သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FBI အကြီးအကဲ Comey ရာထူးကဖယ်ရှားခံရ


FBI ညွှန်ကြားရေးမှူး James Comey မြို့တော် ဝါရှင်တန်က အခမ်းအနား တခုမှာ မိန့်ခွန်းပြောကြားစဉ်။ မေလ ၈ ရက် ၂၀၁၇။ ဓာတ်ပုံ - အေပီ
FBI ညွှန်ကြားရေးမှူး James Comey မြို့တော် ဝါရှင်တန်က အခမ်းအနား တခုမှာ မိန့်ခွန်းပြောကြားစဉ်။ မေလ ၈ ရက် ၂၀၁၇။ ဓာတ်ပုံ - အေပီ

FBI ခေါ် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဌာန ညွန်ကြားရေးမှူး James Comey အနေနဲ့ ဌာနကို ထိရောက်စွာ ဦးဆောင်နိုင်စွမ်း မရှိတော့တဲ့အတွက်ဆိုပြီး သမ္မတ Donald Trump က ရာထူးက ဖယ်ရှားလိုက်ပါတယ်။

FBI ရဲ့ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းအပေါ် လူထုရဲ့ ယုံကြည် ကိုးစားမှု ပြန်လည် ရရှိအောင် လုပ်ဆောင်ဖို့ ဦးဆောင်မယ့်သူ အသစ်ကို ကျွနု်ပ်တို့အနေနဲ့ ရှာဖွေဖို့ လိုအပ်တယ်လို့ James Comey ထံ သမ္မတ Trump က ရေးသားပေးပို့လိုက်တဲ့ စာထဲမှာ ဖော်ပြထားကြောင်း သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

FBI အကြီးအကဲသစ် ခန့်ထားရေးအတွက် ရှာဖွေမှုကို ချက်ခြင်း လုပ်ဆောင်မှာဖြစ်ကြောင်းလည်း အိမ်ဖြူတော်ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

FBI အကြီးအကဲကို ရာထူးက ဖယ်ရှားရေးအတွက် နိုင်ငံတော် ရှေ့နေချုပ်နဲ့ လက်ထောက် ရှေ့နေချုပ်တို့ရဲ့ အကြံပြု တင်ပြချက်တွေကို သမ္မတက လက်ခံခဲ့ကြောင်းလည်း အိမ်ဖြူတော်ပြောခွင့်ရ Sean Spicer က သတင်းထောက်တွေကို အင်္ဂါနေ့မှာ ပြောပါတယ်။

FBI အကြီးအကဲရာထူး ၁၀ နှစ်တာ သက်တမ်းတခုအတွက် ခန့်အပ် တာဝန်ပေးတာ ဖြစ်ပါတယ်။ အသက် ၅၆ နှစ်အရွယ် James Comey ကိုတော့ လွန်ခဲ့တဲ့ ၄ နှစ်တုန်းက သမ္မတ Barack Obama က ခန့်အပ် တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။

အင်္ဂါနေ့ အစောပိုင်းတုန်းကတော့ ဒီမိုကရက်ပါတီက Hillary Clinton ရဲ့ အီးမေးလ် အရှုပ်တော်ပုံကိစ္စအတွက် ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြုလုပ်တဲ့ လွှတ်တော် ကြားနာပွဲမှာ Comey အနေနဲ့ အီးမေးလ် အရေအတွက် ပိုပြီး ပြောကြားခဲ့တယ်လို့ FBI က လွှတ်တော်ကို အကြောင်းကြားခဲ့ပါတယ်။

FBI အကြီးအကဲ Comey ရာထူးကဖယ်ရှားခံရ
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG