သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား အာချေးကျွန်းကို ရိုဟင်ဂျာ ၂၀၀ ထပ်ရောက်


အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် Sabang (ဆာဘန်) ကျွန်းကို ရေကြောင်းကနေ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ ၂၂၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် Sabang (ဆာဘန်) ကျွန်းကို ရေကြောင်းကနေ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ ၂၂၊ ၂၀၂၃)

အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသကို နောက်ထပ် ရိုဟင်ဂျာ ၂၀၀ လောက် မနေ့ညပိုင်းက ရေကြောင်းကနေ ရောက်လာကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂရုံးက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ မနေ့ညပိုင်းက နောက်ဆုံးရောက်လာတဲ့ အသုတ်နဲ့ပါဆိုရင် သီတင်းတပတ်အတွင်း အင်ဒိုနီးရှားကို ရောက်လာတဲ့ ရိုဟင်ဂျာ ထောင်ကျော်ရှိသွားပါပြီ။

ရိုဟင်ဂျာ ၂၀၀ ရေကြောင်းက ရောက်လာကြောင်း ဒေသခံမြို့တော်ဝန်က အကြောင်းကြားခဲ့တယ်လို့လည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ဒေသခံအရာရှိ Faisal Rahman (ဖိုင်စဲ ရာမန်) ကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။ ပြီးခဲ့တဲ့သီတင်းပတ်ထဲ ရိုဟင်ဂျာတွေ လိုက်ပါလာတဲ့ စက်လှေတချို့ကိုတော့ အကူအညီပေးဖို့ အလုံအလောက် မရှိဘူးဆိုပြီး ဒေသခံတွေက မောင်းထုတ်ခဲ့ကြတာပါ။ UNHCR ဒေသခံအရာရှိကတော့ ဒုက္ခသည်တွေ ရောက်လာတဲ့ Sabang (ဆာဘန်) အရပ်ကို အမြန်ဆုံးသွားရောက် ကူညီဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ မကြာခဏဆိုသလို ရေကြောင်းကနေ အင်ဒိုနီးရှား၊ မလေးရှားတို့လို ဒေသတွင်း နိုင်ငံတွေဆီ သွားရောက်ဖို့ ကြိုးစားလေ့ ရှိကြပါတယ်။ အန္တရာယ်များတဲ့ ရေကြောင်းခရီးကနေ ဖြတ်သန်းပြီး ဒေသတွင်းနိုင်ငံတွေကို ရောက်လာခဲ့ကြတဲ့ ရိုဟင်ဂျာ အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်မှာ ၂၀၀၀ ကျော် ရှိတယ်လို့လည်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG