သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူနီးရှား ဒီမိုကရေစီ ကျဆုံးတော့မှာလား


Tunis မြို့မှာ တူနီးရှားသမ္မတကို ဆန့်ကျင် ဆန္ဒပြနေသူများ။ (နိုဝင်ဘာ ၁၄၊ ၂၀၂၁)
Tunis မြို့မှာ တူနီးရှားသမ္မတကို ဆန့်ကျင် ဆန္ဒပြနေသူများ။ (နိုဝင်ဘာ ၁၄၊ ၂၀၂၁)

(Zawgyi / Unicode)

တူနီးရှားနိုင်ငံမှာ အဓိကကျတဲ့ တရားစီရင်ရေး စောင့်ကြည့်အဖွဲ့တခုကို သမ္မတ Kais Saied က တနင်္ဂနွေနေ့မှာ အသစ် ပြန်လည်ဖွဲ့စည်းလိုက်ပြီး တရားသူကြီးတွေကို ရာထူးက ဖယ်ရှားပိုင်ခွင့်နဲ့ လက်ရှိ ဆန္ဒပြပွဲတွေ တားဆီးပိတ်ပင်နိုင်ခွင့် အာဏာကိုပါ သူက ရယူလိုက်ပါတယ်။

တနင်္ဂနွေနေ့က သမ္မတရဲ့ အဲဒီအမိန့် ထွက်ပေါ်လာပြီး နာရီပိုင်းအကြာမှာပဲ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် ပျောက်ကွယ်သွားမှာကို စိုးရိမ်တဲ့ ရာနဲ့ချီတဲ့ ပြည်သူတွေဟာ Tunis မြို့လယ်ကောင်မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံတွင်းမှာ လွတ်လပ်တဲ့ တရားစီရင်ရေးကို ထိပါးလာတယ်ဆိုပြီး တရားသူကြီးတွေက နိုင်ငံတဝန်း တရားရုံးတွေကို ပိတ်ပစ်ခဲ့ပြီး တပတ်အကြာမှာပဲ CSM လို့ အတိုကောက်ခေါ်တဲ့ အဆင့်မြင့် တရားရေးကောင်စီကို သမ္မတ Saied က ဖျက်သိမ်းလိုက်တဲ့အမိန့် ထွက်ပေါ်လာတာပါ။

သမ္မတ ထုတ်ပြန်လိုက်တဲ့ အမိန့်ထဲမှာ "Temporary Supreme Judicial Council" ယာယီတရားရေးကောင်စီချုပ် ဆိုတာကို အသစ်ဖွဲ့စည်းလိုက်ပြီး ဒီအဖွဲ့ထဲမှာ သမ္မတက စိတ်ကြိုက်ခန့်ထားတဲ့ ပုဂ္ဂိုလ်တချို့ ပါဝင်သလို ဒီကောင်စီမှာ တာဝန်ထမ်းဆောင်ဖို့ ပျက်ကွက်မယ့် ဘယ်တရားသူကြီးကိုမဆို တာဝန်က ရပ်ဆိုင်းနိုင်တဲ့ အာဏာကိုပါ သမ္မတ Saied က ရယူထားလိုက်ပါတယ်။

Saied က အခုလို ဥပဒေကဲ့သို့ အာဏာတည်စေတဲ့ အမိန့်တွေနဲ့ မအုပ်ချုပ်ခင် ပြီးခဲ့တဲ့နှစ် ဇူလိုင်လထဲ အစိုးရကို ဖျက်သိမ်းခဲ့သလို ပါလီမန်ကိုပါ ရပ်ဆိုင်းခဲ့တာပါ။ ဒါကြောင့် အာရပ်နွေဦးတော်လှန်ရေးမှာ ဒီမိုကရေစီ အပြောင်းအလဲကို လုပ်နိုင်ခဲ့တယ်လို့ ယူဆနိုင်တဲ့ တူနီးရှားနိုင်ငံမှာ ခုတော့ လွတ်လပ်မှုတွေ ကွယ်ပျောက်လာမှာကို စိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)

တူနီးရှား ဒီမိုကရစေီ ကဆြုံးတော့မှာလား






XS
SM
MD
LG