သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရအဖွဲ့သစ်အတွက် ဝန်းကြီးရာထူး ၂ နေရာ Trump အမည်တင်သွင်း


ရွေးကောက်ခံသမ္မတ Donald Trump က သူ့အစိုးရအဖွဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်မယ့်သူကို ရွေးချယ်နေဆဲ ကာလအတွင်းမှာပဲ အင်္ဂါနေ့က အရေးပါတဲ့ ဝန်ကြီးရာထူး ၂ ခုအတွက် အမည်စာရင်း တင်သွင်းလိုက်ပြီ ဖြစ်ပါတယ်။

သမ္မတ Barack Obama ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်သစ်ကို အပြင်းအထန် ဆန့်ကျင်တဲ့ Georgia ပြည်နယ်က အောက်လွှတ်တော်အမတ် Tom Price ကို ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်မှုဝန်ကြီးအဖြစ် ရွေးချယ်လိုက်ပါတယ်။

Tom Price အနေနဲ့ Obamacare လို့ လူသိများတဲ့ သမ္မတ အိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို ပြင်ဆင်၊ မွမ်းမံဖို့ ဦးဆောင် လုပ်ကိုင်သွားမယ့် ပုဂ္ဂိုလ် ဖြစ်ပါတယ်။

လွှတ်တော်အမတ်အဖြစ် ၆ ကြိမ် ရွေးကောက်တင်မြောက်ခံထားရတဲ့ အရိုးအထူးကုဆရာဝန် Tom Price ဟာ ၆ နှစ်တာ သက်တမ်း ရှိလာပြီဖြစ်တဲ့ သမ္မတ အိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို ပြင်ဆင်ပြီး အများပြည်သူ ငွေကြေးတတ်နိုင်ပြီး အလွယ်တကူ ကျန်းမာရေး ကုသမှု ခံယူနိုင်မယ့် စနစ်တခုနဲ့ အစားထိုးရေး လုပ်ဆောင်ဖို့ အရည်အချင်း ပြည့်မှီသူတဦးဖြစ်တယ်လို့ Trump က ပြောပါတယ်။

ဒါ့အပြင် သမ္မတ Bush အစိုးရလက်ထက်အတွင်း အလုပ်သမားဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Elaine Chao ကို ပို့ဆောင်ရေးဝန်ကြီးအဖြစ် ခန်အပ်ဖို့ ရွေးချယ်လိုက်ကြောင်းလည်း ကြေညာခဲ့ပါတယ်။ Elaine Chao ဟာ Trump အစိုးရအဖွဲ့ထဲမှာ ဝန်ကြီးအဖြစ် လျာထားခံရတဲ့ ပထမဆုံး အာရှနွယ်ဖွားတဦး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG