သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမေအာက္ကို ၿမိဳ႕ခ်ဲ႕မယ္ဆိုရင္ အပိုင္း (၁)


Nextcity.org
ေျမေအာက္ကို ၿမိဳ႕ခ်ဲ႕မယ္ဆိုရင္ အပိုင္း (၁)
please wait

No media source currently available

0:00 0:07:24 0:00
တိုက္႐ိုက္ လင့္ခ္


ရန္ကုန္တိုင္းေလာက္ပဲ က်ယ္ဝန္းတဲ့ စကၤာပူမွာ ဥမင္လိႈဏ္ေခါင္းေတြတူးၿပီး အေဝးေျပးလမ္းေတြ ရထားလမ္းေတြေဖါက္၊ သိုေလွာင္ကန္ေတြ shopping mall ေတြေဆာက္ၿပီး ေျမေအာက္ဧရိယာကို အေကာင္းဆံုး အသံုးခ်ဖို႔ ႀကိဳးစားေနၾကတာပါ။ ဒီလိုေျမေအာက္တည္ေဆာက္ေရး မလုပ္ခင္မွာ ဘာေတြလုပ္ရမယ္ဆိုတာနဲ႔ ႀကံဳေတြ႔ႏိုင္တဲ့အခက္ခဲေတြကို စကၤာပူက ၿမိဳ႕ျပနဲ႔ သဘာဝဝန္းက်င္ဆိုင္ရာ အင္ဂ်င္နီယာလည္းျဖစ္ ဘူမိေဗဒ ပညာရွင္တဦးလည္းျဖစ္တဲ့ ေဒါက္တာကာဝင္းက ေျပာျပေပးမွာပါ။

ေဒါက္တာကာဝင္း။ ။“ေျမေအာက္မွာ tunnel ေတြေပါ့၊ လႈိဏ္ေခါင္းေတြ တူးမယ္၊ storage ေပါ့ ပစၥည္းေတြ သိုေလွာင္ဖို႔ေတြ၊ ေနာက္ shopping စင္တာေတြ ေဆာက္တဲ့ လုပ္ငန္းေတြ၊ အဲဒီလို ေနရာတခုမွာေဆာက္မယ္ဆုိရင္ ပထမဦးဆံုး အေရးႀကီးတာက အဲဒီေဒသရဲ့ ဘူမိေဗဒအေၾကာင္းအရာ (gological), engineering geology အင္ဂ်င္နီယာဘူမိေဗဒနဲ႔ rock mechanic ေပါ့၊ အဲဒီေက်ာက္ေတြ အေၾကာင္းကို ေသေသခ်ာခ်ာ ေလ့လာဖုိ႔ လိုအပ္ပါတယ္။ အဲဒီ pre study ေပါ့။ ႀကိဳတင္ေလ့လာမႈ လုပ္တယ္ဆိုရင္ အဲဒီေဒသမွာ ဘူမိေဗဒ ေျမပံုေတြကို ကြင္းဆင္းၿပီး ေလ့လာရမယ္။ ၿပီးေတာ့ လြန္တြင္းေတြ တူးရမယ္။ အဲဒီ လြန္တြင္းေတြ ကေန ေက်ာက္ေတြရဲ့ နမူနာေတြကို ေကာက္ယူရမယ္။ ၿပီးေတာ့ အဲဒီ ေက်ာက္နမူနာေတြကမွ ေက်ာက္ေတြရဲ့ အင္ဂ်င္နီယာဂုဏ္သတၱိေတြကို စမ္းသပ္ရမယ္။ အဲဒီလို စမ္းသပ္တဲ့အခါမွာ သာမန္စမ္းသပ္တာအျပင္ တကယ့္ စပယ္ရွယ္ စမ္းသပ္တာေတြကိုလည္း လုပ္ဖို႔ လုိပါတယ္။

ဒီလိုေျမေအာက္မွာ ရွိတဲ့ ေက်ာက္သားေတြအေၾကာင္းတင္မကပါဘူး။ သူတို႔တည္ရွိေနတဲ့ အေနထားကိုလည္း သိထားဖုိ႔ လိုပါတယ္။

ေဒါက္တာကာဝင္း။ ။“ေျမေပၚဘူမိေဗဒ အျပင္ geophysics ေပါ့ ဘူမိရူပေဗဒ လုပ္ငန္းေတြကို လုပ္ေဆာင္သင့္ပါတယ္။ ဒါမွ subsurface ေျမေအာက္ရဲ့ ဘူမိေဗဒ အေနအထားေပါ့၊ ေက်ာက္ေတြက ဘယ္လိုေနတယ္၊ အဲဒီမွာ ဘူမိအေနထား geological structures ေတြ ဘယ္လိုရွိတယ္၊ အဲဒါေတြကိုလည္း ေလ့လာစံုစမ္း သင့္ပါတယ္။ ေနာက္တခုက အခုအခ်ိန္မွာ တိုးတက္ေျပာင္းလဲလာေတာ့၊ အဲဒီ ဧရိယာတခုလံုးကို မတူးခင္ကတည္းက အဲဒီေက်ာက္ေတြထဲမွာရွိတဲ့ မူလရွိတဲ့ in situ stress ဆိုတာရွိတယ္။ အဲဒီ in situ stress formation ေက်ာက္လႊာေတြကိုလည္း ေလ့လာစံုစမ္းသင့္ပါတယ္။ အဲဒီလိုေလ့လာစံုစမ္းခဲ့မယ္ ဆိုလို႔ရွိရင္ ကိုယ္တူးမယ့္ ေနရာမွာ ရွိတဲ့ ေျမေအာက္မွာ ရွိတဲ့ ကိုယ့္ကို အႏၱရာယ္ေပးမယ့္ ဘူမိအေနထားေတြ၊ ဥပမာ ျပတ္ေရြ႕ေတြရွိမလား၊ ေျမေအာက္မွာ တကယ့္ - water bearing zone ေပါ့၊ ဟို ေဆာက္လုပ္တဲ့ ေနရာမွာ အခက္အခဲေတြ ေပးမယ့္၊ ေရေတြ အရမ္းထြက္မယ့္ ဇံုေတြ ရွိမလား၊ အဲဒါေတြကိုလည္း ကိုယ္က ႀကိဳၿပီး သိႏိုင္မယ္။ တူးေဖၚတဲ့ ေနရာမွာ အႏၱရာယ္ေတြ ေလ်ာ့ႏိုင္ပါတယ္။”

အေရးပါတဲ့ ဘူမိအေနထားအေျခေန တခုျဖစ္တဲ့ in situ stress လို႔ေခၚတဲ့ ေက်ာက္ေတြထဲမွာ မူလရွိေနတဲ့ဒဏ္အား ဘယ္ေလာက္ အထိႀကီးမား တယ္ဆိုတာကို သိထားရမွာ ျဖစ္ပါတယ္။

ေဒါက္တာကာဝင္း။ ။“တခ်ိဳ႕ေဒသေတြမွာ သဘာဝအေလွ်ာက္ ေက်ာက္ေတြေပၚမွာ in situ stress က အင္မတန္ျမင့္မားတဲ့ high in situ stress ရွိတဲ့ေနရာေတြ ရွိတတ္ပါတယ္။ အဲဒီလို ေနရာမ်ိဳးေတြ ဆိုလို႔ရွိရင္ တူးေဖၚတဲ့ ေနရာမွာ လူေတြကို အႏၲရာယ္ေပးတဲ့ - ေက်ာက္ေတြက အလိုလို ေနရင္းနဲ႔ ကြဲအက္ၿပီးေတာ့ လြင့္စင္ ၿပီးေတာ့ အဲဒီ တူးတဲ့လူေတြကို လာၿပီးေတာ့ ထိမွန္တတ္တယ္။ အဲလိုဟာမ်ိဳးေတြလည္း ႀကံဳရတတ္ပါတယ္။ အဲဒီလို ခက္ခဲတဲ့ ဘူမိေဗဒ အေနအထားေတြ၊ အေျခအေန ေတြကို ေရွာင္လႊဲဖုိ႔အတြက္ အဲဒီေဒသ တခုလံုးကို မတူးေဖၚခင္မွာ ေသေသခ်ာခ်ာေလ့လာ detail study လုပ္သင့္ပါတယ္။ အဲဒီလို လုပ္မယ္ ဆိုလို႔ရွိရင္ ေတြ႔ႀကံဳရမယ့္ အႏၱရာယ္ေတြကို ကိုယ္က ႀကိဳၿပီး ေရွာင္လႊဲၿပီးေတာ့ သြားလို႔ ရပါတယ္။”

ဒါ့အျပင္ လႈိဏ္ေခါင္းတူးရာမွာ ေခါင္မိုးေက်ာက္သားရဲ့ တည္ၿငိမ္မႈအေနထားက သိပ္ကို အေရးပါပါတယ္။

ေဒါက္တာကာဝင္း။ ။“အဲဒီ ေျမေအာက္လိႈဏ္ေခါင္းေတြ တူးတဲ့အခါမွာ အဓိက အေရးႀကီးတာက ေခါင္မိုးနံရံရဲ႕ stability ေပါ့။ ဆိုလိုတာက Roof’s stability က ေတာ္ေတာ္ အေရးႀကီးတယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ သူက ေျမေအာက္မွာတူးတယ္ဆိုေတာ့ သူ႔အေပၚမွာ သဘာဝအေလွ်ာက္ ရွိတဲ့ Over burden weight က ရွိတယ္။ Overwork burden weight က ျမင့္တယ္ဆိုရင္ ေခါင္မိုးႀကီးက ၿပိဳက်ႏုိင္တယ္။ အဲဒီလို ၿပိဳက်မွာစိုးတဲ့အတြက္ေၾကာင့္မို႔လို႔ ေခါင္မိုးေနရာေတြရဲ႕ ေနရာေတြက တကယ္မာတဲ့ Strong ေက်ာက္ရွိတဲ့ ေနရာေတြမွာ သြားၿပီးေတာ့ တူးေဖာ္ဖို႔သင့္ပါတယ္။ လူအမ်ားနဲ႔ပတ္သက္ၿပီးေတာ့ လုပ္ကိုင္တဲ့ေနရာေတြ ဆုိလို႔ရွိရင္ အဲဒီ Roof’s stability က အေရးအႀကီးဆံုးပဲ။”

တူးမယ့္ လိႈဏ္ေခါင္းရဲ့ အက်ယ္ကလည္းအေရးပါပါတယ္။

ေဒါက္တာကာဝင္း။ ။“လိႈဏ္ေခါင္းေတြ တူးတယ္ဆိုရင္ လိႈဏ္ေခါင္းေတြရဲ႕ width က အခုအခ်ိန္မွာ ပွ်မ္းမွ်ျခင္းကေတာ့ မီတာ ၂၀ အက်ယ္ေလာက္ပဲ တူးၾကတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အေပၚက ေခါင္မိုးက ၿပိဳက်မွာစိုးလို႔။ ဒါေပမယ့္ ကမၻာ့ Record အေနနဲ႔ကေတာ့ ေနာ္ေဝႏုိင္ငံမွာ Winter Olympic အတြက္ အားကစား႐ံုႀကီးေဆာက္တာက ၆၅ မီတာ အက်ယ္ေဆာက္တာပဲ။ ဒါကေတာ့ ကမၻာ့ Record ေပါ့။ အခု စကၤာပူမွာလည္း အဲဒီ ၆၅ မီတာထက္ ေက်ာ္ၿပီးေတာ့ ေဆာက္ႏုိင္ဖို႔ ေလ့လာစံုစမ္းမႈေတြကို လုပ္ေနပါတယ္။ ဘယ္ေတာ့ ျဖစ္မလဲေတာ့ မသိပါဘူး။”

ေျမေအာက္မွာေဆာက္မယ့္ အေဆာက္အဦးေပၚမူတည္ၿပီး ေျမတူးတဲ့အခါ ေျမေထာက္တုိင္အတြက္ ေနရာခ်န္ၿပီး တူးဖုိ႔ စဥ္းစားႏိုင္ပါတယ္။

ေဒါက္တာကာဝင္း။ ။“တကယ္လို႔ အခန္းက်ယ္ႀကီးေတြ တူးမ ယ္ဆို ႐ိုး႐ိုးအေဆာက္အဦးေတြ ဆိုလို႔ရွိရင္ ေခါင္မိုးကို ေထာက္ထားတဲ့ ေကာ္လံတုိင္ႀကီးေတြေပါ့။ ဒါ အျပင္က ေျမေပၚက အေဆာက္အဦးေတြ။ အဲလိုပံုစံမ်ဳိးကိုပဲ ေျမေအာက္မွာလည္း အဲလို ေကာ္လံတုိင္ႀကီးေတြ လုပ္လို႔ရတယ္။ အဲဒီေကာ္လံတုိင္က အထူးစပါယ္ရွယ္ ထပ္လုပ္စရာမလုိဘူး။ သဘာဝေက်ာက္ေတြကိုပဲ အဲဒီ ေကာ္လံအေနနဲ႔ ထားမယ့္ ေနရာေတြကို excavate ေပါ့၊ မတူးဘဲနဲ႔ ထားလိုက္မယ္ဆိုရင္ ေခါင္မိုးကို သူက သဘာဝအေလွ်ာက္ ေထာက္ထားၿပီးသား ျဖစ္ႏိုင္ပါတယ္။ အဲဒါမ်ဳိးေတြကို Room and pillar ေပါ့။ Rooms က အခန္းအက်ယ္ႀကီးေတြ၊ Pillars ဆိုတာက သဘာဝေက်ာက္တုိင္ႀကီးေတြေပါ့။ ေကာ္လံႀကီးေတြ။ အဲဒါမ်ဳိးေတြကို room and pillar method excavation နဲ႔ လုပ္လုိ႔ ရပါတယ္။ အခန္းက်ယ္က်ယ္ႀကီးေတြ လိုခ်င္တဲ့အခါမ်ဳိးမွာ ဒီလို excavation လုပ္ပါတယ္။”

ေသေသခ်ာခ်ာ တြက္ခ်က္ ေလ့လာၿပီးမွ လႈိဏ္ေခါင္းတူးေပမယ့္ ေမွ်ာ္လင့္မထားတဲ့ ဘူမိအေျခေနေတြနဲ႔ ႀကံဳရႏိုင္တာပါ။

ေဒါက္တာကာဝင္း။ ။“ဘူမိေဗဒအေျခအေနအရဆိုရင္ ဘယ္လုိပဲ ကိုယ္က ေသေသခ်ာခ်ာ ေလ့လာထားေပမယ့္ တခါတေလက် မေမွ်ာ္လင့္ထားတဲ့ ဘူမိေဗဒ အေျခေနေတြ (Geological Condition) နဲ႔လည္း ႀကံဳရတယ္။ အဲလိုဟာမ်ဳိးေတြ ႀကံဳတယ္ဆိုလို႔ရွိရင္ေတာ့ တခါတေလက်ရင္ ကိုယ့္ရဲ႕ လိုင္းက ေျပာင္းခ်င္လည္း ေျပာင္းသြားမယ္။ ဥပမာ စကၤာပူမွာဆိုလုိ႔ရွိရင္ ဘယ္လိုပဲ ေသခ်ာ ေလ့လာထားေပမယ့္ တခ်ဳိ႕ေနရာေတြမွာ (very deep weathering zone) - သိပ္ကို ေျခမြတိုက္စားတာ ခံထားရတဲ့ ဇံုုေတြကို ေတြ႔ေတာ့ tunnelလိုဏ္ေခါင္းေတြက ၿပိဳက်ရင္ ၿပိဳက်ႏုိင္တယ္။ အဲဒါမ်ဳိးေတြဆို tunnel ကို အဲဒီကေန ေကြ႔ပတ္ ေရွာင္ၿပီးေတာ့ ေဖာက္သြားရ တာေတြလည္း ရွိတယ္။ ေနာက္တခုက ေရေတြ အရမ္းထြက္တဲ့ေနရာေတြဆို ဘယ္လိုမွ treatment လုပ္ ျပဳျပင္ေပးလို႔ မရေတာ့ဘူး၊ အဲလို ေနရာေလးေတြက်ေတာ့လည္း ေရွာင္ၿပီးေတာ့၊ ေကြ႔ၿပီးေတာ့ tunnel ကို ေဖာက္သင့္လည္း ေဖာက္သြားရတယ္။ ဆိုလိုတာကေတာ့ ဒီဇိုင္းကေတာ့ ေျပာင္းသြားရတာေပါ့။ ထိုက္သင့္တဲ့ ေဆာက္လုပ္ေရး နည္းပညာ (construction technology) ေတြသံုးတယ္၊ လံုေလာက္တဲ့ ေဆာက္လုပ္ေရးပစၥည္း (construction material) ေတြကို သံုးမယ္၊ မတူးခင္ကတည္းက ေသေသခ်ာခ်ာေလ့လာထားမယ္၊ တူးေနတဲ့အခ်ိန္မွာလည္း ဘူမိအေျခေနေတြ - အင္ဂ်င္နီယာအေျခေနေတြ (Geological condition, engineering Condition) ေတြကို ေသေသခ်ာခ်ာေလ့လာစူးစမ္းသြားမယ္ဆိုရင္ အဲဒီ ေျမေအာက္ တူးေဖၚေရး (underground excavation) နဲ႔ tunnelling လိႈဏ္ေခါင္းတူးရာမွာ ျဖစ္ေပၚလာမယ့္ အႏၱရာယ္ေတြကို တတ္ႏုိင္သေလာက္ ေရွာင္လႊဲလို႔ရပါတယ္။

ေဒါက္တာကာဝင္းပါ။ ေနာက္တပတ္မွာေတာ့ ေျမေအာက္မွာ ေဆာက္ၿပီးလို႔ အသံုးျပဳမယ္ဆိုရင္ သတိထားသင့္တာေတြကို ေျပာျပေပးမွာပါ။

Unicode

ရန်ကုန်တိုင်းလောက်ပဲ ကျယ်ဝန်းတဲ့ စင်္ကာပူမှာ ဥမင်လှိုဏ်ခေါင်းတွေတူးပြီး အဝေးပြေးလမ်းတွေ ရထားလမ်းတွေဖေါက်၊ သိုလှောင်ကန်တွေ shopping mall တွေဆောက်ပြီး မြေအောက်ဧရိယာကို အကောင်းဆုံး အသုံးချဖို့ ကြိုးစားနေကြတာပါ။ ဒီလိုမြေအောက်တည်ဆောက်ရေး မလုပ်ခင်မှာ ဘာတွေလုပ်ရမယ်ဆိုတာနဲ့ ကြုံတွေ့နိုင်တဲ့အခက်ခဲတွေကို စင်္ကာပူက မြို့ပြနဲ့ သဘာဝဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာလည်းဖြစ် ဘူမိဗေဒ ပညာရှင်တဦးလည်းဖြစ်တဲ့ ဒေါက်တာကာဝင်းက ပြောပြပေးမှာပါ။
ဒေါက်တာကာဝင်း။ ။“မြေအောက်မှာ tunnel တွေပေါ့၊ လှိုဏ်ခေါင်းတွေ တူးမယ်၊ storage ပေါ့ ပစ္စည်းတွေ သိုလှောင်ဖို့တွေ၊ နောက် shopping စင်တာတွေ ဆောက်တဲ့ လုပ်ငန်းတွေ၊ အဲဒီလို နေရာတခုမှာဆောက်မယ်ဆိုရင် ပထမဦးဆုံး အရေးကြီးတာက အဲဒီဒေသရဲ့ ဘူမိဗေဒအကြောင်းအရာ (gological), engineering geology အင်ဂျင်နီယာဘူမိဗေဒနဲ့ rock mechanic ပေါ့၊ အဲဒီကျောက်တွေ အကြောင်းကို သေသေချာချာ လေ့လာဖို့ လိုအပ်ပါတယ်။ အဲဒီ pre study ပေါ့။ ကြိုတင်လေ့လာမှု လုပ်တယ်ဆိုရင် အဲဒီဒေသမှာ ဘူမိဗေဒ မြေပုံတွေကို ကွင်းဆင်းပြီး လေ့လာရမယ်။ ပြီးတော့ လွန်တွင်းတွေ တူးရမယ်။ အဲဒီ လွန်တွင်းတွေ ကနေ ကျောက်တွေရဲ့ နမူနာတွေကို ကောက်ယူရမယ်။ ပြီးတော့ အဲဒီ ကျောက်နမူနာတွေကမှ ကျောက်တွေရဲ့ အင်ဂျင်နီယာဂုဏ်သတ္တိတွေကို စမ်းသပ်ရမယ်။ အဲဒီလို စမ်းသပ်တဲ့အခါမှာ သာမန်စမ်းသပ်တာအပြင် တကယ့် စပယ်ရှယ် စမ်းသပ်တာတွေကိုလည်း လုပ်ဖို့ လိုပါတယ်။

ဒီလိုမြေအောက်မှာ ရှိတဲ့ ကျောက်သားတွေအကြောင်းတင်မကပါဘူး။ သူတို့တည်ရှိနေတဲ့ အနေထားကိုလည်း သိထားဖို့ လိုပါတယ်။

ဒေါက်တာကာဝင်း။ ။“မြေပေါ်ဘူမိဗေဒ အပြင် geophysics ပေါ့ ဘူမိရူပဗေဒ လုပ်ငန်းတွေကို လုပ်ဆောင်သင့်ပါတယ်။ ဒါမှ subsurface မြေအောက်ရဲ့ ဘူမိဗေဒ အနေအထားပေါ့၊ ကျောက်တွေက ဘယ်လိုနေတယ်၊ အဲဒီမှာ ဘူမိအနေထား geological structures တွေ ဘယ်လိုရှိတယ်၊ အဲဒါတွေကိုလည်း လေ့လာစုံစမ်း သင့်ပါတယ်။ နောက်တခုက အခုအချိန်မှာ တိုးတက်ပြောင်းလဲလာတော့၊ အဲဒီ ဧရိယာတခုလုံးကို မတူးခင်ကတည်းက အဲဒီကျောက်တွေထဲမှာရှိတဲ့ မူလရှိတဲ့ in situ stress ဆိုတာရှိတယ်။ အဲဒီ in situ stress formation ကျောက်လွှာတွေကိုလည်း လေ့လာစုံစမ်းသင့်ပါတယ်။ အဲဒီလိုလေ့လာစုံစမ်းခဲ့မယ် ဆိုလို့ရှိရင် ကိုယ်တူးမယ့် နေရာမှာ ရှိတဲ့ မြေအောက်မှာ ရှိတဲ့ ကိုယ့်ကို အန္တရာယ်ပေးမယ့် ဘူမိအနေထားတွေ၊ ဥပမာ ပြတ်ရွေ့တွေရှိမလား၊ မြေအောက်မှာ တကယ့် - water bearing zone ပေါ့၊ ဟို ဆောက်လုပ်တဲ့ နေရာမှာ အခက်အခဲတွေ ပေးမယ့်၊ ရေတွေ အရမ်းထွက်မယ့် ဇုံတွေ ရှိမလား၊ အဲဒါတွေကိုလည်း ကိုယ်က ကြိုပြီး သိနိုင်မယ်။ တူးဖေါ်တဲ့ နေရာမှာ အန္တရာယ်တွေ လျော့နိုင်ပါတယ်။”

အရေးပါတဲ့ ဘူမိအနေထားအခြေနေ တခုဖြစ်တဲ့ in situ stress လို့ခေါ်တဲ့ ကျောက်တွေထဲမှာ မူလရှိနေတဲ့ဒဏ်အား ဘယ်လောက် အထိကြီးမား တယ်ဆိုတာကို သိထားရမှာ ဖြစ်ပါတယ်။

ဒေါက်တာကာဝင်း။ ။“တချို့ဒေသတွေမှာ သဘာဝအလျှောက် ကျောက်တွေပေါ်မှာ in situ stress က အင်မတန်မြင့်မားတဲ့ high in situ stress ရှိတဲ့နေရာတွေ ရှိတတ်ပါတယ်။ အဲဒီလို နေရာမျိုးတွေ ဆိုလို့ရှိရင် တူးဖေါ်တဲ့ နေရာမှာ လူတွေကို အန္တရာယ်ပေးတဲ့ - ကျောက်တွေက အလိုလို နေရင်းနဲ့ ကွဲအက်ပြီးတော့ လွင့်စင် ပြီးတော့ အဲဒီ တူးတဲ့လူတွေကို လာပြီးတော့ ထိမှန်တတ်တယ်။ အဲလိုဟာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ အဲဒီလို ခက်ခဲတဲ့ ဘူမိဗေဒ အနေအထားတွေ၊ အခြေအနေ တွေကို ရှောင်လွှဲဖို့အတွက် အဲဒီဒေသ တခုလုံးကို မတူးဖေါ်ခင်မှာ သေသေချာချာလေ့လာ detail study လုပ်သင့်ပါတယ်။ အဲဒီလို လုပ်မယ် ဆိုလို့ရှိရင် တွေ့ကြုံရမယ့် အန္တရာယ်တွေကို ကိုယ်က ကြိုပြီး ရှောင်လွှဲပြီးတော့ သွားလို့ ရပါတယ်။”

ဒါ့အပြင် လှိုဏ်ခေါင်းတူးရာမှာ ခေါင်မိုးကျောက်သားရဲ့ တည်ငြိမ်မှုအနေထားက သိပ်ကို အရေးပါပါတယ်။

ဒေါက်တာကာဝင်း။ ။“အဲဒီ မြေအောက်လှိုဏ်ခေါင်းတွေ တူးတဲ့အခါမှာ အဓိက အရေးကြီးတာက ခေါင်မိုးနံရံရဲ့ stability ပေါ့။ ဆိုလိုတာက Roof’s stability က တော်တော် အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက မြေအောက်မှာတူးတယ်ဆိုတော့ သူ့အပေါ်မှာ သဘာဝအလျှောက် ရှိတဲ့ Over burden weight က ရှိတယ်။ Overwork burden weight က မြင့်တယ်ဆိုရင် ခေါင်မိုးကြီးက ပြိုကျနိုင်တယ်။ အဲဒီလို ပြိုကျမှာစိုးတဲ့အတွက်ကြောင့်မို့လို့ ခေါင်မိုးနေရာတွေရဲ့ နေရာတွေက တကယ်မာတဲ့ Strong ကျောက်ရှိတဲ့ နေရာတွေမှာ သွားပြီးတော့ တူးဖော်ဖို့သင့်ပါတယ်။ လူအများနဲ့ပတ်သက်ပြီးတော့ လုပ်ကိုင်တဲ့နေရာတွေ ဆိုလို့ရှိရင် အဲဒီ Roof’s stability က အရေးအကြီးဆုံးပဲ။”

တူးမယ့် လှိုဏ်ခေါင်းရဲ့ အကျယ်ကလည်းအရေးပါပါတယ်။

ဒေါက်တာကာဝင်း။ ။“လှိုဏ်ခေါင်းတွေ တူးတယ်ဆိုရင် လှိုဏ်ခေါင်းတွေရဲ့ width က အခုအချိန်မှာ ပျှမ်းမျှခြင်းကတော့ မီတာ ၂၀ အကျယ်လောက်ပဲ တူးကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပေါ်က ခေါင်မိုးက ပြိုကျမှာစိုးလို့။ ဒါပေမယ့် ကမ္ဘာ့ Record အနေနဲ့ကတော့ နော်ဝေနိုင်ငံမှာ Winter Olympic အတွက် အားကစားရုံကြီးဆောက်တာက ၆၅ မီတာ အကျယ်ဆောက်တာပဲ။ ဒါကတော့ ကမ္ဘာ့ Record ပေါ့။ အခု စင်္ကာပူမှာလည်း အဲဒီ ၆၅ မီတာထက် ကျော်ပြီးတော့ ဆောက်နိုင်ဖို့ လေ့လာစုံစမ်းမှုတွေကို လုပ်နေပါတယ်။ ဘယ်တော့ ဖြစ်မလဲတော့ မသိပါဘူး။”

မြေအောက်မှာဆောက်မယ့် အဆောက်အဦးပေါ်မူတည်ပြီး မြေတူးတဲ့အခါ မြေထောက်တိုင်အတွက် နေရာချန်ပြီး တူးဖို့ စဉ်းစားနိုင်ပါတယ်။

ဒေါက်တာကာဝင်း။ ။“တကယ်လို့ အခန်းကျယ်ကြီးတွေ တူးမ ယ်ဆို ရိုးရိုးအဆောက်အဦးတွေ ဆိုလို့ရှိရင် ခေါင်မိုးကို ထောက်ထားတဲ့ ကော်လံတိုင်ကြီးတွေပေါ့။ ဒါ အပြင်က မြေပေါ်က အဆောက်အဦးတွေ။ အဲလိုပုံစံမျိုးကိုပဲ မြေအောက်မှာလည်း အဲလို ကော်လံတိုင်ကြီးတွေ လုပ်လို့ရတယ်။ အဲဒီကော်လံတိုင်က အထူးစပါယ်ရှယ် ထပ်လုပ်စရာမလိုဘူး။ သဘာဝကျောက်တွေကိုပဲ အဲဒီ ကော်လံအနေနဲ့ ထားမယ့် နေရာတွေကို excavate ပေါ့၊ မတူးဘဲနဲ့ ထားလိုက်မယ်ဆိုရင် ခေါင်မိုးကို သူက သဘာဝအလျှောက် ထောက်ထားပြီးသား ဖြစ်နိုင်ပါတယ်။ အဲဒါမျိုးတွေကို Room and pillar ပေါ့။ Rooms က အခန်းအကျယ်ကြီးတွေ၊ Pillars ဆိုတာက သဘာဝကျောက်တိုင်ကြီးတွေပေါ့။ ကော်လံကြီးတွေ။ အဲဒါမျိုးတွေကို room and pillar method excavation နဲ့ လုပ်လို့ ရပါတယ်။ အခန်းကျယ်ကျယ်ကြီးတွေ လိုချင်တဲ့အခါမျိုးမှာ ဒီလို excavation လုပ်ပါတယ်။”

သေသေချာချာ တွက်ချက် လေ့လာပြီးမှ လှိုဏ်ခေါင်းတူးပေမယ့် မျှော်လင့်မထားတဲ့ ဘူမိအခြေနေတွေနဲ့ ကြုံရနိုင်တာပါ။

ဒေါက်တာကာဝင်း။ ။“ဘူမိဗေဒအခြေအနေအရဆိုရင် ဘယ်လိုပဲ ကိုယ်က သေသေချာချာ လေ့လာထားပေမယ့် တခါတလေကျ မမျှော်လင့်ထားတဲ့ ဘူမိဗေဒ အခြေနေတွေ (Geological Condition) နဲ့လည်း ကြုံရတယ်။ အဲလိုဟာမျိုးတွေ ကြုံတယ်ဆိုလို့ရှိရင်တော့ တခါတလေကျရင် ကိုယ့်ရဲ့ လိုင်းက ပြောင်းချင်လည်း ပြောင်းသွားမယ်။ ဥပမာ စင်္ကာပူမှာဆိုလို့ရှိရင် ဘယ်လိုပဲ သေချာ လေ့လာထားပေမယ့် တချို့နေရာတွေမှာ (very deep weathering zone) - သိပ်ကို ခြေမွတိုက်စားတာ ခံထားရတဲ့ ဇုံတွေကို တွေ့တော့ tunnelလိုဏ်ခေါင်းတွေက ပြိုကျရင် ပြိုကျနိုင်တယ်။ အဲဒါမျိုးတွေဆို tunnel ကို အဲဒီကနေ ကွေ့ပတ် ရှောင်ပြီးတော့ ဖောက်သွားရ တာတွေလည်း ရှိတယ်။ နောက်တခုက ရေတွေ အရမ်းထွက်တဲ့နေရာတွေဆို ဘယ်လိုမှ treatment လုပ် ပြုပြင်ပေးလို့ မရတော့ဘူး၊ အဲလို နေရာလေးတွေကျတော့လည်း ရှောင်ပြီးတော့၊ ကွေ့ပြီးတော့ tunnel ကို ဖောက်သင့်လည်း ဖောက်သွားရတယ်။ ဆိုလိုတာကတော့ ဒီဇိုင်းကတော့ ပြောင်းသွားရတာပေါ့။ ထိုက်သင့်တဲ့ ဆောက်လုပ်ရေး နည်းပညာ (construction technology) တွေသုံးတယ်၊ လုံလောက်တဲ့ ဆောက်လုပ်ရေးပစ္စည်း (construction material) တွေကို သုံးမယ်၊ မတူးခင်ကတည်းက သေသေချာချာလေ့လာထားမယ်၊ တူးနေတဲ့အချိန်မှာလည်း ဘူမိအခြေနေတွေ - အင်ဂျင်နီယာအခြေနေတွေ (Geological condition, engineering Condition) တွေကို သေသေချာချာလေ့လာစူးစမ်းသွားမယ်ဆိုရင် အဲဒီ မြေအောက် တူးဖေါ်ရေး (underground excavation) နဲ့ tunnelling လှိုဏ်ခေါင်းတူးရာမှာ ဖြစ်ပေါ်လာမယ့် အန္တရာယ်တွေကို တတ်နိုင်သလောက် ရှောင်လွှဲလို့ရပါတယ်။

ဒေါက်တာကာဝင်းပါ။ နောက်တပတ်မှာတော့ မြေအောက်မှာ ဆောက်ပြီးလို့ အသုံးပြုမယ်ဆိုရင် သတိထားသင့်တာတွေကို ပြောပြပေးမှာပါ။

XS
SM
MD
LG