သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း



COVID-19 အန္တရာယ်ကာကွယ်ရန် နှာခေါင်းစည်းတပ်ပြီး စားစရာအလှူစောင့်နေသည့် ဆိုက်ကားဆရာတဦး။ (ရန်ကုန်၊ ဧပြီ ၇၊ ၂၀၂၀)


(Zawgyi/Unicode)




-------------------------

(Unicode)

COVID-19 ဆိုင်ရာ ကူညီလုပ်ဆောင်ပေးနေတဲ့ ပရဟိတလုပ်သားတွေရဲ့ အတွေ့အကြုံ

ထိုင်းနိုင်ငံမှာ သွားရောက်လုပ်ကိုင်ခဲ့ကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေ သူတို့ မူရင်း ဒေ သအသီးသီးကို ပြန်ရောက်သွားကြတဲ့အခါ COVID-19 ကူးစက်ထားမှုရှိမရှိ သိရဖို့အတွက် သက်ဆိုင်ရာဒေသအသီးသီးမှာ သူတို့ကို သီးခြားခွဲပြီး စောင့်ကြည့်နေပါတယ်။

ဒီလို သီးခြားခွဲစောင့်ကြည့်တဲ့ လုပ်ငန်းအပြင် COVID-19 နဲ့ပတ်သက်ပြီး အသိပညာပေးတာ၊ ကာကွယ်တားဆီးတာ၊ လိုအပ်တဲ့ အကူအညီပေးတာ စတာတွေမှာ ဒေသခံ အရပ်သားတွေဟာ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ပရဟိတ လုပ်သားတွေအဖြစ် ဝိုင်းဝန်းလုပ်ဆောင်နေကြပါတယ်။

အဲဒီလူတွေထဲက ကရင်ပြည်နယ်၊ ဘားအံ့မြို့က ကိုအောင်မိုးနဲ့ ပဲခူးမြို့က ကိုငြိမ်းချမ်းအောင်တို့ကို Facebook Messenger ကနေတဆင့် ဆက်သွယ်ပြီး သူတို့ဒေသတွေက အခြေအနေ၊ သူတို့ရဲ့ အတွေ့အကြုံ၊ ရင်ဆိုင်ရတဲ့အခက်အခဲ စတာတွေကို မေးမြန်းဆွေးနွေးထားပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG