သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကျေးဇူးတော် နေ့ သမ္မတ အိုဘားမား ကြက်ဆင် ဘေးမဲ့ပေး


အမေရိကန်ပြည်ထောင်စု သမ္မတတွေကြား ဆယ်စုနှစ်နဲ့ချီ ရှိလာခဲ့တဲ့ အစဉ်အလာအတိုင်း ကျေးဇူးတော်နေ့အတွက် ကြက်ဆင် ၂ ကောင်ကို သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က လွှတ်ပေးလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ ကြာသပတေးနေ့ကျရောက်တဲ့
ကျေးဇူးတော်နေ့ ရုံးပိတ်ရက်မှာ မိသားစုတွေဝိုင်းဖွဲ့ပြီး ကြက်ဆင်သားကို စားကြတာဟာ ထုံးစံတခုဖြစ်ပါတယ်။

ဒါပေမဲ့ Popcorn and Caramel လို့ နာမည်ပေးထားတဲ့ ကြက်ဆင် ၂ ကောင်ကိုတော့ ဘေးမဲ့ပေးလိုက်တယ်လို့ အိမ်ဖြူတော်မှာ သမ္မတ အိုဘားမားက ပြောကြားခဲ့ပါတယ်။ ကျေးဇူးတော်နေ့ ရုံးပိတ်ရက်ဟာ တနယ်တကျေးကို ရောက်နေကြတဲ့ အမေရိကန်တွေ မိသားစုတွေရှိရာကို ပြန်လာကြပြီး ဝိုင်းဖွဲ့ဆုံဆည်းကြတဲ့ အချိန်ဖြစ်ပါတယ်။

ဒီသီတင်းပတ်ထဲမှာ အနည်းဆုံး မိုင် ၅၀ လောက် အကွာအဝေးကို သွားကြမယ့်သူပေါင်း ၄၃ သန်းကျော်ရှိတယ်လို့ အမေရိကန် မော်တော်ယာဉ်အသင်းက ခန့်မှန်းထားပါတယ်။ အမေရိကန်နေရာ တော်တော်များများမှာ နှင်းတွေ၊ မိုးတွေ၊ နှင်းမိုးတွေ ရွာသွန်းနေလို့ ကုန်းကြောင်း၊ လေကြောင်းကနေ ခရီးသွားကြမယ့်သူ သန်းချီအတွက် အခက်ကြုံနေရပါတယ်။

အမေရိကန် အရှေ့ဘက်တခြမ်းလုံး ဆိုးရွားတဲ့ ရာသီဥတုဒဏ်ကြောင့် လေကြောင်းခရီးစဉ် ထောင်နဲ့ချီ နှောင့်နှေးနေတာ ဒါမှမဟုတ် ဖျက်သိမ်းတာတွေ ဖြစ်နေပါတယ်။
XS
SM
MD
LG