သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ခံ သမ္မတသစ် Trump နဲ့ ပူးပေါင်းဆောင်ရွက်မည်ဟု တရုတ်အစိုးရ ပြော


 တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi

အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတသစ်အဖြစ်ရွေးကောက်ခံထားရတဲ့ Donald Trump နဲ့ ဆက်ဆံရေးတိုးတက်အောင် လုပ်ဆောင်သွားဖို့ တရုတ်နိုင်ငံဘက်က အဆင်သင့်ရှိတယ်လု့ိ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က နိုဝင်ဘာလ ၁၃ ရက်နေ့မှာပြောပါတယ်။

Trump အစိုးရအဖွဲနဲ့ နှစ်ဦးနှစ်ဘက် အပြန်အလှန်နားလည်မှုအပေါ် မူတည်ပြီး ချိတ်ဆက်ဆောင်ရွက်သွားလိုတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Yi ကပြောပါတယ်။ တရုတ်သမ္မတ Xi Jinping ရဲ့ ဂုဏ်ပြု သဝဏ်လွှာမှာဖော်ပြထားသလို အပြန်အလှန်လေးစားမှုနဲ့ ဆက်ဆံရေး တိုးတက်ဖို့ အဆင်သင့်ရှိပါတယ်လို့ မစ္စတာ Yi က တူရကီနိုင်ငံ၊ အန်ကာရာကို တရားဝင်ခရီးစဉ်နဲ့ရောက်ရှိချိန်အတွင်း စကားပြန်က တဆင့် ပြောသွားပါတယ်။

ရွေးကောက်ပွဲမဲဆွယ်ကာလမှာ Donald Trump က တရုတ်နဲ့ပတ်သက်လို့ တင်းမာတဲ့ သဘောထားရပ်တည်ချက်တွေ ပြောဆိုထားပါတယ်။ မျှတမှုမရှိတဲ့ တရုတ်နဲ့အမေရိကန်တို့ရဲ့ ကုန်သွယ်မှုကြောင့် အမေရိကန်နိုင်ငံရဲ့ကုန်ထုတ်လုပ်မှုတွေ ကျဆင်းစေသလို အမေရိကန်ကိုလည်း စီးပွါးရေး အင်အားမဲ့စေတယ်လို့ Trump ကပြောဆိုထားတာဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်တို့ရဲ့ သွင်းကုန်တွေကို ၄၅ ရာခိုင်နှုန်းအခွန်ကောက်ခံမယ်လို့လည်း Donald Trump က ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်းပြောဆိုထားဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG