သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဒု-ဝန်ကြီးချုပ် နဲ့ Donald Trump ကုန်သွယ်ရေးပြဿနာ ဆွေးနွေး


အမေရိကန်သမ္မတ Donald Trump နဲ့ တရုတ် ဒုဝန်ကြီးချုပ် Liu He တို့တွေ့ဆုံဆွေးနွေး ( မေ ၁၇-၂၀၁၈)
အမေရိကန်သမ္မတ Donald Trump နဲ့ တရုတ် ဒုဝန်ကြီးချုပ် Liu He တို့တွေ့ဆုံဆွေးနွေး ( မေ ၁၇-၂၀၁၈)

အမေရိကန်သမ္မတ Donald Trump နဲ့ တရုတ် ဒုဝန်ကြီးချုပ် Liu He တို့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သမ္မတ အိမ်ဖြူက အတည်ပြုချက်ထွက် လာခဲ့တဲ့ နောက်ပိုင်းမှာ ကြာသပတေးနေ့ကတော့ သမ္မတ Trump က တရုတ်နဲ့ ကုန်သွယ်ရေးဆိုင်ရာ ခက်ခဲတဲ့ညှိနှိုင်းမှုတွေမှာ ပါဝင်လာ ခဲ့ပါတယ်။

ကမ္ဘာ့အင်အားကြီး ၂ နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိတွေရဲ့ ဒုတိယအကြိမ်ညှိနှိုင်းဆွေးနွေးမှုကို ကြာသပတေးနေ့မှာ စတင်ခဲ့တာ ဖြစ်ပြီး လွန်ခဲ့တဲ့ သီတင်း ၂ ပတ်တုန်းကတော့ ပထမအကြိမ်အဖြစ် ဘေဂျင်းမှာ ဆွေးနွေးပွဲ စတင်ခဲ့တာပါ။

တရုတ် ဒု- ဝန်ကြီးချုပ်နဲ့ မတွေ့ဆုံခင်မှာ သမ္မတ Trump က အမေရိကန်နဲ့ တရုတ်တို့ကြား အရင်ကရထားတဲ့ သဘောတူညီချက်တွေ ကို လုံးဝ မနှစ်သက်ကြောင်း ထပ်ပြီး သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အဲဒီကုန်သွယ်ရေး သဘောတူညီချက်တွေဟာ အမေရိကန်ပြည်ထောင်စုအတွက် နှစ်ပေါင်းများစွာ ဆုတ်ယုတ်စေတဲ့ ဆိုးဝါးတဲ့ သဘောတူညီချက်တွေ ဖြစ်ကြောင်းနဲ့ အဲဒီအတွက် တရုတ်ကို အပြစ်မတင်ပဲ အရင် အမေရိကန် ခေါင်းဆောင်တွေကိုသာ အပစ်တင်ကြောင်း NATO အတွင်းရေးမှုးချုပ် Jens Stoltenberg နဲ့ ဆွေးနွေးပွဲ မတိုင်ခင် သတင်းထောက်တွေကို သမ္မတ Trump က ပြောခဲ့ပါတယ်။

တရုတ်ဟာ အမေရိကန်ပြည်ထောင်စု ဆီကနေ တနှစ်ကို ဒေါ်လာ ဘီလျံရာပေါင်းများစွာ ရနေကြောင်း ဒါကို တရုတ်သမ္မတ Xi Jingping ကို သူရှင်းပြခဲ့ကြောင်းနဲ့ ဒါကို နောက်ထပ်ဆက်ပြီး လုပ်ဆောင်နိုင်တော့မှာ မဟုတ်ကြောင်း သမ္မတ Trump က ပြောပါတယ်။

အခုကျင်းပတဲ့ ဆွေးနွေးပွဲတွေဟာ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ် ၂ နိုင်ငံ စီးပွါးဆက်ဆံရေး ချိန်ခွင်လျှာပြန်ညှိဖို့ ရည်ရွယ်တယ်လို့ သမ္မတအိမ်ဖြူက ပြောပါတယ်။ ဒါ့အပြင် သမ္မတ Trump က အခုလို တင်းတင်းမာမာ ပြောဆိုနေပေမယ့် သူဟာ တရုတ်က ZTE ဖုံးကုမ္ပဏီ စီးပွါးရေးပြန်လုပ်လို့ ရအောင် နည်းလမ်းရှာပေးဖို့ တရုတ်သမ္မတ Xi Jingping နဲ့ လက်တွဲ လုပ်ဆောင်နေကြောင်း တွစ်တာကနေ ပြောပါတယ်။

တရုတ်ဒု-ဝန်ကြီးချုပ် နဲ့ Donald Trump ကုန်သွယ်ရေးပြဿနာ ဆွေးနွေး
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG