သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျူးဘားနဲ့ဆက်ဆံမှုတချို့သမ္မတ Trump ပြန်ရုပ်သိမ်း


အမေရိကန်သမ္မတ Trump မိန့်ခွန်းပြော။ ( ဇွန် ၁၆-၂၀၁၇)
အမေရိကန်သမ္မတ Trump မိန့်ခွန်းပြော။ ( ဇွန် ၁၆-၂၀၁၇)

အရင်အစိုးရအဖွဲ့ ချမှတ်ခဲ့တဲ့ လုံးဝ တဖက်သတ် ကျနေတဲ့ ကျူးဘားဆိုင်ရာ သဘောတူညီချက်ကို ဖျက်သိမ်းမယ်လို့ ပြောကြားရင်း အရင်သမ္မတ Barack Obama ရဲ့ သမိုင်းဝင် ဆက်ဆံရေးပြန်စခဲ့တဲ့ ထဲက တချို့ အပိုင်းတွေကို အမေရိကန် သမ္မတ Donald Trump က စတင် ဖျက်သိမ်းနေပြီ ဖြစ်ပါတယ်။

အဲဒီထဲမှာ ခရီးသွားမှု ဆိုင်ရာ တင်းကြပ်တဲ့ ကန့်သတ်ချက်တွေ ချတာနဲ့ ကျူးဘား စစ်တပ်နဲ့ ထောက်လှန်းရေးအဖွဲ့တွေနဲ့ ဆက်နွယ်မှု ရှိနေသူတွေနဲ့ ငွေကြေးဆိုင်ရာ ဆက်သွယ်မှုတွေကို တားမြစ်တာတွေ ပါဝင်ပါတယ်။ ကျူးဘားနိုင်ငံရဲ့ စီးပွါးရေး ကဏ္ဍမှာ ထက်ဝက်ကျော် ဟာ ကျူးဘား စစ်တပ်ပိုင် ကုမ္ပဏီကြီးဖြစ်တဲ့ GAESA က ထိမ်းချုပ်နေမယ်လို့ ခန့်မှန်းရပါတယ်။

သမ္မတဟာ Miami က ကျူးဘား အမေရိကန်အများစု နေထိုင်ရာ Little Havana ရပ်ကွက်မှာ မိန့်ခွန်းပြောကြားခဲ့ပြီး သူ့ဘေးမှာ ဒုသမ္မတ Mike Pence နဲ့ ဖလော်ရီဒါ အထက်လွှတ်တော်အမတ် Marco Rubio အပြင် တခြား ကျူးဘား နွယ် နိုင်ငံရေး ခေါင်းဆောင်တွေပါ ရှိနေတာ ဖြစ်ပါတယ်။သမ္မတက သူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာရွေးကောက်ပွဲမှာ သူအနိုင်ရအောင် မဲပေးခဲ့ကြတဲ့ ကျူးဘားနွယ်ဖွါး အမေရိကန်တွေကို သူမဲဆွယ်ပွဲ တုန်းက ကတိပေးခဲ့တဲ့ အတိုင်း လုပ်ဆောင်တာလို့ ပြောပါတယ်။

အမေရိကန် နိုင်ငံက ကျူးဘားပြည်သူတွေကို ဖိနှိပ်တဲ့ သူတွေကို အလိုမရှိကြောင်းနဲ့ ဒါတွေ မကြာခင် ကာလမှာ အဆုံးသတ်တော့မယ်လို့ သူယုံကြည်ကြောင်း ပြောပါတယ်။

ခရီးသွားလာခွင့် ပိတ်ပင်ဖို့ အားဖြည့် လုပ်ဆောင်မှာ ဖြစ်သလို ကုန်သွယ်ရေး ဆိုင်ရာ တားမြစ်မှုတွေ လည်း ချမှတ်မှာ ဖြစ်ကြောင်း နဲ့ ကျူးဘား ပြည်သူတွေဆီ ရင်းနှီး မြှုပ်နှံမှုတွေ တိုက်ရိုက် ရောက်အောင် ခိုင်ခိုင်မာမာ လုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါပေမယ့် အိုဘားမား လက်ထက်က ပြောင်းလဲခဲ့တာ အများအပြားကိုတော့ ဒီအတိုင်း ဆက်ပြီး ထားရှိမှာဖြစ်ကြောင်း သမ္မတ အိမ်ဖြူ အရာရှိတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG