သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမန်ဝန်ကြီးချုပ်နဲ့ အမေရိကန်သမ္မတ အိမ်ဖြူတော်မှာတွေ့မည်


ဂျာမနီ ဝန်ကြီးချုပ် Angela Merkel နဲ့ အမေရိကန်သမ္မတ Donald Trump။
ဂျာမနီ ဝန်ကြီးချုပ် Angela Merkel နဲ့ အမေရိကန်သမ္မတ Donald Trump။

ဂျာမနီ ဝန်ကြီးချုပ် Angela Merkel နဲ့ အမေရိကန်သမ္မတ Donald Trump တို့ ဒီကနေ့ ဝါရှင်တန်မြို့တော်က သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံကြဖို့ရှိပါတယ်။ အစတုန်းကတော့ ခေါင်းဆောင်နှစ်ဦး ဒီသီတင်းပတ်အစောပိုင်းမှာ တွေ့ဖို့ စီစဉ်ခဲ့ကြတာပါ။ ဒါပေမဲ့ အမေရိကန် ပြည်ထောင်စု အရှေ့ခြမ်းမှာ နှင်းမုန်တိုင်း ကျရောက်ခဲ့တာကြောင့် သူတို့တွေ့ဆုံမယ့်အစီအစဉ်ကို ရက်ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

ဒီကနေ့ တွေ့ဆုံမှုကတော့ - ပြီးခဲ့တဲ့နိုဝင်ဘာလ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ Trump မထင်မှတ်ဘဲ အနိုင်ရခဲ့ပြီးချိန်ကစလို့ နိုင်ငံ့ခေါင်းဆောင် နှစ်ဦး ပထမဆုံးအကြိမ် တွေ့ဆုံကြမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်တုန်းကတော့ Trump က ဂျာမနီဝန်ကြီးချုပ်ရဲ့ ဒုက္ခသည် လက်ခံမှုတွေနဲ့ ပတ်သက်ပြီး ဆိုးရွားတဲ့မှားယွင်းမှုလို့ ဆိုပြီး ဝန်ကြီးချုပ် မာခဲလ်ဟာ ဂျာမနီနိုင်ငံကို ပျက်စီးအောင် လုပ်နေတာလို့ ဝေဖန်ခဲ့ ပါတယ်။

ဂျာမနီ အပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ကာကွယ်ရေးဆိုင်ရာ ကုန်ကျစရိတ်တွေအတွက် ပိုမို ကျခံသင့်တယ်လို့လည်း Trump က ပြောခဲ့တာပါ။

ဥရောပမှာ အရှိန်အဝါကြီးတဲ့ ပုဂ္ဂိုလ်တဦးဖြစ်တဲ့ မာခဲလ် ဟာ - ဒုက္ခသည်နဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေအပေါ် Trump က ပြည်ဝင်ခွင့် ကန့်သတ်တာကို ဝေဖန်သူဖြစ်ပါတယ်။ Trump ရဲ့ ပြည်ဝင်ခွင့် ကန့်သတ်မှုတွေကို အမေရိကန်တရားရုံးတွေ ကလည်း ကန့်ကွက်ဟန့်တားထားတာပါ။

ဒီကနေ့ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံချိန်မှာတော့ ရုရှားသမ္မတ Vladimir Putin နဲ့ပတ်သက်လို့ ဘယ်လို အကောင်းဆုံး ကိုင်တွယ်နိုင်မလား ဆိုတာကို မစ္စစ် မာခဲလ်ထံကနေ သမ္မတ Trump က အကြံဉာဏ် တောင်းယူနိုင်ဖွယ် ရှိတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ခန့်မှန်းကြပါတယ်။ ဂျာမနီဝန်ကြီးချုပ် မာခဲလ်ဟာ ရုရှားခေါင်းဆောင်နဲ့ အများကြီး ဆက်သွယ် ညှိနှိုင်း ဆောင်ရွက်ခဲ့ရသူ ဖြစ်ပါတယ်။

ဂျာမန်ဝန်ကြီးချုပ်နဲ့ အမေရိကန်သမ္မတ အိမ်ဖြူတော်မှာတွေ့မည်
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG