သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြိုင်ဖက်ဟောင်းကို စွမ်းအင်ဝန်ကြီးခန့်ဖို့ Trump ဆုံးဖြတ်


စွမ်းအင်ဝန်ကြီး ဖြစ်လာမည့်Texas ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Rick Perry
စွမ်းအင်ဝန်ကြီး ဖြစ်လာမည့်Texas ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Rick Perry

ရွေးကောက်ခံ အမေရိကန်သမ္မတ Donald Trump ဟာ တချိန်က သူ့ရဲ့ နိုင်ငံရေး အရ ပြိုင်ဘက်ဖြစ်ခဲ့သူ Texas ပြည်နယ် အုပ်ချုပ်ရေးမှုးဟောင်း Rick Perry ကို စွမ်းအင်ဝန်ကြီး အဖြစ်ရွေးချယ်လိုက်ပါတယ်။ တချိန်က Perry ဟာ စွမ်းအင်ဝန်ကြီး ဌာနကို ကိုးရိုးကားရားနိုင်လွန်းတဲ့ အစိုးရဌာနတခုဖြစ်ပြီး အကုန်ကျသက်သာအောင် ဖျက်သိမ်းပစ်သင့်တဲ့ ဝန်ကြီးဌာနဖြစ်တယ်လို့ ပြောဆိုခဲ့ဘူးပါတယ်။

ရီပတ်ဘလစ်ကင်ပါတီရဲ့ သမ္မတလောင်းအဖြစ် နှစ်ကြိမ်တိတိ ရွေးချယ်ခံခဲ့ရဘူးတဲ့ Perry ဟာ ပါတီရဲ့ သမ္မတလောင်း ဆံကာတင်ရွေးချယ်ပွဲ စောစောပိုင်းအဆင့်တုံးက Donald Trump ကို ရှေးရိုးစွဲဝါဒ အတွက် ရောဂါဆိုးတခု အဖြစ် ခိုင်းနှိုင်း ပြောဆိုခဲ့ဘူးပါတယ်။

ဒါပေမဲ့ မဲခွဲဆုံးဖြတ်ချက်အရ သမ္မတလောင်းယှဉ်ပြိုင်ပွဲကနေ ထွက်သွားခဲ့ရပြီးတဲ့နောက်ပိုင်းမှာတော့ အသက် ၆၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Perry ဟာ Donald Trump ကို ထောက်ခံခဲ့သူ ဖြစ်ပါတယ်။

နိုင်ငံအနောက်တောင်ပိုင်းက Texas ပြည်နယ်ကို စံချိန်တင်တဲ့အထိ ၁၄ နှစ် တိတိ အုပ်ချုပ်ရေးမှုး တာဝန်ယူခဲ့သူ Perry ရဲ့ အမည်ကို Trump က တရားဝင် ထုတ်ဖေါ်ကြေညာတာမျိုးတော့ မရှိသေးပါဘူး။ ဒါပေမဲ့ Trump ရဲ့ အနည်းကပ် အလုပ်လုပ်ကိုင်နေတဲ့ တာဝန်ရှိသူတွေက ရွေးကောက်ခံ သမ္မတဟာ Perry ကို ဝန်ထမ်းပေါင်း တသိန်း ရှိတဲ့ စွမ်းအင် ဝန်ကြီးဌာနကို ကြီးကြပ်ဖို့ ဆုံးဖြတ် ရွေးချယ်လိုက်ပြီ ဖြစ်ကြောင်း ပြောဆိုကြပါတယ်။

စွမ်းအင်ဝန်ကြီးဌာနဟာ နိုင်ငံရဲ့ နြူကလီးယားလက်နက်တွေနဲ့ Green Energy လို့ခေါ်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ သန့်ရှင်းစွမ်းအင် ဖွံ့ဖြိုးရေး မြှင့်တင်ဆောင်ရွက်ပေးတဲ့ အစီအစဉ်တွေကို ကို ကြီးကြပ်ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။

ပြိုင်ဖက်ဟောင်းကို စွမ်းအင်ဝန်ကြီးခန့်ဖို့ Trump ဆုံးဖြတ်
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG