သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နြူကလီးယားဖျက်သိမ်းရေး ဆွေးနွေးမှှု Trump အကောင်းမြင်


သမ္မတထရမ့်နဲ့ မြောက်ကိုရီးယား စစ်ထောက်လှမ်းရေးချုပ်ဟောင်း ကင်မ်ယွန်းချွဲတို့ ဘဲဥပုံရုံးခန်းမှာ ၂၀၁၈ ဇွန်လ ၁ ရက်နေ့က တွေ့ဆုံကြစဉ်။
သမ္မတထရမ့်နဲ့ မြောက်ကိုရီးယား စစ်ထောက်လှမ်းရေးချုပ်ဟောင်း ကင်မ်ယွန်းချွဲတို့ ဘဲဥပုံရုံးခန်းမှာ ၂၀၁၈ ဇွန်လ ၁ ရက်နေ့က တွေ့ဆုံကြစဉ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ နြူကလီးယားအစီအစဉ်တွေ အဆုံးသတ်ရေး အမေရိကန်ရဲ့ ကြိုးပမ်းမှုတွေ တိုးတက်မှုတွေရှိနေတဲ့အကြောင်း သမ္မတ Donald Trump က မနေ့ စနေနေ့ကပြောပါတယ်။

မြောက်ကိုရီးယားရဲ့ အဆင့်မြင့်ကိုယ်စားလှယ် Kim Yong Chol နဲ့ သောကြာနေ့မှာ တွေ့ ဆုံဆွေးနွေးပြီး ဒုတိယ အကြိမ် ထိပ်သီးတွေ့ဆုံပွဲကို လာမယ့် ဖေဖော်ဝါရီလ နှောင်းပိုင်း မှာ ကျင်းပမယ့်အကြောင်းနဲ့ စည်းဝေးပွဲလုပ်မယ့်နေရာကိုတော့ နောက်ပိုင်းမှာ ကြေငြာ မယ် လို့ သမ္မတ Trump က ဆိုပါတယ်။ Kim Jong Un ရော သူ့ဘက်ကပါ နောက်ထပ် ထိပ်သီးတွေဆုံပွဲ ကျင်းပဖို့ စိတ်အားထက်သန်နေပါတယ်လို့လည်း သမ္မတ Trump ကသတင်းထောက်တွေကို အိမ်ဖြူတော်မှာ ပြောဆိုခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံ၊ Danang မြို့မှာတွေ့ဆုံဖို့ အလားအလာရှိတယ်လို့ သတင်း ရင်းမြစ်တွေ ကို ကိုးကားပြီး အမေရိကန်သတင်းဌာနတွေက ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးအကြီးအကဲဟောင်းလည်းဖြစ်တဲ့ နြူကလီးယားဆိုင်ရာ အထူးသံ တမန်နဲ့ သမ္မတ Trump တို့ သမ္မအိမ်ဖြူတော် Oval ရုံးခန်းမှာတွေ့ဆုံပြီး ပထမဆုံး ကြေငြာချက်ထုတ်ပြန်ခဲ့တာပါ။ အဲဒီတွေ့ဆုံပွဲကိုတော့ မြောက်ကိုရီးယားရဲ့ နြူကလီးယား အစီအစဉ်တွေ အဆုံးသတ်ရေးအတွက် ရည်ရွယ် ပြုလုပ်တဲ့ ဆွေးနွေးပွဲလို့ အိမ်ဖြူတော်က နာမည်ပေးပါတယ်။

ခေါင်းဆောင် Kim Jong Un ရဲ့ ညာလက်ရုံးလို့လည်း တင်စား ခေါ်ဆိုခြင်းခံရတဲ့ အထူး သံတမန်နဲ့ သမ္မတ Trump တို့ရဲ့ တွေ့ဆုံမှုဟာ မိနစ် ၉၀ လောက် ကြာမြင့်ခဲ့ပါ တယ်။

please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG