သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

က ျူးဘားနဲ့ဆက်ဆံရေး တချို့တဝက် သမ္မတ Trump ပြန်ရုပ်သိမ်းမည်


သမ္မတ ထရမ့်
သမ္မတ ထရမ့်

ကျူးဘားနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒသစ်ကို သမ္မတ Donald Trump က ဒီရက်ပိုင်း အတွင်း ကြေညာဖို့ပြင်ဆင်နေပြီး၊ အဲဒီထဲမှာ ကျူးဘား-အမေရိကန် ဆက်ဆံရေး ပုံမှန် ပြန်ဖြစ်အောင် လုပ်ခဲ့တဲ့ သမ္မတဟောင်း အိုဘားမားရဲ့ မူဝါဒတချို့ကို ပြန်လည်ပြင်ဆင် သွားဖို့ ရှိတယ်လို့ အစိုးရ အဆင့်မြင့် အရာရှိကြီးတဦးနဲ့ အခြားသတင်းရင်းမြစ်တွေ ကပြောပါတယ်။

အမေရိကန်နိုင်ငံသားတွေ ကျူးဘားနိုင်ငံကို သွားရောက် လည်ပတ်ဖို့နဲ့ စီးပွားရေး သွားလုပ်ဖို့ တားမြစ်ထားတာတွေကို သမ္မတဟောင်း အိုဘားမား လက်ထက်က ရုပ်သိမ်းခဲ့တဲ့ အချက်တွေကို ပြန်လည် ပြင်ဆင်သွားဖို့ ရှိပါတယ်။

သမ္မတအကြံပေးတွေအနေနဲ့ အမေရိကန်-ကျူးဘား ဆက်ဆံရေးပေါ် သုံးသပ်ချက်တွေ၊ မှတ်ချက်တွေကို သမ္မတထရမ့်နဲ့ သူ့အမျိုးသား လုံခြုံရေးအဖွဲ့ကို ဒီရက်ပိုင်းထဲ တင်သွင်း ရမှာ ဖြစ်ပါတယ်။

ကျူးဘားနိုင်ငံဆိုင်ရာ အမေရိကန်မူဝါသစ်ကို လာမယ့်သောကြာနေ့လောက် ကြေညာဖို့ ရှိပြီ၊ အမေရိကန်မှာ အခြေချတဲ့ ကျူးဘားလူမျိုးစု အများဆုံးနေထိုင်ရာ ဖလော်ရီဒါ ပြည်နယ် မိုင်ယာမီမြို့မှာ ကြေညာဖွယ် ရှိပါတယ်။ အကယ်၍ သမ္မတထရမ့်က အချိန်ပိုယူ ခဲ့မယ်ဆိုရင် ဒီကြေညာချက်ဟာ နောက်ကျနိုင်တယ်လို့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

က ျူးဘားနဲ့ဆက်ဆံရေး တချို့တဝက် သမ္မတ Trump ပြန်ရုပ်သိမ်းမည်
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG