ့ ပထမဆုံး နိုင်ငံကူးလက်မှတ်ကို အမေရိကန် ပြည်ထောင်စုမှာ လာမယ့် အောက်တိုဘာလမှာ ထုတ်ဝေပါလိမ့်မယ်။

Social Security ကဒ်တွေမှာလည်း ကျား၊ မ သတ်မှတ်ချက် မပါပေမယ့် ထည့်သွင်းချင်တယ်ဆိုရင် လာမယ့် ဆောင်းဦးပေါက် ရာသီကစပြီး ဆေးမှတ်တမ်း ပြစရာမလိုဘဲ ရွေးချယ် ထည့်သွင်းခွင့်ပေးပါလိမ့်မယ်။

Oklahoma နဲ့ Arizona ပြည်နယ်တွေမှာ လိင်အင်္ဂါပြောင်းလဲထားသူတွေကို ကျောင်းက မိန်းခလေးတွေရဲ့ အားကစားပွဲတွေမှာ ပါဝင်ခွင့်မပေးဖို့ ဥပေဒတွေ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေ လက်မှတ်ထိုးပြီး နောက်တရက်မှာပဲ လိင်အင်္ဂါပြောင်းလဲသူတွေကို အသိအမှတ်ပြုတဲ့ အထိမ်းအမှတ်နေ့ ကြေညာချက်တွေ သမ္မတဘိုင်ဒန်အစိုးရက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

============

XS
SM
MD
LG