သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတ Donald Trump ဗြိတိန်ဝန်ကြီးချုပ်နဲ့ အိမ်ဖြူတော်မှာတွေ့မည်


ဗြိတိန် ဝန်ကြီးချုပ် May က ဖီလာဒဲလ်ဖီး ယားမြို့မှာ ရီပတ်ဘလီကန်ခေါင်းဆောင်တွေနဲ့တွေ့ဆုံစဉ်။ (ဇန်နဝါရီ ၂၆၊ ၂၀၁၇)
ဗြိတိန် ဝန်ကြီးချုပ် May က ဖီလာဒဲလ်ဖီး ယားမြို့မှာ ရီပတ်ဘလီကန်ခေါင်းဆောင်တွေနဲ့တွေ့ဆုံစဉ်။ (ဇန်နဝါရီ ၂၆၊ ၂၀၁၇)

အမေရိကန်သမ္မတ Donald Trump နဲ့ ဗြိတိသျှဝန်ကြီးချုပ် Theresa May တို့ ဒီကနေ့ သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲလဲ လုပ်ဖို့ရှိပါတယ်။ Theresa May ဟာ မစ္စတာ Trump သမ္မတဖြစ်လာပြီး ကတည်းကဆိုရင် ပထမဆုံးတွေ့ဆုံတဲ့ ပြည်ပခေါင်းဆောင်ဖြစ်ပါလိမ့်မယ်။

ခေါင်းဆောင်နှစ်ယောက်စလုံးဟာ သူတို့ရဲ့ နိုင်ငံတကာဆက်ဆံရေးကို - အထူးသဖြင့် ကုန်သွယ်ရေးကနေတဆင့် - ပြုပြင် ပြောင်းလဲဖို့ စလုပ်ထားပါပြီ။ ဥရောပသမဂ္ဂ EU ကနေ ဗြိတိန်နိုင်ငံ နှုတ်ထွက်မယ့်ကိစ္စ၊ ၁၂ နိုင်ငံပါ ပစိဖိတ်ရပ်ဝန်းနိုင်ငံတွေကြား ကုန်သွယ်ရေးသဘောတူညီချက် TPP ကနေ နှုတ်ထွက်ဖို့ မစ္စတာ Trump က လုပ်ထားတဲ့ကိစ္စတွေကြောင့် ကမ္ဘာတဝန်းမှာ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်အသစ်တွေအတွက် စေ့စပ်ညှိနှိုင်းဖို့ လိုလာပါတယ်။

EU ကနေ နှုတ်ထွက်မယ့် ဝန်ကြီးချုပ် May ရဲ့ အစီအစဉ်တွေထဲမှာ လူဝင်မှုကြီးကြပ်ရေးကို ထိန်းချုပ်မယ့် ဦးစားပေးလုပ်ငန်းတခု လဲပါပါတယ်။ ဒါပေမဲ့ အသေးစိတ် မူဝါဒတွေကိုတော့ ခုချိန်ထိ မကြေညာသေးပါဘူး။ ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းတွေ အတွက် အမေရိကန်ကထည့်ဝင်နေတဲ့ ရန်ပုံငွေကို ဖြတ်တောက်မလားဆိုတာ သမ္မတ Trump က မဆုံးဖြတ်ရသေးဘူးလို့ အိမ်ဖြူတော်ပြောခွင့်ရ Sean Spicer ကပြောပါတယ်။

အဲဒီနိုင်ငံတကာအဖွဲ့အစည်းတွေမှာ အမေရိကန်ရဲ့အခန်းကဏ္ဍကို လျှော့ချဖို့ သမ္မတကစဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေက ထွက်ထားတာပါ။ တခြားနိုင်ငံတွေရဲ့အရေးကိစ္စတွေမှာ ကိုယ်လိုချင် သလိုဖြစ်အောင် အမေရိကန်နဲ့ဗြိတိန်တို့ ဝင်စွက်တဲ့အချိန်ကာလတွေ အဆုံးသတ်သွားပြီလို့ ဝန်ကြီးချုပ် May က ဖီလာဒဲလ်ဖီး ယားမြို့မှာ ရီပတ်ဘလီကန်ခေါင်းဆောင်တွေကို ကြာသပတေးနေ့က ပြောပါတယ်။

အမေရိကန်သမ္မတ Donald Trump ဗြိတိန်ဝန်ကြီးချုပ်နဲ့ အိမ်ဖြူတော်မှာတွေ့မည်
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG