သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump အစိုးရသစ်အဖွဲ့မှာ အမျိုးသမီးနှစ်ဦး ပါဝင်

ရွေးကောက်ခံ အမေရိကန်သမ္မတ Donald Trump က သူ့အစိုးရအဖွဲ့အတွက် ပထမဆုံး အမျိုးသမီး ၂ ဦးကို ဝန်ကြီးအဆင့် ခန့်အပ်ဖို့ ရွေးချယ်လိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။

တောင်ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူး Nikki Haley ကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး၊ အစိုးရထောက်ပံ့ကြေးနဲ့ ဖွင့်ထားတဲ့ တသီးပုဂ္ဂလ ကျောင်းတွေအရေး အကျိုးဆောင်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Betsy DeVos ကို ပညာရေးဝန်ကြီးအဖြစ် အသီးသီး ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

အိန္ဒိယကနေ ပြောင်းရွှေ့နေထိုင်တဲ့ မိသားစုက ပေါက်ဖွားလာတဲ့ Nikki Haley ဟာ တောင်ကာရိုလိုင်းနားပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် ဒုတိယသက်တမ်းအတွက် တာဝန် ထမ်းဆောင်နေသူဖြစ်ပေမဲ့ နိုင်ငံခြားရေးမူဝါတွေမှာ အတွေ့အကြုံ မရှိသူတဦးဖြစ်ပါတယ်။

Betsy DeVos ကတော့ အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်း Michigan ပြည်နယ်ကဖြစ်ပြီး အမေရိကန်နိုင်ငံအတွင်း အစိုးရထောက်ပံ့ကြေးနဲ့ ဖွင့်ထားတဲ့ တသီးပုဂ္ဂလကျောင်းတွေ တိုးချဲ့ ဖွဲ့စည်းနိုင်ရေးနဲ့ စာသင်ကျောင်းတွေ ထောက်ပံ့ရေး ရနိုင်ရေးအတွက် ကြိုးစား ဆောင်ရွက်နေတဲ့ အမေရိကန် ကလေးငယ်များအဖွဲ့ရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။

Trump ရွေးချယ်လိုက်တဲ့ ဒီအမျိုးသမီး ၂ ဦးစလုံးရဲ့ ရာထူးတွေ အပါအဝင် တခြား ဝန်ကြီးအဆင့် ရှိတဲ့ရာထူးတွေအတွက် အတည်ဖြစ်နိုင်ရေးအတွက် ဆီးနိတ်လွှတ်တော်ရဲ့ အတည်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။

Trump အစိုးရသစ်အဖွဲ့မှာ အမျိုးသမီးနှစ်ဦး ပါဝင်
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG