သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီနိုင်ငံတော် လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်


တူရကီနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က အာဏာသိမ်းဖို့ ကြိုးစားတဲ့ဖြစ်ရပ် ဖြစ်ခဲ့ပြီးတဲ့နောက် ဒီကနေ့မနက်ပိုင်းမှာတော့ သမ္မတ Recep Tayyip Erdogan ဟာ နိုင်ငံတော်လုံခြုံရေးကောင်စီနဲ့ အစည်းအဝေးလုပ်ပါတယ်။

လုံခြုံရေးကောင်စီ အစည်းအဝေးပြီးတဲ့နောက် သမ္မတဟာ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့လည်း တွေ့ဆုံမှာပါ။ အဲဒီနောက်မှာတော့ အရေးကြီးတဲ့ ကြေညာချက်တရပ် ထွက်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။

ပြည်ပကို ပညာရပ်ဆိုင်ရာ ခရီးသွားတာ ပိတ်ပင် တားမြစ်တဲ့ ကြေညာချက်တရပ်ကို တူရကီနိုင်ငံရဲ့ အဆင့်မြင့်ပညာကောင်စီက ဒီကနေ့မနက်အစောပိုင်းမှာ ထုတ်ပြန်သလို ပြည်ပမှာ လက်ရှိရောက်နေသူတွေ နိုင်ငံကို အမြန်ဆုံးပြန်လာဖို့လည်း တိုက်တွန်း ထားပါတယ်။

ပညာရေးဝန်ကြီးဌာနက နိုင်ငံတဝန်း ဆရာ ဆရာမ ၁၅၂၀၀ ကို ထုတ်ပစ်လိုက်ပြီး ပြည်ထဲရေးဝန်ကြီးက ဝန်ထမ်း ၉၀၀၀ နီးပါးကို ထုတ်ပစ်လိုက်တယ်လို့ တူရကီ သတင်းမီဒီယာတွေက ဖော်ပြပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ဝန်ထမ်း ၂၅၀၀ ကို ထုတ် ပစ်သလို ဘာသာရေးဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာန၊ မိသားစုရေးရာနဲ့ လူမှု မူဝါဒရေးရာဌာန၊ ဝန်ကြီးချုပ်ရုံးတို့က ဝန်ထမ်း ရာပေါင်း များစွာကိုလည်း ထုတ်ပစ်လိုက်ပါတယ်။ တက္ကသိုလ် မဟာဌာနမှူး ၁၅၇၇ ယောက်ကိုလည်း ရာထူးကနှုတ်ထွက်ဖို့ အဆင့်မြင့် ပညာရေးဘုတ်အဖွဲ့က တောင်းဆိုထားပါတယ်။

သမ္မတအာဒိုဝန်အစိုးရကို ဖြုတ်ချဖို့ကြိုးစားတဲ့ အာဏာသိမ်းမှုမှာ ပါဝင်တယ်ဆိုတဲ့သံသယနဲ့ လူပေါင်း ၉၀၀၀ လောက်ကို ဖမ်းဆီး ထိန်းသိမ်းထားတဲ့အပြင် အခုလို ရာထူးက ထုတ်ပစ်တာတွေ တူရကီအစိုးရက လုပ်နေတာပါ။

တူရကီနိုင်ငံတော် လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG