သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်တနိုင်ငံထဲအသိအမှတ်ပြုပေါ်လစီ အပေါ် Trump အမြင် အိမ်ဖြူတော်ဝေဖန်


အိမ်ဖြူတော်ပြောခွင့်ရသူ Josh Earnest
အိမ်ဖြူတော်ပြောခွင့်ရသူ Josh Earnest

တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ တပြည်ထောင်မူဝါဒကို တရုတ်နဲ့ အပေးအယူလုပ်ဖို့ အသုံးမချသင့်ဘူးလို့ အိုဘားမားအစိုးရက ပြောကြားလိုက်ပါတယ်။

ကုန်သွယ်ရေး သဘောတူညီမှုလို ဘဘောတူ ညှိုနိုင်းမှုတွေမလုပ်ဘဲ ဘာကြောင့် အမေရိကန်ပြည်ထောင်စုက တပြည်ထောင်မူကိုကျင့်သုံးနေရသလဲ မသိဘူးလို့ ရွေးကောက်ခံသမ္မတ Donald Trump ကတနင်္ဂနွေနေ့က ပြောကြားခဲ့တာနဲ့ပတ်သက်လို့ အိမ်ဖြူတော်ပြောခွင့်ရသူ Josh Earnest က တနင်္လာနေ့မှာ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ထိုင်ဝမ်ကျွန်းဟာ တရုတ်နိုင်ငံရဲ့ ပိုင်နက်ဖြစ်တယ်ဆိုတဲ့ တရုတ်အစိုးရရဲ့ရပ်တည်ချက်ကို လက်ခံပြီး ၁၉၇၉ ခုနှစ်မှာ အမေရိကန်က သံတမန်ဆက်ဆံရေးကို တရုတ်နဲ့ တရားဝင်စတင်ခဲ့တာဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး၊ အီရန်နဲ့ Nuclear ဆိုင်ရာ သဘောတူညီမှုနဲ့ မြောက်ကိုရီးယားအပေါ် တရုတ်ရဲ့ဖိအားပေးမှုတွေဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံသာမက ကမ္ဘာကြီးတခုလုံးအတွက် ဘုံအကျိုးအမြတ်တွေဖြစ်တယ်လို့ Josh Earnest ကဥပမာပေးပြောကြားခဲ့ပါတယ်။

အမေရိကန်ရဲ့ တပြည်ထောင်မူဝါဒနဲ့ပါတ်သက်လို့ တင်းမာမှုတွေရှိလာမယ်ဆိုရင် အဲဒီလိုတိုးတက်မှုတွေအတွက် အများကြီးအခက်အခဲဖြစ်စေလိမ့်မယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူက ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံက သူ့ကို ဘာလုပ်ရမယ်လို့ ပြောတာမျိုးသူ့အနေနဲ့ လက်ခံမှာမဟုတ်ဘူးလို့ ရွေးကောက်ခံသမ္မတ Trump က တနင်္ဂနွေနေ့က Fox သတင်းရုပ်သံကို ပြောကြားခဲ့တာပါ။

အမေရိကန် တရုတ်ဆက်ဆံရေးမှာ တပြည်ထောင်မူဝါဒဟာ အုတ်မြစ်တခုဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက တနင်္လာနေ့က ပြောကြားပြီး ဒီကိစ္စအရေးကြီးမှုကို Trump သဘောပေါက်အောင်လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

တရုတ်တနိုင်ငံထဲအသိအမှတ်ပြုပေါ်လစီ အပေါ် Trump အမြင် အိမ်ဖြူတော်ဝေဖန်
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG