သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးချယ်ခံသမ္မတ Trump နည်းပညာ ကုမ္ပဏီလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ


ရွေးချယ်ခံသမ္မတ Trump နည်းပညာ ကုမ္ပဏီလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ
ရွေးချယ်ခံသမ္မတ Trump နည်းပညာ ကုမ္ပဏီလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ

အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump ဟာ အမေရိကန် နည်းပညာဆိုင်ရာ ကုမ္ပဏီကြီးတွေက ထိပ်တန်းတာဝန်ရှိသူ တွေနဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံပါတယ်။ အဲဒီထဲက အများအပြားဟာ ဒီနှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း သူ့ကို အပြင်းအထန် ဝေဖန်ခဲ့သူတွေပါ။ ဒါပေမဲ့ မနေ့ကဆွေးနွေးပွဲအတွင်းမှာတော့ မလိုမုန်းထားတဲ့ အရိပ်လက္ခဏာမျိုးတွေ ဆက်ပြီး ရှိနေတာ မတွေ့ရပါဘူး။

နယူးယောက်စီးတီးက မစ္စတာ Trump ရဲ့ ရုံးချုပ်မှာလုပ်တဲ့ ဆွေးနွေးပွဲမှာ Facebook ကုမ္ပဏီရဲ့ ဒုတိယအကြီးအကဲ Sheryl Sandberg, Amazon ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Jeff Bezos နဲ့ Tesla မော်တော်ကားကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Elon Musk တို့လည်း ပါဝင်ပါတယ်။

ကုမ္ပဏီကြီးတွေရဲ့ အမှုဆောင်အရာရှိချုပ်တွေအနေနဲ့ စကားပြောချင်တယ်ဆိုရင် သူ့ကို တိုက်ရိုက်ဖုန်းခေါ်ဖို့ မစ္စတာ Trump က ပြောခဲ့သလို သုံးလတကြိမ်လောက် ပုံမှန် ပြန်တွေ့ကြဖို့လည်း ပြောပါတယ်။

ဆန်းသစ်တီထွင်မှုကို တွန်းအားပေးဖို့နဲ့ အလုပ်အကိုင်တွေ ပိုပြီးဖန်တီးဖို့ သူ့အနေနဲ့ ဆွေးနွေးပြောဆိုတာနဲ့ လက်တွဲလုပ်ဆောင် တာကို စတင်ချင်တယ်လို့ မစ္စတာ Trump က ဆိုပါတယ်။ အဆင့်မြင့်နည်းပညာဆိုင်ရာ လုပ်ငန်းရှင်တွေဟာ Trump သမ္မတ ဖြစ်လာမယ့်အရေးနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲမတိုင်ခင်တုန်းက အကြီးအကျယ် သံသယရှိခဲ့ကြတာပါ။ ဘာ့ကြောင့်လည်းဆို တော့ Trump က တရုတ်ကို အပြင်းအထန်ဝေဖန်တာ၊ ကုန်သွယ်ရေးသဘောတူညီချက်တွေကို ဖျက်ပစ်မယ်လို့ ခြိမ်းခြောက်တာ၊ လူဝင်မှုဆိုင်ရာကို တင်းကျပ်မယ်လို့ ပြောတာတွေကြောင့် ဖြစ်ပါတယ်။

ရွေးချယ်ခံသမ္မတ Trump နည်းပညာ ကုမ္ပဏီလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ
please wait

No media source currently available

0:00 0:00:42 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG