သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

တူနီးရွား တရားလႊတ္ေတာ္ခ်ဳပ္ကို သမၼတ ဖ်က္သိမ္း


တူနီးရွားသမၼတ Kais Saied. (စက္တင္ဘာ ၂၀၊ ၂၀၂၁)

(Zawgyi / Unicode)

အာဖရိကေျမာက္ပိုင္း ႏိုင္ငံတႏိုင္ငံျဖစ္တဲ့ တူနီးရွားႏိုင္ငံမွာ သမၼတက တရားလႊတ္ေတာ္ခ်ဳပ္ကို တနဂၤေႏြေန႔က ဖ်က္သိမ္းလိုက္ပါတယ္။

သမၼတ Kais Saied က တရားသူႀကီးေတြကို ေဝဖန္ခဲ့တာ လခ်ီခဲ့ၿပီး ျဖစ္ပါတယ္။ အၾကမ္းဖက္မႈေတြနဲ႔ အက်င့္ပ်က္ ျခစားမႈေတြကို စစ္ေဆးရာမွာ ၾကာလွတယ္လို႔ သူက ေဝဖန္ခဲ့တာပါ။

တရားလႊတ္ေတာ္ခ်ဳပ္နဲ႔ ပတ္သက္ၿပီး အမိန႔္ဒီဂရီတရပ္ ထုတ္မယ္လို႔ ေျပာေပမယ့္ အေသးစိတ္ကိုေတာ့ မေျပာပါဘူး။ တရားလႊတ္ေတာ္ခ်ဳပ္ဟာ ဖြဲ႔စည္းပုံအရ ဖြဲ႔စည္းထားတဲ့ သီးျခားလြတ္လပ္တဲ့အဖြဲ႔ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ဇူလိုင္လတုန္းကလည္း သမၼတဟာ အစိုးရနဲ႔ လႊတ္ေတာ္ကို ဖ်က္သိမ္းခဲ့ပါတယ္။

ဖြဲ႔စည္းပုံကို အသစ္ေ႐ြးဆြဲ၊ လူထုဆႏၵခံယူပြဲ က်င္းပမယ္လို႔ ေျပာထားၿပီး မေရးဆြဲမီမွာ အင္တာနက္ကေန လူထုအႀကံဉာဏ္ေတြ ရယူမယ္လို႔ သမၼတက ဆိုပါတယ္။ ဒါေပမယ့္ ဒီျဖစ္စဥ္မွာ အဓိကက်တဲ့ အရပ္ဘက္ အဖြဲ႔အစည္းေတြ၊ ပါတီေတြကို ပါဝင္ဖို႔ ဖိတ္ေခၚမထားပါဘူး။

တနဂၤေႏြေန႔မွာ ပါတီေတြ၊ အဖြဲ႔အစည္းေတြနဲ႔ သမဂၢေတြက အၾကမ္းဖက္သမားေတြအေပၚ အေရးယူေရး ဆႏၵျပၾကၿပီး သမၼတကို ေထာက္ခံသူေတြက တရားသူႀကီးေတြကို ဆန႔္က်င္ ဆႏၵျပၾကပါတယ္။ ဒီဆႏၵျပပြဲကို သမၼတက ခြင့္ျပဳခဲ့တာပါ။ ဒါေပမယ့္ ၿပီးခဲ့တဲ့လ သူ႔ကိုဆန႔္က်င္ ကန႔္ကြက္တဲ့ ဆႏၵျပပြဲမွာေတာ့ ဆႏၵျပသူေတြကို မီးသတ္ပိုက္ေတြနဲ႔ ေရပက္ ၿဖိဳခြဲၿပီး ႐ိုက္ႏွက္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

တူနီးရှား တရားလွှတ်တော်ချုပ်ကို သမ္မတ ဖျက်သိမ်း

အာဖရိကမြောက်ပိုင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ တူနီးရှားနိုင်ငံမှာ သမ္မတက တရားလွှတ်တော်ချုပ်ကို တနင်္ဂနွေနေ့က ဖျက်သိမ်းလိုက်ပါတယ်။

သမ္မတ Kais Saied က တရားသူကြီးတွေကို ဝေဖန်ခဲ့တာ လချီခဲ့ပြီး ဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေနဲ့ အကျင့်ပျက် ခြစားမှုတွေကို စစ်ဆေးရာမှာ ကြာလှတယ်လို့ သူက ဝေဖန်ခဲ့တာပါ။

တရားလွှတ်တော်ချုပ်နဲ့ ပတ်သက်ပြီး အမိန့်ဒီဂရီတရပ် ထုတ်မယ်လို့ ပြောပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။ တရားလွှတ်တော်ချုပ်ဟာ ဖွဲ့စည်းပုံအရ ဖွဲ့စည်းထားတဲ့ သီးခြားလွတ်လပ်တဲ့အဖွဲ့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလည်း သမ္မတဟာ အစိုးရနဲ့ လွှတ်တော်ကို ဖျက်သိမ်းခဲ့ပါတယ်။

ဖွဲ့စည်းပုံကို အသစ်ရွေးဆွဲ၊ လူထုဆန္ဒခံယူပွဲ ကျင်းပမယ်လို့ ပြောထားပြီး မရေးဆွဲမီမှာ အင်တာနက်ကနေ လူထုအကြံဉာဏ်တွေ ရယူမယ်လို့ သမ္မတက ဆိုပါတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်မှာ အဓိကကျတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ပါတီတွေကို ပါဝင်ဖို့ ဖိတ်ခေါ်မထားပါဘူး။

တနင်္ဂနွေနေ့မှာ ပါတီတွေ၊ အဖွဲ့အစည်းတွေနဲ့ သမဂ္ဂတွေက အကြမ်းဖက်သမားတွေအပေါ် အရေးယူရေး ဆန္ဒပြကြပြီး သမ္မတကို ထောက်ခံသူတွေက တရားသူကြီးတွေကို ဆန့်ကျင် ဆန္ဒပြကြပါတယ်။ ဒီဆန္ဒပြပွဲကို သမ္မတက ခွင့်ပြုခဲ့တာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့လ သူ့ကိုဆန့်ကျင် ကန့်ကွက်တဲ့ ဆန္ဒပြပွဲမှာတော့ ဆန္ဒပြသူတွေကို မီးသတ်ပိုက်တွေနဲ့ ရေပက် ဖြိုခွဲပြီး ရိုက်နှက်ခဲ့ပါတယ်။

XS
SM
MD
LG