သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

Trump နဲ့ Kim ထိပ်သီးဆွေးနွေးပွဲ ကျင်းပရေးဆက် ဆွေးနွေးမည်


Trump နဲ့ Kim ထိပ်သီးဆွေးနွေးပွဲ (၂၀၁၈)

အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ ဒီလကုန်ပိုင်း ဗီယက်နမ်မှာ တွေ့ဆုံမယ့်ကိစ္စကို ကြိုတင်ပြင်ဆင်နိုင်ရေး ညှိနှိုင်းဖို့ ၊ အမေရိကန်နဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်တွေ ရှေ့သီတင်းပတ်ထဲ တွေ့ဆုံဖို့ ရှိတယ်လို့ တောင်ကိုရီးယားအစိုးရက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ခေါင်းဆောင် ၂ဦးရဲ့ ဗီယက်နမ် ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် နောက်ထပ် ညှိနှိုင်းမှုတွေလုပ်ဖို့ လိုတယ်ဆိုပြီး မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Stephen Biegun ကပြောဆိုလိုက်အပြီး နောက်တရက်မှာပဲ တောင်ကိုရီးယားက အခုလို ကြေညာလိုက် တာပါ။ ညှိနှိုင်းရေးအတွက် မြောက်ကိုရီးယားနဲ့ အမေရိကန် ကိုယ်စားလှယ်တွေဟာ အာရှထဲက တတိယနိုင်ငံတခုမှာ ရှေ့တပတ်ထဲ တွေ့ ဆုံဖို့ သဘောတူခဲ့ကြပါတယ်လို့ - တောင်ကိုရီးယား သမ္မတရဲ့ ပြောခွင့်ရ Kim Eui-kyeom ကသတင်းထောက်တွေကို ပြောပေမယ့် အသေးစိတ်ကို ပြောဆိုခြင်း မရှိပါဘူး။

ဒီလအစောပိုင်းက ပြုံယမ်းမြို့ကို သွားရောက်ခဲ့တဲ့ အထူးကိုယ်စားလှယ် Biegun နဲ့ မြောက်ကိုရီးယားအစိုးရ အရာရှိတွေ ကြိုတင်ညှိနှိုင်းတဲ့ အထဲမှာ ၊ ထရမ့်နဲ့ ကင်ဂျုံအွန်းတို့ တွေ့ဆုံတဲ့အခါ မြောက်ကိုရီးယားရဲ့ နူကလီးယားလက်နက် အစီအစဉ်ဖျက်သိမ်းရေး အာမခံချက်ပေးဖို့ ၊ အမေရိကန်-မြောက်ကိုရီးယား ဆက်ဆံရေးသစ် ထူထောင်ဖို့ အပါအဝင် ၊ ကိုရီးယားကျွန်းဆွယ်မှာ ရေရှည်ခံမယ့်ငြိမ်းချမ်းရေးကို ထူထောင်သွားရေး ကိစ္စတွေ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဂျွန်လက စင်္ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲ လုပ်ခဲ့တဲ့ သမ္မတ Trump နဲ့ Kim Jong Un တို့ဟာ လာမယ့် ဖေဖေါ်ဝါရီ ၂၇-၂၈ ရက်- ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ဒုတိယအကြိမ် တွေ့ဆုံဖို့ ရှိပါတယ်။

မြောက်ကိုရီးယားက နူကလီးယားအစီအစဉ် ဖျက်သိမ်းရေးနဲ့ပတ်သက်လို့ သမ္မတ ထရမ့်ရဲ့ ထောက်လှမ်းရေးအကြီးအကဲဖြစ်သူ Dan Coats က သံသယရှိနေပြီး၊ မြောက်ကိုရီးယားကတော့ သူ့ရဲ့ နူကလီးယားလက်နက် ဖျက်သိမ်းရေးကို အပြီးသတ် လုပ်ဆောင်ချင်ပုံ မရဘူးလို့ အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ကြားနားပွဲမှာ ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG