သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်သွယ်ရေး ချိန်ခွင်လျှာညှိဖို့ တရုတ် အမေရိကန် ကြိုးပမ်း


တိုက်ရိုက် လင့်ခ်

အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေး မညီမျှမှုကို လျော့ချနိုင်ဖို့အတွက် အမေရိကန် ထုတ်ကုန်တွေ ပိုပြီး ဝယ်ယူဖို့ ရည်ရွယ်ထားတဲ့အကြောင်း တရုတ် နိုင်ငံဘက်က ပြောဆိုလာတာကြောင့် ဒီ ပြောဆိုချက်အပေါ် ဝါရှင်တန်နိုင်ငံရေးအသိုင်းအဝိုင်းက လေ့လာ ချိန်ဆနေပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့အပတ်က အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံအကြား ဆွေးနွေးပွဲမှာ ငွေကြေးပမာဏအားဖြင့် တိတိကျကျ ဘယ်လောက် ဆိုတဲ့ သဘောတူညီချက်မျိုးကိုတော့ တရုတ်နိုင်ငံဘက်က ကတိပေးခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့်လည်း ဝါရှင်တန်မှာရှိတဲ့ လွှတ်တော်အမတ်တချို့က ဝေဖန်နေကြပါတယ်။ Michael Bowman ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။

XS
SM
MD
LG