သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Donald Trump အာရှ ၅ နိုင်ငံ ခရီးထွက်မည်


 အမေရိကန်သမ္မတ Donald Trump။
အမေရိကန်သမ္မတ Donald Trump။

အမေရိကန်သမ္မတ Donald Trump ဟာ လာမယ့် November လထဲမှာ အာရှ ၅ နိုင်ငံကို ခရီးထွက်မှာဖြစ်ပါတယ်။ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ Vietnam။ ဖိလစ်ပိုင်နိုင်ငံတွေအပြင် Hawaii ကျွန်းကို November ၃ ရက်ကနေ ၁၄ ရက်နေ့အတွင်း ခရီးသွားမယ်လို့ အိမ်ဖြူတော်က သောကြာနေ့မှာ ထုတ်ပြန်ပါတယ်။ အာရှဒေသနဲ့ အမေရိကန်ပြည်ထောင်စုကြား မဟာမိတ်ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားတယ်ဆိုတဲ့ သန္နိိဌာန်ကို ပြသတဲ့အနေနဲ့ ခုလိုအာရှနိုင်ငံတွေဆီ သမ္မတ Trump သွားရောက်တာဖြစ်တယ်လို့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန်သမ္မတဟာ ဖိလစ်ပိုင်မှာကျင်းပမယ့် အမေရိကန် အာဆီယံထိပ်သီးစည်းဝေးပွဲ၊ အရှေ့အာရှထိပ်သီးစည်းဝေးပွဲတွေကို တက်ရောက်မှာ ဖြစ်ပါတယ်။ Vietnam နိုင်ငံမှာ ကျင်းပမယ့် အာရှ Pacific စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး APEC ထိပ်သီး စည်းဝေးပွဲကိုလည်း သမ္မတ Trump တက်ရောက်ပါလိမ့်မယ်။

အမေရိကန်ရဲ့သာယာဝပြောမှုနဲ့ လုံခြုံရေးအတွက် Indo Pacific ဒေသမှာ လွတ်လပ် ပွင့်လင်းမှုရှိတယ်ဆိုတာကို သမ္မတက ဆွေးနွေးမှာဖြစ်တဲ့အပြင် အမေရိကန်ကုန်သွယ်ဖက်နိုင်ငံတွေ အနေနဲ့ မျှတပြီး အပြန်အလှန်စီးပွားဆက်ဆံရေးဟာ အရေးကြီးတယ်ဆိုတာကို အလေးထားပြောဖို့ရှိတယ်လို့ အိမ်ဖြူတော်ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မြောက်ကိုရီးယားရဲ့ ရန်ကြီးမားနေချိန်မှာ ဂျပန်။ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေ ဆီကိုလည်း သမ္မတ Trump သွားရောက်တာဖြစ်ပါတယ်။ ခုလိုသမ္မတခရီးစဉ်ကြောင့် ကိုရီးယားကျွန်းဆွယ်မှာ Nuclear လုံးဝကင်းစင်ရေးနဲ့ မြောက်ကိုရီးယားရန်ကို နိုင်ငံတကာရဲ့ဖြေရှင်းမှု ပိုပြီးအင်အားကောင်းစေမှာဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

သမ္မတ Donal Trump အာရှ ၅ နိုင်ငံ ခရီးထွက်မည်
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG