သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားအစိုးရ ဖုန်းခိုးနားထောင်မှု စုံစမ်းပေးဖို့ လွှတ်တော်ကို Trump တောင်းဆို


ပြီးခဲ့တဲ့ နိုဝင်ဘာ သမ္မတရွေးကောက်ပွဲ မဲပေးမှုအတွက် ရုရှားက ကြားဝင်နှောက်ယှက်တာ ရှိမရှိ စုံစမ်းမှုရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ ရွေးကောက်ပွဲမတိုင်ခင်မှာ သမ္မတဟောင်း Barack Obama အစိုးရအဖွဲ့က ထောက်လှန်းရေးနဲ့ ပတ်သက်ပြီး အာဏာအလွဲသုံးစားလုပ်မှု ရှိမရှိ စုံစမ်းပေးဖို့ ထောက်လှန်းရေး အဖွဲ့တွေကို ကြီးကြပ်ရတဲ့ လွှတ်တော်ကော်မတီကို သမ္မတ Donald Trump ကတောင်းဆိုလိုက်ပါတယ်။

နယူးယောက်မြို့မှာရှိတဲ့ Trump Tower က တယ်လီဖုန်းတွေကို ရွေးကောက်ပွဲ မတိုင်ခင် တလလောက်အလိုမှာ သမ္မတဟောင်း Obama က ခိုးနားထောင်ခဲ့တယ်လို့ စနေနေ့မှာ သမ္မတ Trump က သက်သေအထောက်အထား တစုံတရာ မပြပဲ သူ့တွစ်တာ လူမှုကွန်ယက်က တဆင့် စွပ်စွဲ ရေးသားထားတဲ့ အချက်တွေအပေါ် မမှန်ကန်ကြောင်း သမ္မတဟောင်း Obama ရဲ့ ပြောခွင့်ရက တုံ့ပြန်ခဲ့ပါတယ်။

အမျိုးသားထောက်လှန်းရေး အကြီးကဲဟောင်း James Clapper ကတော့ အဲဒီအချိန်က သမ္မတလောင်းအဖြစ် အရွေးကောက်ခံထားရသူကို ဖြစ်စေ သူ့ရွေးကောက်ပွဲစည်းရုံးရေး အဖွဲ့ကို ဖြစ်စေ အဲဒီအဖွဲ့က အဖွဲ့ဝင်တစုံတယောက်ကို ဖြစ်စေ သူတို့ရဲ့ တယ်လီဖုန်း ဆက်သွယ် ပြောကြားချက် တွေကို ခိုးနားထောင်တာ တခုမှ မရှိခဲ့ဘူးလို့ NBC ရုပ်သံရဲ့ တနင်္ဂနွေနေ့ Meet the Press အစီစဉ်မှာ ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမတိုင်ခင်ကရော ရွေးကောက်ပွဲ ပြီးတဲ့ နောက်ပိုင်းမှာပါ မစ္စတာ Trump ကို ပစ်မှတ်ထားဦးတဲ့ တယ်လီဖုန်း ခိုးနားထောင် ခွင့်ပြုဖို့ တရားရုံးရဲ့ အမိန့်တစုံတရာလည်း မရှိခဲ့ဘူးလို့ မစ္စတာ Clapper ကပြောပါတယ်။

အခုလို သမ္မတ Trump က သူ့ရဲ့ ဖုန်းကို ခိုးနားထောင်တယ်လို့ စွပ်စွဲနေတာနဲ့ ပတ်သက်ပြီး ဘာအထောက်အထား ရှိသလဲလို့ ဒီမိုကရက်တစ် ပါတီနဲ့ Republican ပါတီ ၂ ရပ်စလုံးက လွှတ်တော်အမတ်တွေက မေးခွန်းတွေ ထုတ်နေကြတာ လည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG