သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက် အမာခံနယ်မြေမှာ သမ္မတဟောင်းထရမ့် စည်းရုံးရေးဆင်း


ဇူလိုင်လ ၂၇ ရက်နေ့က Minnesota ပြည်နယ် St. Cloud မြို့မှာ စည်းရုံးရေးဆင်းနေတဲ့ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း Donald Trump ရဲ့ မဲဆွယ်ပွဲ
ဇူလိုင်လ ၂၇ ရက်နေ့က Minnesota ပြည်နယ် St. Cloud မြို့မှာ စည်းရုံးရေးဆင်းနေတဲ့ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း Donald Trump ရဲ့ မဲဆွယ်ပွဲ

အမေရိကန်မှာ သမ္မတရွေးကောက်ပွဲတွေ ကျင်းပဖို့ ရက်ပေါင်း ၁၀၀ သာ ကျန်တော့တဲ့အချိန်မှာ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်းနဲ့ ဒုသမ္မတလောင်းတွေ ဖြစ်ကြတဲ့ သမ္မတဟောင်း Donald Trump နဲ့ အထက်လွှတ်တော်အမတ် JD Vance တို့ ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီကို ထောက်ခံတဲ့ အမာခံနယ်မြေ Minnesota ပြည်နယ်မှာ စည်းရုံးရေး ဆင်းခဲ့ကြပါတယ်။

၁၉၇၂ ခုနှစ်ကတည်းက ရီပတ်ဘလစ်ကန် သမ္မတလောင်းတွေကို ထောက်ခံမှု မပေးခဲ့တဲ့ Minnesota ပြည်နယ်မှာ ဒီတကြိမ်သမ္မတ ရွေးကောက်ပွဲမှာ ထောက်ခံမှုရဖို့လည်း သမ္မတဟောင်းထရမ့် မျှော်လင့်နေတာပါ။ မနေ့တုန်းက St. Cloud မြို့က ထောက်ခံသူတွေကိုပြောတဲ့ မိန့်ခွန်းမှာတော့ ဒီမိုကရက်တစ်ပါတီက သမ္မတလောင်း ဖြစ်လာနိုင်ခြေရှိတဲ့ လက်ရှိ ဒုသမ္မတ Kamala Harris ကို လက်ဝဲဝါဒစွဲ ပြင်းထန်သူ၊ အစွန်းရောက်သူအဖြစ် ဝေဖန်ထိုးနှက်ခဲ့တာပါ။

ပြီးခဲ့တဲ့ မေလထဲမှာတုန်းကတော့ Minnesota ပြည်နယ်မှာ အနိုင်ရအောင် လုပ်နိုင်ကြောင်း ထရမ့်က ကြွေးကြော်ထားပြီး ဒီမိုကရက်တွေကို အခိုင်အမာ ထောက်ခံကြတဲ့ ပြည်နယ်ရဲ့ အရှေ့မြောက်ဖက်က အလုပ်သမား လူတန်းစားတွေ ရီပတ်ဘလစ်ကန်ကို ထောက်ခံမှုတွေ တိုးလာနေချိန်မှာ သံသတ္ထုတူးဖော်ရေး လုပ်ငန်းမှာ အခွင့်အလမ်းတွေ ပေးဖို့လည်း စည်းရုံးခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဖြစ်နိုင်ခြေရှိနေတဲ့ ဒုသမ္မတ Harris ကတော့ ပထမဆုံးအကြိမ် မဲဆွယ်ပွဲ ရန်ပုံငွေအတွက် Massachusetts ပြည်နယ်၊ Pittsfield မြို့ကို မနေ့ကပဲ စည်းရုံးရေး ထွက်ခဲ့တာပါ။ ရန်ပုံငွေပွဲမှာ စုစုပေါင်း ၁ သန်း ၄ သိန်းလောက် ရလိမ့်မယ်လို့လည်း စည်းရုံးရေးအဖွဲ့က ခန့်မှန်းထားပါတယ်။

Forum

XS
SM
MD
LG