သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ကုန်သွယ်ရေးလိုငွေပြမှု လျှော့ချရေး တရုတ်သဘောတူ


တရုတ်ပင်လယ်ကူး ကုန်တင်သဘောၤ တစင်း ၂၀၁၁ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ်၊ Oakland ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားစဉ်။
တရုတ်ပင်လယ်ကူး ကုန်တင်သဘောၤ တစင်း ၂၀၁၁ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ်၊ Oakland ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားစဉ်။

တရုတ်နိုင်ငံနဲ့ကုန်သွယ်ရေးမှာ အမေရိကန်ပြည်ထောင်စုဘက် လိုငွေပြနေတာကို သိသိသာသာ လျှော့ချရေး လုပ်ဆောင်မယ့် အဆင့်တွေအပေါ် နှစ်နိုင်ငံအကြား သဘောတူညီချက် ရလိုက်ပြီလို့ တရုတ်နဲ့ အမေရိကန်တို့ကပြောပါတယ်။

ဝါရှင်တန်မြို့တော်မှာ နှစ်ဘက် အဆင့်မြင့်တာဝန်ရှိသူတွေ ဆွေးနွေးကြပြီးတဲ့နောက် စနေနေ့က အဲဒီကြေညာချက် ထွက်လာ တာပါ။ တရုတ်နိုင်ငံရဲ့ မမျှတတဲ့ ကုန်သွယ်ရေး လုပ်ထုံးလုပ်နည်းတွေကြောင့် အမေရိကန်ဟာ တရုတ်ကို ရောင်းရတာထက် ဝယ်ရတာက အများကြီးပိုနေတယ်လို့ အမေရိကန်က စွပ်စွဲ ပြောဆိုထားတာပါ။

အမေရိကန် ဝန်ဆောင်မှုတွေနဲ့ ထုတ်ကုန်တွေ၊ အထူးသဖြင့် စိုက်ပျိုးရေးနဲ့ စွမ်းအင်ကဏ္ဍပိုင်းတွေမှာ ပိုပြီး ထင်ထင်ရှားရှား တိုးမြှင့် ဝယ်ယူသွားမယ်လို့ တရုတ်ဘက်က ကတိပြုပါတယ်။

အသေးစိတ်ကို ညှိနှိုင်းဆွေးနွေးဖို့ တာဝန်ရှိသူအဖွဲ့တဖွဲ့ကို တရုတ်နိုင်ငံလွှတ်မယ်လို့ သမ္မတအိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ။် ဉာဏပစ္စည်းမူပိုင်ခွင့် အကာအကွယ်ပေးဖို့ အရေးကြီးတယ်ဆိုတာ ထုတ်ပြန်ချက်ထဲမှာ ပြောထားသလို “ကုန်သွယ်ရေးမှာ တန်းတူ အခြေအနေတခုဖြစ်လာဖို့” နှစ်ဘက် အတူတကွ လုပ်ဆောင်သွားမယ်လို့လည်း ပြောထားပါတယ်။

အထက်လွှတ်တော်တွင်း ဒီမိုကရက်တစ် လူနည်းစုခေါင်းဆောင် Chuck Schumer ကတော့ ဒီထုတ်ပြန်ချက်ထဲမှာ အသေးစိတ် တွေ မပါသလောက်ပဲလို့ တုန့်ပြန်ပါတယ်။

အမေရိကန်ကုမ္ပဏီတွေက တရုတ်ကုမ္ပဏီတွေကို အမေရိကန်နည်းပညာနဲ့ စီးပွားရေးလျှို့ဝှက်ချက်တွေ မပေးရင် တရုတ်က သူ့ရဲ့ ကြီးမားလှတဲ့ ဈေးကွက်ထဲကို ပေးမဝင်တာမျိုး မကြာခနဖြစ်တယ်လို့ မစ္စတာ Schumer ကပြောပါတယ်။ အမေရိကန် ကုန်တွေကို ရေတိုမှာ ဝယ်တာလောက်နဲ့တော့ အဲဒီအခြေအနေ ပျောက်သွားမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG