သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာဗွန်ခြေရာ လှေ ျာ့ချရေး အိုဘားမားစီမံကိန်း ထရမ့်ရုပ်သိမ်းမည်


အမေရိကန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ EPA ဒါရိုက်တာ Scott Pruit (February 21, 2017)
အမေရိကန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ EPA ဒါရိုက်တာ Scott Pruit (February 21, 2017)

အိုဘားမား လက်ထက်ကထုတ်ပြန်ခဲ့တဲ့ စက်ရုံထွက် မီးခိုးပမာဏ လျှော့ချရေးအမိန့်ကို အမေရိကန်သမ္မတ ထရမ့်က ဒီသီတင်းပတ်အတွင်း ဖျက်သိမ်းမယ့်အမိန့် ထုတ်ပြန်လိမ့် မယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအေဂျင်စီ EPA အကြီးအကဲက ပြောပါတယ်။

ABC ရုပ်သံဌာနရဲ့This Week မေးမြန်းခန်းအစီစဉ်မှာ EPA ဒါရိုက်တာ Scott Pruitt က အဲဒီလိုပြောကြားခဲ့ပြီး၊ အမေရိကန်နိုင်ငံဟာစီးပွား ဖွံ့ဖြိုးမှုလုပ်တဲ့ တပြိုင်နက်ထဲမှာပဲ သဘာဝ ပတ်ဝန်းကျင်ကိုလည်း ကာကွယ်သွားရမယ်ဆိုတဲ့ ချည်းကပ်မှုမျိုးနဲ့ လုပ်သွားရလိမ့်မယ်လို့ သမ္မတ ထရမ့်က ယုံကြည်ထားကြောင်းလည်း ရှင်းပြပါတယ်။

အလုပ်အကိုင်နဲ့ ဖွံ့ဖြိုးမှုကိုစောင်းပေးရင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမှာဖြစ်ပြီး၊ သဘာဝပတ်ဝန်းကျင် တခုထဲကိုပဲ အလေးထား နေပြန် ရင်လည်း အလုပ်အကိုင်နဲ့ ဖွံ့ဖြိုးမှုအတွက် ထိခိုက်လာမှာဖြစ်တယ် ဆိုတာကို ကျနော်တို့ လက်ခံထားခဲ့တာကြပါပြီလို့ Pruitt က ပြောပါတယ်။

ကျောက်မီးသွေးနဲ့ အခြားလောင်စာသုံး စက်ရုံတွေကထွက်တဲ့ မီးခိုးပမာဏ လျှော့ချရေး ကန့်သတ်ချက်တွေကို ပြန်ရုပ်သိမ်းဖို့လုပ်တဲ့ သမ္မတ ထရမ့်ရဲ့ အစီအစဉ်ဟာ အလုပ် အကိုင် ဖွံ့ဖြိုးရေးကိုရော ပတ်ဝန်းကျင် မထိခိုက်ရေးကိုပါ စောင်းပေးပြီး လေထု သန့်စင်ရေး အက်ဥပဒေ ဘောင် အတွင်းကသာ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ EPA အကြီးအကဲက ပြောပါတယ်။

ကာဗွန်ခြေရာ လျှော့ချရေး အိုဘားမားစီမံကိန်း ထရမ့်ရုပ်သိမ်းမည်
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG