သုံးရလွယ်ကူစေသည့် Link များ

သမ္မတ Donald Trump ဟာ အင်္ဂါနေ့ညက ကွန်ဂရက်လွှတ်တော်မှာ ပထမဆုံး အကြိမ်ပြောတဲ့မိန့်ခွန်းမှာ လွန်ခဲ့တဲ့ ၃၉ ရက် ကျမ်းသစ္စာ ကျိန်ဆိုပွဲ မှာ ပြောခဲ့တဲ့ မိန့်ခွန်းနဲ့မတူဘဲ ပိုပြီးတော့ အကောင်းမြင်တဲ့ သဘောထားတွေ ကို ပြောခဲ့ပါတယ်။

ခပ်တိမ်တိမ်တွေးတဲ့၊ အရေးမပါတဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေလုပ်တဲ့ အချိန်ကာလတွေ ကုန်ဆုံးသွားပြီလို့ သမ္မတကဆိုပါတယ်။

ဒါပေမဲ့လည်း တိုက်ပွဲကို ရည်ညွှန်းပြောဆိုတာတော့ ရှိခဲ့ပြီး အထူးသဖြင့်ကတော့ သမ္မတရဲ့အဆိုအားဖြင့် အစွန်းရောက် အစ္စလာမ် အကြမ်းဖက်ဝါဒကို နှိမ်နင်းရမယ့် တိုက်ပွဲ ဖြစ်ပါတယ်။ အဲဒီစာသားဟာ သမ္မတရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဒုတိယဗိုလ်ချုပ် ကြီး H. R. McMaster နဲ့ သူ့အစိုးရအဖွဲ့မှာ ပါဝင်သူတချို့က ဆက်မသုံးဖို့ မစ္စတာထရမ့်ပ်ကို အကြံပေးထားတဲ့စာသားဖြစ်တယ် လို့ သတင်းဌာနက အများအပြားက ပြောကြပါတယ်။

McMaster က သူ့အနေနဲ့ အစွန်းရောက် အစ္စလာမ်ဝါဒီ အကြမ်းဖက်ဝါဒလို့ သုံးနှုန်းတာကို ပိုကြိုက်တဲ့အကြောင်း ပြီးခဲ့တဲ့သီတင်း ပတ်က သူ့ရဲ့ဝန်ထမ်းတွေကို ပြောခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ထားပါတယ်။ အဲဒီအသုံးအနှုန်းဟာ မွတ်စလင်တွေအားလုံးကို ရည်ညွှန်းပြီး သိမ်းကျူံးခေါ်ဆိုတာထက် အစ္စလာမ် အခြေခံ အစိုးရနဲ့အဖွဲ့အစည်းတွေကို ထောက်ခံတဲ့ အစွန်းရောက် ယုံကြည်သူ တွေကို ရည်ညွှန်းတဲ့နေရာမှာ သုံးစွဲတာပါ။

IS အဖွဲ့ကို အတိအကျ ဖော်ပြပြောဆိုသွားတာမှာတော့ ဒီဆိုးရွားတဲ့ရန်သူကို ကမ္ဘာမြေပေါ်ကနေ လုံးဝ ကွယ်ပျောက်သွားအောင် မွတ်စလင်ကမ္ဘာက မိမိတို့မိတ်ဆွေတွေ၊ မဟာမိတ်တွေအပါအ၀င် တခြားမဟာမိတ်တွေအားလုံးနဲ့ အမေရိကန်က လက်တွဲ လုပ်ဆောင်သွားမယ်လို့ သမ္မတထရမ့်ပ်က ပြောသွားပါတယ်။

XS
SM
MD
LG