သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ဝင်ခွင့်ပိတ်ပင်တဲ့ သမ္မတအမိန့် အယူခံဝင်မှု နှစ်ဘက်လျှောက်လှဲချက်ပြီးဆုံး


ဒုက္ခသည်တွေနဲ့ မွတ်စလင်နိုင်ငံအများစု ၇ နိုင်ငံက နိုင်ငံသားတွေကို အမေရိကန်နိုင်ငံထဲ ယာယီဝင်ခွင့် ပိတ်ပင်တဲ့ သမ္မတ Donald Trump ရဲ့အမိန့်ကို ပြည်နယ်တရားသူကြီးတယောက်က ယာယီဖယ်ရှားခဲ့ပြီးနောက် ဒီအမိန့်ကို ပြန်လည်ပြဌာန်း သင့် မသင့်ဆိုတာကို အမေရိကန်အနောက်ဘက်ခြမ်း အယူခံတရားရုံးမှာ မကြာခင်အချိန်ကပဲ ကြားနာခဲ့ပါတယ်။

San Francisco မြို့မှာရှိတဲ့ နိုင်ငံအနောက်ဘက်ခြမ်း ခရိုင် ၁၅ ခုကို ကိုယ်စားပြုတဲ့ အယူခံတရားရုံးမှာ တယ်လီဖုန်းပေါ်ကတဆင့် ပြုလုပ်တဲ့ ကြားနာပွဲမှာ အယူခံတရားရုံး တရားသူကြီး ၃ ယောက်က တဘက်ကို မိနစ် ၃၀ ကြာ လျှောက်ထား ချေပခွင့်ပေးခဲ့ပါတယ်။ သမ္မတအမိန့်ကို ပြန်လည် ပြဌာန်းပေးဖို့ အယူခံတင်တဲ့ တရားရေးဌာကရှေ့နေ August Flentje က နိုင်ငံတော်လုံခြုံရေးအတွက် သမ္မတအမိန့်ကို ပြန်လည်ပြဌာန်းသင့်တယ်လို့ ချေပလျှောက်ထားခဲ့ပါတယ်။

တရားလို Washington နဲ့ Minnesota ပြည်နယ်အတွက် Washington ပြည်နယ်ရှေ့နေ Noah Purcell ကလည်း သမ္မတရဲ့ အမိန့်ဟာ မွတ်စလင်တွေကို ဆန့်ကျင်ရည်ရွယ်တဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် သမ္မတအမိန့်ကို ဆက်လက် တားဆီးထားသင့်တယ်လို့ လျှောက်ထားတင်ပြခဲ့ပါတယ်။

၂ ဘက်လုံးရဲ့ လျှောက်ထားချက်တွေ အဆုံးသတ်သွားပြီဖြစ်လို့ တရားသူကြီး ၃ ယောက်က စဉ်းစားဆုံးဖြတ်နေကြပါတယ်။ အယူခံတရားရုံးရဲ့ဆုံးဖြတ်ချက်အတိုင်း သမ္မတက လိုက်နာမှာ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရသူ Sean Spicer က အင်္ဂါနေ့သတင်းစာရှင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ တရားရုံးကနေ ဘယ်ဆိုဆုံးဖြတ်ချက် ဖြစ်လာမလဲဆိုတာကို သူ့အနေနဲ့ ကြိုတင် မခန့်မှန်းပေမဲ့ ဒီအမှုက နိုင်ငံတော်တရားရုံးချုပ်အထိရောက်သွားနိုင်တယ်ဆိုတာကို သမ္မတ Trump ကလည်း အင်္ဂါနေ့က အသိအမှတ်ပြု ပြောခဲ့ပါတယ်။

အမေရိကန်ထဲကို အကြမ်းဖက်သမားတွေဝင် မလာနိုင်အောင်လို့ဆိုပြီး သမ္မတက ပြည်ဝင်ခွင့် ယာယီ တားမြစ်ကန့်သတ်ချက်အမိန့်ကို ဇန်နဝါရီလကုန်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။ သမ္မတအမိန့်ကို Washington ပြည်နယ် တရားသူကြီး James Robart ကပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ယာယီ တားဆီးခဲ့ပြီးနောက်မှာ အယူခံတရားရုံးမှာ အယူခံဝင်ခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG