သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ကုန်ထုတ်လုပ်ငန်း အကြံပေးကောင်စီက CEO ၄ဦး နုတ်ထွက်


သမ္မတ ထရမ့်ရဲ့ ကုန်ထုတ်လုပ်မှု ဆိုင်ရာ အကြံပေး ကောင်စီ ကနေ နုတ်ထွက်ခဲ့ကြတဲ့ စီးပွားရေး လုပ်ငန်းတွေရဲ့အမှုဆောင် အရာရှိ CEO တွေဟာ အမေရိကန်ပြင်ပမှာ ကုန်ထုတ်လုပ်မှုနဲ့ ပတ်သက်လို့ မျက်နှာပူကြတဲ့ အတွက် အခုလို နုတ်ထွက်ကြခြင်း ဖြစ်တယ်လို့ သမ္မတ ထရမ့်က ပြောလိုက်ပါတယ်။

ပြည်တွင်း ကုန်ထုတ်လုပ်မှုနဲ့ ပတ်သက်လို့ CEO တွေဟာ တာဝန်ကို အလေးအနက် မထားကြကြောင်း၊ သမ္မတက နယူးရောက်မြို့ရှိ ထရမ့် Tower မှာ အင်္ဂါနေ့က သတင်းထောက်တွေကို ပြောလိုက်ပါတယ်။ ကုန်ထုတ်လုပ်ငန်းတွေကို အမေရိကန်ပြည်ထောင်စုကို ပြန်ယူလာဖို့ လိုအပ်တဲ့ အကြောင်း သူ့အနေနဲ့ CEO တွေကို နားချခဲ့တာ ဖြစ်ကြောင်းလည်း သမ္မတက ပြောပါတယ်။

Merck ဆေးဝါးကုမ္ပဏီ CEO Kenneth Frazier၊၊ Under Armour အားကစားကုမ္ပဏီ၊ Kevin Plank နဲ့ Intel နည်းပညာကုမ္ပဏီ CEO Brian Krzanich တို့က ထရမ့်ရဲ့ အမေရိကန် ကုန်ထုတ်လုပ်ငန်း ကောင်စီကနေ နုတ်ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။

အင်္ဂါနေ့က Alliance for American Manufacturing ကုမ္ပဏီ CEO Scott Paul ကလည်း စတုတ္ထ ပုဂ္ဂိုလ်အဖြစ် အကြံပေး ကောင်စီကနေ နုတ်ထွက်ခဲ့ပါတယ်။

ဗာဂျီနီးယားပြည်နယ် ရှားလော့စ်ဗေးလ်မှာ လူသေဆုံးမှု ရှိခဲ့တဲ့ စနေနေ့က လူမျိုးရေး အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ သမ္မတရဲ့ကနဦး ကောက်ချက်ချ ပြောကြားမှုတွေဟာ ပျော့ညံ့တဲ့ အတွက်ကန့်ကွက်တဲ့ အနေနဲ့ အကြံပေး ကောင်စီကနေ နုတ်ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို နုတ်ထွက်ခဲ့ကြတဲ့ လူတဦးချင်းစီ နေရာမှာ အစားထိုးနိုင်မယ့်လူတွေ အများကြီးရှိတဲ့ အကြောင်း ထရမ့်က သူရဲ့ Twitter ကတဆင့် တုန့်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG