သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mexico နယ်စပ်တံတိုင်းဆောက်ဖို့ အမိန့် Trump ချမှတ်


အမေရိကန်နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာနေသူတွေကို ဟန့်တားတဲ့ တချိန်ထဲမှာပဲ တိုင်းပြည်အတွင်း တရားမဝင် ဝင်ရောက် နေထိုင်သူတွေကို အကာကွယ်ပေးထားပြီး သူတို့ ဘယ်သူတွေဖြစ်တယ်ဆိုတာကို ဗဟိုအစိုးရကို သတင်းပေးဖို့ ငြင်းဆိုနေသူတွေကို ထိပ်တိုက် ရင်ဆိုင်သွားမယ့် အဆိုပြုချက်အသစ်တွေကို သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့မှာ ပြဌာန်းလိုက်ပါတယ်။

အမေရိကန်နိုင်ငံတဝှမ်း တရားမဝင် နေထိုင်သူတွေကို အကာကွယ်ပေးနေတဲ့ မြို့ပေါင်း ၄၀ နဲ့ မြို့နယ်ပေါင်း ၃၆၄ ခု ရှိနေတာ ဖြစ်ပါတယ်။

အမေရိကန်နယ်စပ်လုံခြုံရေး တာဝန်ယူရတဲ့ အမိမြေလုံခြုံရေး ဝန်ကြီးဌာနမှာ သူ့ရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲ လုပ်ဆောင်မယ့် အစီအစဉ်သစ်တွေကို ချပြတဲ့အချိန်မှာပဲ သမ္မတရဲ့ အမိန့်ကြေညာချက် ၂ ခုကို သမ္မတ Trump က လက်မှတ် ရေးထိုး အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

တရားမဝင် ဝင်ရောက်လာသူတွေဟာ အမေရိကန်လုံခြုံရေးကို ခြိမ်းခြောက်နေတယ်၊ အဲဒီလူတွေဟာ အမေရိကန်တွေရဲ့ အလုပ်အကိုင်တွေကို ယူသွားကြတယ်ဆိုတဲ့ - မဲဆွယ်စည်းရုံးရေး ကာလအတွင်း သူပြောကြားခဲ့တဲ့ အချက်တွေကို သမ္မတ Trump က အကောင်အထည် ဖော်ဆောင်နေတာလည်း ဖြစ်ပါတယ်။ မစ္စတာ Trump ရဲ့ မဲဆွယ် စည်းရုံးပွဲတွေအတွင်း ထောက်ခံသူ ပရိတ်သတ်တွေက Built that Wall ဆိုတဲ့ မက္ကဆီကို နယ်စပ်မှာ တံတိုင်း ဆောက်ဖို့ ကြွေးကြော်ခဲ့ကြတာ ဖြစ်ပါတယ်။ တံတိုင်းဟာ ကီလိုမီတာ ၃၂၀၀ အရှည်ရှိပြီး ဒေါ်လာ ၁၀ ဘီလီယံကုန်ကျမှာဖြစ်ပါတယ်။

တရားမဝင် ဝင်လာသူတွေကို ထိန်းသိမ်းဖို့အတွက် မက္ကဆီကို နယ်စပ်မှာ အကျဉ်းစခန်း တည်ဆောက်ထားမှာဖြစ်ပြီး အဲဒီ လူတွေကို သူတို့ရဲ့ မူရင်းနိုင်ငံတွေကို ပြန်ပို့မှာဖြစ်ကြောင်း အိမ်ဖြူတော်ပြောခွင့်ရ Sean Spicer က ဗုဒ္ဓဟူးနေ့မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် နောက်ဆက်တွဲ လူဝင်မှုကြီးကြပ်ရေး အရေးယူဆောင်ရွက်မှုတွေမှာ - အမေရိကန်ကို တရားဝင် လာရောက် အခြေချကြမယ့် ဒုက္ခသည်တွေကိုလည်း ၄ လ ဝင်ရောက်ခွင့် ဆိုင်းငံ့ထားပြီး အရှေ့အလယ်ပိုင်း ဒေသ (၇) နိုင်ငံက လူတွေကို အမေရိကန် ပြည်ထောင်စုအတွင်း ဝင်ရောက်ခွင့် ရက် (၃၀) တားမြစ်ထားတာတွေလည်း ဆက်လက် လုပ်ဆောင်သွားမယ့် အစီအစဉ်တွေထဲမှာ ထည့်သွင်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG