သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ဒဲလားဈာပနအခမ်းအနား ဒက်စ်မွန်တူးတူးတက်မည်


ဒက်စမွန်တူးတူး
ဒက်စမွန်တူးတူး
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရရှင် တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလားရဲ့ ဈာပနအခမ်းအနားကို အနားယူသွားပြီဖြစ်တဲ့ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး တက်ရောက်မှာဖြစ်တယ်လို့ သူ့ရဲ့ရုံးကပြောလိုက်ပါတယ်။

အစောပိုင်းတုန်းကတော့ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးဟာ ဖိတ်ကြားခြင်း မခံရတဲ့အတွက် တက်ရောက်မှာမဟုတ်ဘူးလို့ ပြောထားတာပါ။

ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူးဟာ ဈာပနအခမ်းအနားကိုတက်ဖို့အတွက် Qunu မြို့ကို တနင်္ဂနွေနေ့ အစောပိုင်းမှာ သွားမှာဖြစ်တယ်လို့ အန်ဂလီကန် ခရစ်ယာန် ဘုန်းတော်ကြီးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ကြေညာချက်မှာ ပြောထားပါတယ်။ အစီအစဉ်ဘယ်လိုကြောင့် ပြောင်းသွားတယ်ဆိုတာနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါဘူး။

ဖိတ်ကြားခံရမယ်ဆိုရင်တော့ သူချစ်ခင် တန်ဖိုးထားသူတစ်ယောက်ရဲ့ ဈာပနကို တက်ပြီး နောက်ဆုံး နှုတ်ဆက်ချင်ပါတယ်လို့ ဘုန်းတော်ကြီး Desmond Tutu ကစနေနေ့ အစောပိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်၊ အဖိတ်မခံရဘဲ ဈာပနကို အတင်းသွားဖို့ကတော့ ရိုင်းရာကျပါလိမ့်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။ တကယ်လို့သာ ဖိတ်ကြားခဲ့မယ်ဆိုရင် ဈာပန အခမ်းအနားကို လုံးဝ မပျက်မကွက် သွားရောက်မှာဖြစ်တယ်လို့ပြောပါတယ်။ တောင်အာဖရိကအစိုးရကတော့ ဘုန်းတော်ကြီးတူးတူးကို ချန်ထားတာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်အာဖရိကသမ္မတရုံးဝန်ကြီး Collins Chabane က စနေနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့တာမှာတော့ အစိုးရဘက်ကတော့ ဘယ်သူ့ကိုမှ ဖိတ်စာပို့တာ မဟုတ်ပါဘူးလို့ ချေပခဲ့ပါတယ်။
XS
SM
MD
LG