သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တူနီးရွား ဒီမိုကေရစီျပဳျပင္ေရး ကန္ဝန္ႀကီး Blinkin အားေပး


အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken. (ႏုိဝင္ဘာ ၂၀၊ ၂၀၂၁)

(Zawgyi / Unicode)

တူနီးရွားႏိုင္ငံမွာ ျပည္သူေတြ လိုလားေမွ်ာ္လင့္ေနတဲ့ ဒီမိုကေရစီလမ္းေၾကာင္း ေပၚေပါက္လာေစေရးအတြက္ တူနီးရွားသမၼတက ျပဳျပင္ေျပာင္းလဲေရး လုပ္မယ့္ကိစၥကို ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ႀကိဳဆိုေထာက္ခံေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက တနဂၤေႏြေန႔မွာ ေျပာပါတယ္။ တူနီးရွားမွာ သမၼတ Kais Saied အာဏာရယူခဲ့ၿပီး ၄ လနီးပါးအၾကာမွာ ေျပာဆိုလိုက္တာပါ။

တူနီးရွားမွာ ဇူလိုင္လထဲ ပါလီမန္နဲ႔ အစိုးရအဖြဲ႔ကို ဖ်က္သိမ္းခဲ့ၿပီးေနာက္ ျပည္တြင္းျပည္ပက ေဝဖန္မႈေတြ တိုးလာေနတာကို ကိုင္တြယ္ေျဖရွင္းဖို႔ အခ်ိန္ဇယားအတိုင္း သူ႔အေနနဲ႔ မရပ္မနား အလုပ္လုပ္ေနတယ္လို႔ သမၼတ Saied က ၿပီးခဲ့တဲ့သီတင္းပတ္မွာ ေျပာခဲ့တာပါ။

ေထာင္ခ်ီတဲ့ တူနီးရွားျပည္သူေတြကေတာ့ ပါလီမန္ကို ျပန္ေခၚေပးဖို႔ ၿပီးခဲ့တဲ့အပတ္ထဲ သမၼတကို ဆႏၵျပ ေတာင္းဆိုခဲ့သလို ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႔ (IMF) ရဲ႕ ႏိုင္ငံ့စီးပြားေရးက႑ကို က်ားကန္ေပးမယ့္ အကူအညီေတြ ျပန္ရႏိုင္ဖို႔ Saied အေနနဲ႔ ဖြဲ႔စည္းပုံအေျခခံဥပေဒအတိုင္း လိုက္နာဖို႔ကိုလည္း ေတာင္းဆိုခဲ့ၾကပါတယ္။

တူနီးရွားက ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေရးကို Antony Blinken က အားေပးေၾကာင္း Blinken နဲ႔ သမၼတ Kais Saied တို႔ ဖုန္းဆက္သြယ္ေျပာဆိုခဲ့တာနဲ႔ ပတ္သက္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာနက ထုတ္ျပန္တာ ျဖစ္ပါတယ္။ ဒါ့အျပင္ တူနီးရွားမွာ အစိုးရသစ္ဖြဲ႔စည္းေရး အပါအဝင္ စီးပြားေရး ျပန္ဦးေမာ့လာေစမယ့္ ေျခလွမ္း စတဲ့ ျဖစ္ေပၚတိုးတက္မႈေတြ အတြက္လည္း သူတို႔ ၂ ဦးၾကား ေဆြးေႏြးခဲ့တယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

အေမရိကန္ေၾကညာခ်က္ မတိုင္ခင္ တူနီးရွားသမၼတရဲ႕ ထုတ္ျပန္ခ်က္ထဲမွာေတာ့ အေမရိကန္အေနနဲ႔ တူနီးရွားကို တႀကိမ္ေလာက္ေတာ့ ကူညီေထာက္ပံ့ေရး ကမ္းလွမ္းသင့္တယ္လို႔ တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

တူနီးရှား ဒီမိုကရေစီပြုပြင်ရေး ကန်ဝန်ကြီး Blinkin အားပေး

တူနီးရှားနိုင်ငံမှာ ပြည်သူတွေ လိုလားမျှော်လင့်နေတဲ့ ဒီမိုကရေစီလမ်းကြောင်း ပေါ်ပေါက်လာစေရေးအတွက် တူနီးရှားသမ္မတက ပြုပြင်ပြောင်းလဲရေး လုပ်မယ့်ကိစ္စကို နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြိုဆိုထောက်ခံကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ တူနီးရှားမှာ သမ္မတ Kais Saied အာဏာရယူခဲ့ပြီး ၄ လနီးပါးအကြာမှာ ပြောဆိုလိုက်တာပါ။

တူနီးရှားမှာ ဇူလိုင်လထဲ ပါလီမန်နဲ့ အစိုးရအဖွဲ့ကို ဖျက်သိမ်းခဲ့ပြီးနောက် ပြည်တွင်းပြည်ပက ဝေဖန်မှုတွေ တိုးလာနေတာကို ကိုင်တွယ်ဖြေရှင်းဖို့ အချိန်ဇယားအတိုင်း သူ့အနေနဲ့ မရပ်မနား အလုပ်လုပ်နေတယ်လို့ သမ္မတ Saied က ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြောခဲ့တာပါ။

ထောင်ချီတဲ့ တူနီးရှားပြည်သူတွေကတော့ ပါလီမန်ကို ပြန်ခေါ်ပေးဖို့ ပြီးခဲ့တဲ့အပတ်ထဲ သမ္မတကို ဆန္ဒပြ တောင်းဆိုခဲ့သလို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ နိုင်ငံ့စီးပွားရေးကဏ္ဍကို ကျားကန်ပေးမယ့် အကူအညီတွေ ပြန်ရနိုင်ဖို့ Saied အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လိုက်နာဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

တူနီးရှားက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို Antony Blinken က အားပေးကြောင်း Blinken နဲ့ သမ္မတ Kais Saied တို့ ဖုန်းဆက်သွယ်ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တာ ဖြစ်ပါတယ်။ ဒါ့အပြင် တူနီးရှားမှာ အစိုးရသစ်ဖွဲ့စည်းရေး အပါအဝင် စီးပွားရေး ပြန်ဦးမော့လာစေမယ့် ခြေလှမ်း စတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေ အတွက်လည်း သူတို့ ၂ ဦးကြား ဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမေရိကန်ကြေညာချက် မတိုင်ခင် တူနီးရှားသမ္မတရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အမေရိကန်အနေနဲ့ တူနီးရှားကို တကြိမ်လောက်တော့ ကူညီထောက်ပံ့ရေး ကမ်းလှမ်းသင့်တယ်လို့ တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG